လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း လူသားတွေက ကမ္ဘာပေါ်မှာ ပလက်စတစ်အမှိုက်တန်ချိန်ပေါင်း ၆.၃ ဘီလီအထိ စွန့်ထုတ်ခဲ့ပါတယ်။ အဲဒီတန်ချိန်ထဲကမှ ၉ ရာခိုင်နှုန်းကိုပဲ ပြန်လည်အသုံးပြုခဲ့ပါတယ်။
ပလက်စတစ်တွေက လူသားတွေနေထိုင်တဲ့ကမ္ဘာကြီးကို အကျည်းတန်ရုပ်ဆိုးစေတဲ့အရာပါ။ အင်္ဂလိန်နိုင်ငံက Richart Sowa ဆိုတဲ့အမျိုးသားတစ်ယောက်ကတော့ ပလက်စတစ်တွေကိုအသုံးပြုပြီး ကျွန်းမျောလေးတစ်ခု ဖန်တီးခဲ့ပါတယ်။
ပလက်စတစ်ဘူးတွေက နှစ်ပေါင်း ၄၅၀ တိုင်အောင် မဆွေးမြည့်ပါဘူး။ ပလက်စတစ်တွေက သဘာဝပတ်ဝန်းကျင်ကို အများကြီး အစိတ်အတောက်ဖြစ်စေပါတယ်။ Richart Sowa ကတော့ နှစ်ပေါင်းများစွာ မဆွေးမြေ့လွယ်တဲ့ ပလက်စတစ်ဘူးတွေနဲ့ ကျွန်းမျောတစ်ခု တည်ဆောင်ဖို့ အကြံရခဲ့ပါတယ်။
ပလက်စတစ်ဘူးတွေက ပြန်လည်အသုံးမချနိုင်တဲ့အခါ အမှိုက်သက်သက်ပဲ ဖြစ်နေမှာပါ။ အဲဒါကြောင့် Richart Sowa က ပလက်စတစ်ဘူးတွေနဲ့ ကျွန်းမျောတည်ဆောက်ဖို့ အကြံရခဲ့ပါတယ်။
Richart Sowa ဟာ ကျွန်းမျောတည်ဆောက်ဖို့ ပလက်စတစ်ဘူးပေါင်း တစ်သိန်းကို အသုံးပြုခဲ့ပါတယ်။
Joyxee ကျွန်းလို့ အမည်ပေးထားတဲ့ Richart က မက္ကစီကိုကျွန်း Isla Mujeres ရဲ့ဘေးမှာ တည်ရှိပါတယ်။ ကျွန်းမျောကို တည်ဆောက်ဖို့ သစ်သားကြမ်းပြား၊ အထပ်သားတွေကို အသုံးပြုခဲ့ပါတယ်။ အဓိကအသုံးပြုတဲ့အရာကတော့ ပလက်စတစ်ဘူးတွေပါပဲ။
Richart ရဲ့ကျွန်းမှာ စွန့်ပစ်အမှိုက်တွေ မရှိပါဘူး။ အမှိုက်တွေအားလုံးကို ပြန်လည်အသုံးချတာကြောင့်ပါ။ ပလက်စတစ်ဘူး၊ ဖန်ဘူး၊ သံဘူးနဲ့ အခြားသောဘူးတွေကို အိတ်ထဲမှာ ထည့်ပြီး ကျွန်းတည်ဆောက်တဲ့နေရာမှာ အသုံးပြုပါတယ်။ ကျွန်းရဲ့မျက်နှာပြင်ကို အပင်စိုက်လို့ရအောင် မြေကြီးနဲ့ ဖုံးလွှမ်းထားပါတယ်။
Richart ရဲ့ ကျွန်းမျောလေးမှာရှိတဲ့အားသာချက်ကတော့ သင်္ဘော၊ လှေတို့ရဲ့အကူအညီနဲ့ဆိုရင် တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းနိုင်တာပါ။ ကျွန်းမှာ အသီးအနှံ၊ အသီးအရွက်တွေကိုလည်း စိုက်ပျိုးလို့ရပါသေးတယ်။ ကျွန်းက တကယ့်ကို နေချင့်စဖွယ်ပါပဲ။
ကျွန်းက မုန်တိုင်းဒဏ်ကိုတော့ ခဏခဏ ခံခဲ့ရပါတယ်။ ဒါပေမယ့် Richart က လက်မလျှော့ခဲ့ပါဘူး။
Richart ရဲ့ Joyxee ကျွန်းဟာ သူတည်ဆောက်ခဲ့တဲ့ ဒုတိယကျွန်းဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးကျွန်းနာမည်ကတော့ Spiral ကျွန်းဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။ အဲဒီကျွန်းလေးက ၂၀၀၅ ခုနှစ်မှာ ဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပါတယ်။
Richart က နောက်ထပ်ကျွန်းတည်ဆောက်ဖို့ ပလက်စတစ်ဘူးတွေကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်။ ၂၀၀၈ နှစ်မှာ Joyxee ကျွန်းကို တည်ဆောင်လို့ပြီးသွားပါတယ်။ ကံဆိုးစွာနဲ့ပဲ ၂၀၁၉ ခုနှစ်မှာ ကျွန်းဟာ မုန်တိုင်းဒဏ်ကြောင့် ဘေးအစွန်းတွေ ပါသွားခဲ့ပါတယ်။
ဒါပေမယ့် Richart က လက်မလျှော့ဘဲနဲ့ ကျွန်းကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။ နောက်ထပ် ရေပေါ်ကျွန်းမျောလေးတွေ တည်ဆောက်ဖို့အတွက် Richart ကို ကမ်းလှမ်းတာတွေ ရှိခဲ့ပါတယ်။
သဘာဝပတ်ဝန်းကို ထိန်းသိမ်းရာရောက်တဲ့ Richart ရဲ့ ကျွန်းမျောလေးကို စိတ်ဝင်စားတဲ့လူတွေက တစ်နေ့တခြားတိုးပွားလာပါတယ်။
Zombie (lovemedia)
0 Comments