ကလေးမွေးဖွားပြီးတဲ့မိခင်တွေမှဦ ဆံပင်တွေ အရမ်းကျွတ်လာတာကို ကြုံတွေ့ရတတ်ပါတယ်။ ကလေးမွေးဖွားပြီးနောက် ဆံပင်ကျွတ်တာက ပုံမှန်ဖြစ်ပြီး အခိုက်အတန့်လောက်ပဲ ကြာရှည်ပါတယ်။ အဲဒါကြောင့် ဆံပင်ကျွတ်သက်သာစေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဆံပင်ပေါက်လာတဲ့အဆင့်များ
- အဆင့် ၁ မှာ ဆံပင်ရဲ့မွေးညင်းပေါက်က ဦးရေပြားကနေ ဆံပင်ပေါက်လာအောင် တိုးမြှင့်ပါတယ်။
- အဆင့်၂ မှာ တော့ ပြောင်းလဲလာတဲ့အဆင့်ပါ။ ဒီအဆင့်က ၁၀ ရက်ခန့် ကြာမြင့်ပါတယ်။ မွေးညင်းပေါက်လေးတွေက သေးငယ်လာပြီး ဆံပင်ရဲ့ရှည်လျားနှုန်းက နှေးလာပါတယ်။
- အဆင့် ၃ ကတော့ အနားယူတဲ့အဆင့်ပါ။ ဒီအဆင့်မှာတော့ ၃ လခန့်ကြာမြင့်ပါတယ်။ ဆံပင်က ရှည်လျားတာ ခဏလောက် ရပ်တန့်သွားပါတယ်။ ဒါပေမယ့် ဆံပင် မကျွတ်သွားပါဘူး။
- အဆင့် ၄ မှာတော့ ဆံပင်က ဦးရေပြားကနေ ကျွတ်သွားပါတယ်။ ဒီအဆင့်က ၂ လကနေ ၅ လခန့်ကြာမြင့်ပါတယ်။ တစ်နေ့ကို ဆံပင်အပင် ၅၀ ကနေ ၁၀၀ ခန့် ပုံမှန်ကျွတ်လေ့ရှိပါတယ်။
ကလေးမွေးဖွားပြီးနောက် ဆံပင်တွေက ဘာလို့ ကျွတ်လာတာလဲ။
ကလေးမွေးဖွားပြီးနောက် ဆံပင်ပါးလာတာ၊ ဆံပင်ကျွတ်လာတာကို လပေါင်းများစွာကြာအောင် အမေအများစု ကြုံတွေ့ရလေ့ရှိပါတယ်။
- ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တွေအရှည်နှေးပြီး ကျွတ်လာတတ်ပါတယ်။ ဆံပင်က ပုံမှန်ကျွတ်နေကျအရေအတွက်ထက်ပိုပြီးတော့ ကျွတ်လေ့ရှိပါတယ်။ ဆံပင်ကျွတ်တဲ့ကာလက ၂ လကနေ ၄ လအထိ ကြာမြင့်တတ်ပါတယ်။
- ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သံဓာတ်ချို့တဲ့လေ့ရှိပါတယ်။ အဲဒါကြောင့် ကလေးမွေးဖွားပြီးတဲ့အခါမှာ ဆံပင်ကျွတ်တာ၊ အာရုံစိုက်ဖို့ခက်ခဲတာ၊ အအားနည်းတာတို့ ဖြစ်ပေါ်ပါတယ်။
- သိုင်းရွိုက်နဲ့ပတ်သက်တဲ့ရောဂါတွေကို ကိုယ်ဝန်ဆောင်မိခင်တွေက ခံစားရလေ့ရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းက ဆံပင်တွေပေါက်လာဖို့ အရေးပါတဲ့အရာပါပဲ။ ဆံပင်တွေအရမ်းကျွတ်လာတာက သိုင်းရွိုက်ပြဿနာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီးချိန်မဟုတ်ရင်တောင် အခြားသော အကြောင်းအချက်တွေကြောင့်လည်း ဆံပင်တွေ အရမ်းကျွတ်လာတတ်ပါတယ်။
ကလေးမွေးဖွားပြီး လပေါင်းများစွာကြာအောင် ဆံပင်တွေ ကျွတ်နေတဲ့အခါ ဒီအချက်လေးတွေကို ပြုလုပ်ပေးနိုင်ပါတယ်။
- ဆံပင်ကို ထူလာစေတဲ့ခေါင်းလျှော်ရည်တွေကို ရွေးချယ်အသုံးပြုပါ။
- Conditioner နဲ့ ပေါင်းစပ်ထားတဲ့ခေါင်းလျှော်ရည်တွေကို ရှောင်သင့်ပါတယ်။
- ခေါင်းလျှော်ရည်သုံးပြီးနောက် Conditioner ကို သီးသန့်အသုံးပြုပါ။
- ဦးရေပြားကို သွေးလည်ပတ်မှုကောင်းစေဖို့ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။
- Conditioner ကို ဦးရေပြားနဲ့ တိုက်ရိုက်မထိတွေ့အောင် အနည်းငယ်ခွာပြီး လိမ်းပါ။
- ဆံပင်ထူတယ်လို့ ထင်ရစေတဲ့ ဆံပင်ပုံစံတွေကို ပြောင်းလဲညှပ်လိုက်ပါ။
ဆံပင်ကျွတ်တာနည်းစေဖို့ ကာကွယ်နည်းများ
- ကျန်းမာတဲ့ဆံပင်ကို ရရှိစေဖို့ သံဓာတ်၊ ပရိုတိန်းနဲ့ အခြားသော အာဟာရဓာတ်တွေကို နေ့စဉ်စားသုံးပါ။
- ကလေးနဲ့ မိခင်အတွက် လိုအပ်တဲ့အာဟာရကို ဆရာဝန်နဲ့တိုင်ပင်ပါ။
- ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ကို ဆေးမဆိုးသင့်ပါဘူး။ ဆံပင်ဆေးဆိုးလိုက်ရင် ဆံပင်ပိုကျွတ်ပြီး ကလေးကိုပါ ထိခိုက်စေပါတယ်။
- ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းတာ၊ ထုံးတာမျိုးကို ရှောင်သင့်ပါတယ်။
- ဆံပင်ကို အပူပေးပြီးဖြောင့်တာ၊ ကောက်တာတို့ကိုလည်း ခဏလောက် အနားပေးထားသင့်ပါတယ်။
Zombie (lovemedia)
0 Comments