သင့်ဆီမှာရှိတဲ့ပင်ကိုအလှကို ပိုမိုပေါ်လွင်အောင် ဘယ်လိုပြုလုပ်မလဲ

အမျိုးသမီးတိုင်းမှာ အလှကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် အဲဒီအလှတွေကို တခါတရံမှာ မေ့နေတတ်ကြပါတယ်။ မိမိမှာရှိတဲ့ ပင်ကိုအလှကို ပေါ်လွင်လာအောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွား

တောက်ပလှပတဲ့ အပြုံးတွေ ရရှိဖို့ သွားကျန်းမာရေးကို မေ့မထားသင့်ပါဘူး။ သွားတွေက ဝါနေရင် အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။ သွားလေးတွေကို ပုလဲလုံးလေးတွေလို ဖြူစင်နေစေဖို့ သွားကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

သွားဝါနေတတ်သူတွေအတွက် ရွေးချယ်သင့်တဲ့ နှုတ်ခမ်းနီအရောင်တွေကတော့ Cherry, raspberry, wine တို့ပါပဲ။

၂။ အသားအရေ

တနေ့တာလုံး အသားအရေ ကြည်လင်နေ့ဖို့အတွက် မနက်ခင်း cleansing လုပ်ပြီးနောက်မှာ မျက်နှာကို ရေခဲတုံးလေးတွေနဲ့ ပွတ်တိုက်ပေးပါ။ ရေခဲတုံးလေးတွနဲ့ ပွတ်တိုက်ပေးခြင်းက ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပြီး ချွေးပေါက်တွေကို ကျဉ်းသွားစေပါတယ်။

ဒါမှမဟုတ် ပန်းကန်လုံး တလုံးထဲမှာ ရေနဲ့ ရေခဲတုံးလေးတွေကို ဖြည့်ပြီး မျက်နှာကို စက္ကန့် ၂၀ကြာအောင် ပန်းလုံးလုံးထဲမှာ နှစ်ထားပေးပါ။

၃။ မျက်နှာရေဓာတ်ဖြည့်ခြင်း

လှပတဲ့မျက်နှာအသားအရေဖြစ်ဖို့ မျက်နှာကို ရေဓာတ်ဖြည့်ဖို့လည်း မမေ့သင့်ပါဘူးနော်။ မျက်နှာမှာ ရေဓာတ်ပြည့်ဖို့ ရေများများသောက်သင့်သလို နှင်းဆီရည်နဲ့လည်း မျက်နှာကို ဖျန်းပေးနိုင်ပါတယ်။ မျက်နှာအသားအရေခြောက်လာတယ်လို့ ခံစားရတဲ့အခါမှာ နှင်းဆီရည်နဲ့ ဖျန်းပေးနိုင်ပါတယ်။

၄။ ဆံပင်

အဆီတွေထွက်နေတဲ့ဆံပင်က သင့်ရဲ့အလှတွေကို လျော့သွဦးစေပါတယ်။ ဒါပေမယ့် ခေါင်းကို နေ့စဉ်လျှော်ပေးစရာတော့မလိုအပ်ပါဘူး။ ဆံပင်တွေ အဆီထွက်လာတဲ့အခါမှာ dry shampoo က အကောင်းဆုံးပါပဲ။

Dry shampoo ကို ဆံပင်အရင်းထဲအထိအောင် ထည့်ပြီး လက်နဲ့ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ဒီနည်းကတော့ ဆံပင်ကို သန့်ရှင်းစေပြီး ဆံပင်ထူတယ်လို့လည်း ထင်ရစေပါတယ်။

၅။ ဆံပင်ခွဲကြောင်း

ဆံပင်ခွဲကြောင်းပြောင်းလိုက်တာက လူတယောက်ကို အများကြီးဆွဲဆောင်မှု ရှိသွားစေပါတယ်။ ဆံပင်ခွဲကြောင်းပြောင်းလိုက်ဖို့ မတွေဝေလိုက်ပါနဲ့နော်။ ဆံပင်ကို အမြဲတမ်းအလယ်ကနေပဲ ခွဲသူဆိုရင် ဘေးဘက်ကို ပြောင်းပြီး ခွဲကြည့်ပါ။

၆။ လိုက်ဖက်မယ့်ပစ္စည်းများ

သင့်ရဲ့ဝတ်စုံကို ထူးခြားသွားစေဖို့ ဝတ်စုံနဲ့ လိုက်ဖက်မယ့် ပစ္စည်းတွေကိုလည်း အသုံးပြုသင့်ပါတယ်။ လည်စည်းပုဝါလေးကို ပတ်ထားတာက သင့်ကို ပိုပြီး ကျက်သရေ ရှိသွားစေနိုင်သလို ရိုးရိုးရှင်းရှင်းဆံညှပ်လေးကို တပ်ထားတာကလည်း သင့်ကို ပိုလှသွားစေပါတယ်။

လက်ပတ်လေးတွေကလည်း သင့်ရဲ့အလှကို ပိုပြီးပြည့်စုံသွားစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments