လူတစ်ယောက်ကို မေ့နိုင်ဖို့ လူတစ်ယောက်နဲ့အစားထိုးတာက ပိုကောင်းတယ်လို့ အချို့လူတွေက ယုံကြည်ကြပါတယ်။
တကယ်တော့ လူတစ်ယောက်နဲ့ လမ်းခွဲပြီးနောက် အချိန်ကြာသွားမှသာ အချစ်အသစ်ကို ရှာဖွေသင့်တာပါ။ အချစ်အသစ်နဲ့တွေ့ဖို့အဆင်သင့်ဖြစ်ကြောင်းကို ဒီလိုအချက်တွေအရသိနိုင်ပါတယ်။
၁။ အတိတ်က အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ခံစားချက်တွေ မရှိတော့ခြင်း
ရည်းစားဟောင်းတွေက အချိန်ကြာကြာ လွှမ်းမိုးထားနိုင်ပါတယ်။ ရည်းစားဟောင်းအကြောင်း ပြန်တွေးမိတိုင်း စိတ်တိုတာ၊ ကြိတ်မနိုင်ခဲမရဖြစ်တာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာတို့ ခံစားနေရသေးရင် အချစ်အသစ်ကို မရှာဖွေသင့်သေးပါဘူး။
ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး ဥပေက္ခာပြုသွားနိုင်တဲ့အခါမှာ အနာဂတ်ကို အာရုံစိုက်လာနိုင်ပြီး ပိုကောင်းတဲ့အချစ်ရေးကို ရရှိလာမှာပါ။
၂။ အထီးကျန်မှာကို မကြောက်ရွံခြင်း
တစ်ခါတရံမှာ ရည်းစားအဟောင်းကို မေ့ချင်စိတ်နဲ့ ရည်းစားအသစ်ထားရင်း ရည်းစားအသစ်က ပိုဆိုးနေတတ်ပါတယ်။ တစ်ယောက်တည်းအထီးကျန်မှာကြောက်တဲ့စိတ်နဲ့ ရည်းစားအသစ်ကို ရှာဖွေချင်နေတတ်ပါတယ်။
ဒါပေမယ့် တစ်ယောက်တည်းနေရတာ အဆင်ပြေနေပြီဆိုရင်၊ လွတ်လပ်ပေါ့ပါးနေပြီဆိုရင်တော့ အချစ်သစ်ကို ရှာဖွေဖို့ အဆင်သင့်ဖြစ်နေပါပြီ။
၃။ စိတ်ဝင်စားတဲ့အရာတွေနဲ့ သူငယ်ချင်းတွေရှိလာခြင်း
လူတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးပြီး ဝါသနာပါတဲ့အရာတွေကိုတောင် မေ့လျော့သွားပါတယ်။
ဒါပေမယ့် အသည်းကွဲပြီးနောက် အရင်က ဝါသနာပါတဲ့အရာတွေ၊ စိတ်ဝင်စားတဲ့အရာတွေကို ပြန်လည်ရှာဖွေသင့်ပါတယ်။ အဲဒီကနေ မိတ်ဆွေအပေါင်းအသင်းအသစ်တွေ ရလာပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်ရှာတွေ့နိုင်ပါတယ်။
၄။ အချစ်ကို လက်ခံဖို့အဆင်သင့်ဖြစ်ရုံမက ပေးဖို့ပါ အဆင်သင့်ဖြစ်လာခြင်း
ချစ်သူရည်းစားတွေမရှိရင် စိတ်က ပိုမိုလွတ်လပ်လာပါတယ်။ အရင်က မတွေးမိတဲ့အတွေးအခေါ်ကောင်းတွေပါ ရရှိလပါတယ်။
ဒါ့အပြင် နောက်ထပ် အချစ်သစ်နဲ့တွေ့တဲ့အခါ ပိုကောင်းတဲ့အချစ်ရေးဖြစ်အောင် ပြုလုပ်နိုင်မယ့် အခွင့်အရေးတွေလည်း ရလာပါတယ်။ အချစ်အပေါ်မြင်တဲ့အမြင်တွေ မတူတော့တဲ့အခါ နောက်ထပ်အချစ်သစ်ကို ရှာဖွေကြည့်သင့်ပါပြီ။
၅။ အခြားအတွဲတွေကို မြင်ရင်တောင် စိတ်တည်ငြိမ်နေခြင်း
အခြားအတွဲတွေ ပျော်ရွှင်နေတာကို မြင်ပြီး မျက်ရည်တွေကျနေရင်၊ ရည်းစားဟောင်းကို သတိရနေရင် ရည်းစားအသစ်မထားသင့်သေးပါဘူး။ အားကျတဲ့စိတ်နဲ့ ရည်းစားအသစ်ကို ချက်ချင်းထားတာက ခဏတာပဲ ပျော်ရွှင်ရမှာပါ။
သူငယ်ချင်းအတွဲတွေ အဆင်ပြေနေတာကို မြင်ပြီး သဝန်မတိုတော့ရင်၊ စိတ်တည်ငြိမ်နေရင် အချစ်စစ်က မကြာခင်ရောက်လာတော့မှာပါ။
၆။ သဘောကျတဲ့သူကို တွေ့လာခြင်း
သဘောကျစိတ်ဝင်စားတဲ့သူကို တွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ အများကြီး မေးကြည့်ပါ။ လမ်းခွဲပြီးအချိန်များစွာဖြတ်သန်းပြီးနောက် ရင်ခုန်မှုတွေ ပြန်လည်ရရှနေပြီဆိုရင် အချစ်အသစ်ကို အစပျိုးသင့်ပါပြီ။
၇။ ငြင်းပယ်နိုင်ခြင်း
အချိန်ကြာကြာ အဆင်ပြေပြီးနောက်မှာ ရည်းစားဟောင်းတွေက ပြန်လာတတ်ပါတယ်။ အဲဒီအခါ ပြတ်ပြတ်သားသားငြင်းနိုင်ဖို့က အရေးအကြီးဆုံးပါ။
ရည်းစားဟောင်းဆီ စိတ်ပြန်ပါသွားတဲ့အခါ အရင်လို အဆင်မပြေမှုတွေက ပြန်လည်တွေ့ကြုံရဦးမှာပါ။ ဒါ့အပြင် သင်မကြိုက်တဲ့သူတွေကိုလည်း ပြတ်ပြတ်သားသား ငြင်းနိုင်ဖို့ လိုအပ်ပါတယ်။
၈။ ညှိနှိုင်းဖို့လိုလားခြင်း
သင်သဘောကျတဲ့သူကို တွေ့တဲ့အခါ သင့်ဘက်က ကန့်သတ်ချက်တွေကို အရမ်းမတင်းကြပ်ထားဖို့လည်း လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မကြိုက်တဲ့အချက်တွေကို ကြိုတင်ပြောပြထားပြီး သဘောတူညီမှုတွေကို ပြုလုပ်ထားသင့်ပါတယ်။
Zombie (lovemedia)
0 Comments