ဉာဏ်အလွန်ကောင်းသူတွေမှာပဲ ရှိတတ်တဲ့ အပြုအမူ (၈) ချက်

အချို့သော အပြုအမူတွေက ဆိုးတယ်လို့ ထင်ရပေမယ့် အဲဒီအပြုအမူတွေကနေ သင်က ဘယ်လိုလူမျိုးလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ဉာဏ်ကောင်းသူတွေမှာ ဘယ်လိုအပြုအမူမျိုးတွေ ရှိနေတတ်လဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

အခုဖော်ပြမယ့်အချက်ထဲကနေ အချက်တော်တော်များများက သင့်မှာရှိနေတယ်ဆိုရင်တော့ ဉာဏ်ကောင်းသူတစ်ယောက်ပါပဲ။

၁။ လေးလေးစားစား စောဒကတက်ခြင်း

တစ်စုံတစ်ခုက လွဲချော်နေတယ်ဆိုတာကို သတိထားမိရင်တောင် ဉာဏ်ရည်ဉာဏ်သွေးကောင်းသူတို့ဟာ တစ်ဖက်သားကို လေးလေးစားစားပဲ ပြောလေ့ရှိပါတယ်။

အလုပ်မှာပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ကြပါတယ်။ အပြန်အလှန်လေးစားမှုကို တန်ဖိုးထားတတ်ပြီး အခြားသူတွေရဲ့အမှားတွေကိုတောင် အေးအေးဆေးဆေးပဲ ထောက်ပြနိုင်ကြပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် စကားပြောခြင်း

ကိုယ့်ကိုယ်ကိုယ်စကားတွေပြောနေခြင်းက ဉာဏ်ကောင်းသူတို့ရဲ့လက္ခဏာတစ်ရပ်ပါ။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေမေးလိုက်၊ ကိုယ့်ကိုယ်ကိုယ်စဉ်းစားပြီး ပြန်ဖြေလိုက်နဲ့ ဦးနှောက်ကို အလုပ်ပေးကြပါတယ်။

ကိုယ့်ကိုယ်ကိုယ်စကားပြောခြင်းက မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်အောင် ကူညီပေးပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း

လောဘကို ကန့်သတ်နိုင်ခြင်းနဲ့ စိတ်ရှည်ရှည်စောင့်ဆိုင်းတတ်ရင် သင်က ဉာဏ်ကောင်းသူတစ်ယောက်ပါ။ အထူးသဖြင့် ကိုယ်အလေးချိန်ချတဲ့အခါမှာ စိတ်ကို ထိန်းချုပ်ဖို့ အရမ်းခက်ခဲပါတယ်။

စိတ်ကိုထိန်းချုပ်နိုင်ကန့်သတ်နိုင်သွားတဲ့အခါ ဆိုးကျိုးပေါင်းများစွာကို ကြိုတင်ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၄။ တစ်ယောက်တည်းနေတတ်ခြင်း

ဉာဏ်ရည်မြင့်မားတဲ့သူတွေက တစ်ယောက်တည်းအေးအေးဆေးဆေးနေပြီး တွေးခေါ်နေရတာကို ပိုသဘောကျပါတယ်။ ကိုယ်ပိုင်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူပြီး တစ်ယောက်တည်းနေရတာကို အထီးကျန်တယ်လို့လည်း မမှတ်ယူကြပါဘူး။ တစ်ယောက်တည်းအထီးကျန်နေရမှာကိုလည်း ဘယ်တော့မှ မကြောက်ရွံ့ကြပါဘူး။

၅။ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ်လို့ မထင်ခြင်း

ဉာဏ်ကောင်းတဲ့သူတွေက သူတို့ကိုယ်သူတို့ ဉာဏ်ကောင်းတယ်၊ ထက်မြက်တယ်လို့ မတွေးထင်ကြပါဘူး။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်ပြီး အရည်အသွေးတွေ အမြဲတမ်းတိုးတက်နေအောင်သာ ကြိုးစားလေ့ရှိကြပါတယ်။ တစ်စုံတစ်ရာကို သိချင်တဲ့အခါမှာတော့ စိတ်ဓာတ်ပြင်းပြစွာ လေ့လာတတ်ကြပါတယ်။

၆။ လက်သည်းကိုက်ခြင်း

လေ့လာချက်အသစ်တစ်ခုအရ လက်သည်ကိုက်တာက ဉာဏ်ကောင်းတဲ့သူတွေရဲ့လက္ခဏာတစ်ရပ်ပါ။ တစ်ခုခုကို စဉ်းစားတွေးခေါ်ရင်းနဲ့ လက်သည်းက အလိုလိုကိုက်မိသွားတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုများရင်လည်း လက်သည်းကိုက်မိတတ်ကြပါတယ်။

၇။ ပီကေဝါးခြင်း

ပီကေဝါးလေ့ရှိတဲ့သူတွေက ဉာဏ်ရည်ဉာဏ်သွေးစမ်းသပ်မှုတွေမှာ ပိုမိုထူးချွန်ကြောင်း တွေ့ရပါတယ်။ အချို့တွေက ပီကေဝါးနေရင်းနဲ့ အလုပ်လုပ်မှ အလုပ်ကို အာရုံပိုစိုက်နိုင်ကြပါတယ်။ ဒါပေမယ့် အချို့သော သိပ္ပံပညာရှင်တွေက ဒီအချက်ကို လက်မခံကြပါဘူး။

၈။ မိတ်ဆွေသူငယ်ချင်း အနည်းငယ်သာရှိခြင်း

ဉာဏ်ရည်မြင့်မားတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ်အားကိုးလေ့ရှိပြီး အခြားသူကို မှီခိုလိုစိတ်နည်းပါးပါတယ်။ ပြဿနာတွေကို သူတို့ကိုယ်ပိုင်ဉာဏ်နဲ့ပဲ ပြေလည်အောင် ဖြေရှင်းလေ့ရှိကြပါတယ်။

သူတို့မှာ မိတ်ဆွေသူငယ်ချင်းက နည်းပါးပြီး လူအများနဲ့ ရှုပ်ရှုပ်ထွေးထွေးနေရတာကိုလည်း သဘောမကျကြပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments