ညဘက်အိပ်တဲ့အခါ ခြင်အသံကြောင့် အိပ်ရေးမပျက်အောင် ဒီအချက်တွေကို ပြုလုပ်နိုင်ပါတယ်

ခြင်အမတွေက လူသားတွေရဲ့သွေးကို စုပ်ယူပါတယ်။ ဒါပေမယ့် ဆူညံတဲ့အသံကိုတော့ ခြင်အထီးရော ခြင်အမပါ ပြုလုပ်ကြပါတယ်။

ခြင်တွေက ဘေးကနေ တဝီဝီအော်နေတဲ့အခါ အိပ်ရတာ အနှောင့်အယှက်ဖြစ်လာစေမှာပါ။ ဒါပေမယ့် ဒီပြဿနာကို လွယ်လွယ်ကူကူဖြေရှင်းလို့ရပါတယ်။

နားဖာချေးက ခြင်တွေကို ဆွဲဆောင်ပါတယ်။

လေ့လာချက်တွေအရ နားဖာချေးရဲ့အနံ့က ခြင်တွေကို ဆွဲဆောင်တာကြောင့် ခြင်တွေက နားတစ်ဝိုက်မှာ ပျံဝဲနေပါတယ်။

နားက ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံးနေရာတွေထဲက တစ်နေရာပါ။ အဲဒါကြောင့် ခြင်တွေက လူသားတွေရဲ့နားတစ်ဝိုက်မှာ တဝီဝီလုပ်ပြီး အနှောင့်အယှက်လာပေးပါတယ်။

အိပ်တဲ့အခါ ခန္ဓာကိုယ်ကို စောင်ခြုံထားတာကြောင့် မျက်နှာနေရာက ခြင်ကိုက်ဖို့အတွက် အဆင်ပြေဆုံးနေရာဖြစ်လာပါတယ်။

ခြင်တွေရဲ့တောင်ပံခတ်သံကြောင့် တဝီဝီမြည်လာပါတယ်။

တကယ်တော့ ခြင်တွေက သီချင်းဆိုတာကြောင့် တဝီဝီမြည်တာ မဟုတ်ပါဘူး။ သူတို့ရဲ့လျင်မြန်တဲ့တောင်ပံခတ်သံကြောင့် ဆူညံတဲ့အသံက ထွက်ပေါ်လာပါတယ်။

ခြင်တွေက တစ်စက္ကန့်မှာတင် အကြိမ် ၂၅၀ ခန့် တောင်ပံခတ်နိုင်ပါတယ်။ ခြင်တွေက တောင်ပံခတ်ပြီး ထွက်လာတဲ့အသံကနေ တစ်ဆင့် မိတ်လိုက်ဖို့အတွက် ဆက်သွယ်ကြပါတယ်။

ခန္ဓာကိုယ်အပူချိန်ကြောင့်လည်း ခြင်တွေ ရောက်လာပါတယ်။

ခြင်တွေက ဥဥဖို့အတွက် လူသားတွေရဲ့အပူချိန်နဲ့ ချွေးနံ့ကို သဘောကြပါတယ်။ လူသားတွေရှူထုတ်လိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်က ခြင်တွေကို ဥဥဖို့အတွက် ဆွဲဆောင်ပါတယ်။ အဲဒါကြောင့် အိပ်တဲ့အခါမှာ ခြင်တွေက ဘေးမှာ ဝဲပျံနေတာပါ။

ညဘက်မှာ ခြင်သံမကြားဘဲ ကောင်းကောင်းအိပ်ပျော်စေဖို့အတွက်

- အရောင်ဖျော့တဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ။

- ချွေးတွေမထွက်အောင် မအိပ်ခင်မှာ ရေချိုးပါ။

- ဘီယာသောက်တာကို ရှောင်ပါ။

- ပန်ကာကို ခဏလောက်ဖွင့်ပြီးအိပ်ပါ။

- ခြင်ပေးစေတဲ့ လာဗင်ဒါ၊ ရို့စ်မေရီ၊ တောနှံပင်တို့ကို အိပ်ခန်းထဲမှာ စိုက်ထားနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments