သင်္ဘောသီးကို တစ်ပတ်တစ်ကြိမ်စားပေးရုံနဲ့ ခန္ဓာကိုယ်မှာ ရရှိလာမယ့်အကျိုးကျေးဇူးများ

Christoper Columbus က သင်္ဘောသီးကို နတ်သမီးတွေရဲ့သစ်သီးလို့ တင်စားခဲ့ပါတယ်။ သင်္ဘောသီးက လူသားတွေရဲ့ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်လို့ပါ။ သင်္ဘောသီးကို ကျန်းမာရေးအတွက် တစ်ပတ်ကိုတစ်ကြိမ်ခန့် စားပေးသင့်ပါတယ်။

၁။ ကိုလက်စထေရာနည်းပါးစေခြင်း

သင်္ဘောသီးမှာ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ အဲဒါကြောင့် ကိုလက်စထရောတွေကိုလည်း နည်းပါးအောင် ကူညီပေးပါတယ်။ သင်္ဘောသီးမှာ အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်တာကြောင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

၂။ ကပ်ပါးကောင်တွေကို ဖယ်ရှားပေးခြင်း

ကပ်ပါးကောင်တွေက ခန္ဓာကိုယ်ကို မကျန်းမာအောင် ပြုလုပ်တဲ့အရာတွေပါပဲ။ သင်္ဘောသီးက ခန္ဓာကိုယ်ထဲက ကပ်ပါးအောင်ဥတွေကို ပြိုကွဲအောင် ပြုလုပ်ပေးပါတယ်။ သင်္ဘောသီးရဲ့အစေ့က ကပ်ပါးကောင်တွေကို ဖယ်ရှားတဲ့နေရာမှာ အရမ်းကို အစွမ်းထက်ပါတယ်။

၃။ ရောင်ရမ်းတာကို သက်သာစေခြင်း

သင်္ဘောသီးက ရောင်ရမ်းတာကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ အရေပြားရောင်ရမ်းခြင်း၊ အဆစ်ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တဲ့အခါ သင်္ဘောသီးကို စားပေးနိုင်ပါတယ်။

၄။ ကိုယ်ခံအားကောင်းစေခြင်း

သင်္ဘောသီးမှာ ဗီတာမင် အေနဲ့ စီပါဝင်ပါတယ်။ အဲဒီဗီတာမင်တွေက ကိုယ်ခံအားကောင်းဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။ သင်္ဘောသီးကို အပတ်တိုင်း ပုံမှန်စားပေးမယ်ဆိုရင် ဖျားနာတာတွေ နည်းပါးသွားမှာပါ။

၅။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း

သင်္ဘောသီးမှာ အာဟာရဓာတ်‌တွေနဲ့ ဗီတာမင် အေနဲ့စီ ပါဝင်တာကြောင့် အိုမင်းရင့်ရော်တာကို နှေးကွေးသွားစေပါတယ်။ အရေပြားကို free radical၊ နေလောင်ဒဏ်တွေကနေ ကာကွယ်ပေးတာကြောင့် အရေးအကြောင်းတွေလည်း နည်းပါးနေမှာပါ။

၆။ သွေးဖိအားကို ထိန်းညှိပေးခြင်း

မကြာခဏသွေးတိုးတတ်သူတွေအတွက် သင်္ဘောသီးကို ပုံမှန်စားပေးသင့်ပါတယ်။ သင်္ဘောသီးမှာ carpaine ပါဝင်တာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

၇။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း

သင်္ဘောသီးမှာ ဗီတာမင်စီပါဝင်တာကြောင့် စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကိုလည်း လျော့ပါးသွားစေပါတယ်။

သင်္ဘောသီးအစေ့ကို ဘယ်လိုစားမလဲ။

သင်္ဘောသီးက ကျန်းမာရေးကို အကျိုးပြုသလို သင်္ဘောစေ့ကလည်း ကျန်းမာရေးကို အကျိုးပြုပါတယ်။ သင်္ဘောစေ့ကို တစ်နေ့ကို လက်ဖက်ရည်ဇွန်းနဲ့တစ်ဇွန်း ပုံမှန်စားပေးသင့်ပါတယ်။ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေတော့ သင်္ဘောစေ့ကို မစားသင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments