Sandra Bullock ကို ယခင်က အမေရိကန်ရဲ့အသည်းနှလုံးလို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ Sandra Bullock က အသက် ၅၈ နှစ်ရောက်တဲ့အထိတိုင်အောင် နုပျိုလှပနေဆဲပါပဲ။
Sandra Bullock အမြဲတမ်းနုပျိုတက်ကြွနေတဲ့ လျှို့ဝှက်ချက်တွေကတော့ ရိုးရှင်းပြီး အမျိုးသမီးတိုင်းလိုလို လိုက်လုပ်လို့ရပါတယ်။
Sandra Bullock က ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်ပါတယ်။
လှပတဲ့ခန္ဓာကိုယ်ရဖို့အတွက်ဆိုရင် အစားအသောက်၊ အချိန်၊ လေ့ကျင့်ခန်း၊ ပြင်းပြတဲ့စိတ်ဓာတ်တို့က မဖြစ်မနေလိုအပ်ပါတယ်။ Sandra Bullock က တစ်ရက်ကို အနည်းဆုံးတစ်နာရီခန့် လေ့ကျင့်ခန်းပြုလုပ်ပါတယ်။
တစ်ပတ်ကို ၆ ရက်လေ့ကျင့်ခန်း လုပ်ပါတယ်။ Sandra Bullock က ရုပ်ရှင်ရိုက်စရာရှိတယ်ဆိုရင်လည်း ရုပ်ရှင်မရိုက်ခင်မှာ လေ့ကျင့်ခန်းကို ပြုလုပ်ဖြစ်အောင်ပြုလုပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်တော့မှ မပျက်ကွက်တာက နုပျိုနေရတဲ့လျှို့ဝှက်ချက်ပါပဲ။ Sandra Bullock က စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ အကလေ့ကျင့်ခန်းတွေလည်း တွဲလုပ်လေ့ရှိပါတယ်။
Planking
Plank ထောက်တာက ခန္ဓာကိုယ်ကို လှပသွားစေဖို့ အရမ်းထိရောက်တဲ့လေ့ကျင့်ခန်းပါ။ ဒါပေမယ့် Plank ထောက်တာက အရမ်းကို ပင်ပန်းပါတယ်။
Sandra Bullock ကတော့ Plank ထောက်ဖို့အတွက် ဘယ်တော့မှ မမေ့ပါဘူး။ အဲဒါကြောင့် သူမရဲ့ခန္ဓာကိုယ်က အဆီပိုတွေမရှိဘဲ ကျစ်ကျစ်လျစ်လျစ်နဲ့လှပနေတာပါ။
Sandra Bullock က အစားအသောက်ကိုလည်း အရမ်းဂရုစိုက်ပါတယ်။
Sandra Bullock က ခန္ဓာကိုယ်လှပဖို့အတွက် လေ့ကျင့်ခန်းလုပ်ရုံတင်မကဘဲ အစားအသောက်ကိုလည်း ထိန်းပြီးတော့စားပါတယ်။ အရမ်းစားချင်နေရင်တော့ အလွန်အကျွံမစားမိအောင် စားလေ့ရှိပါတယ်။
Sandra Bullock က လတ်ဆတ်တဲ့အသီးအနှံတွေကို ဦးစားပေးပြီး စားပြီးတော့ သကြားကိုတော့ တတ်နိုင်သမျှ လျှော့ချပြီး စားကြောင်း အင်တာဗျူးတွေမှာ ဖြေလေ့ရှိပါတယ်။
Sandra Bullock က တစ်ပတ်ကို တစ်ရက်တော့ စားချင်တဲ့အစားအစာတွေကို စိတ်ကြိုက်စားပါတယ်။
အာဟာရမျှတတဲ့အစားအစာတွေကို အမြဲတမ်းစားရတာက ငြီးငွေ့စရာတော့ ကောင်းပါတယ်။ Sandra Bullock က တစ်ပတ်ကို တစ်ရက် cheat day သတ်မှတ်ပြီး စားချင်တဲ့အရာတွေကို စားပါတယ်။
သောကြာနေ့ညနေတွေမှာဆိုရင် သူမအရမ်းကြိုက်တဲ့ ဟင်းလျာတွေကို စားပါတယ်။ Sandra Bullock ကြိုက်တဲ့အစားအစာတွေထဲမှာ Viennese pastry လည်းပါဝင်ပါတယ်။
ယောဂနဲ့ pilate
Sandra Bullock က လေ့ကျင့်ခန်းတွေအပြင် ယောဂနဲ့ pilate ကိုလည်း ပြုလုပ်ပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အကြောတင်းနေတာတွေကို ဖြေလျှော့ပေးပြီး ကြွက်သားတွေကို အနားပေးသလိုပါပဲ။
ပုံမှန်လေ့ကျင့်ခန်းအပြင် ယောဂနဲ့ pilate ပြုလုပ်တာဟာ Sandra Bullock အသက် ၅၈ နှစ်တိုင်အောင် နုပျိုနေရတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။
(lovemedia)
0 Comments