ချစ်သူစုံတွဲတွေဟာ အချိန်ကြာလာတဲ့အမျှ ရုပ်ချင်းဆင်လာရတဲ့အကြောင်းအရင်းများ

အရမ်းချစ်ကြတဲ့ ချစ်သူရည်းစားတွေ၊ စုံတွဲတွေက တဖြည်းဖြည်းနဲ့ ရုပ်ချင်းဆင်လာတာကို သတိထားမိနိုင်ပါတယ်။ အဲဒီလို ရုပ်ချင်းဆင်လာရတဲ့အကြောင်းအရင်းတွေထဲကနေ အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

နွေးထွေးမှု

အမျိုးသားတွေက သူတို့အပေါ် အမေလိုနွေးထွေးပေးမယ့် အမျိုးသမီးကို လိုချင်ကြပါတယ်။ အမေနဲ့တူတဲ့အမျိုးသမီးတွေက အမျိုးသားတွေအပေါ်မှာ အများကြီး သည်းခံစိတ်ရှည်ပေးနိုင်ကြပါတယ်။

မိမိနဲ့ကိုက်ညီမယ့်သူကို ရှာတဲ့အခါ ရုပ်ချင်းဆင်တဲ့သူ၊ အကျင့်စရိုက်ချင်းတူတဲ့သူကို ရှာဖွေတတ်ကြပါတယ်။

အတူတူဖြတ်သန်းခဲ့တဲ့အချိန်

စုံတွဲတွေက အတူတူဖြတ်သန်းလာခဲ့တဲ့အချိန်တွေ ကြာလာတာနဲ့အမျှ ရုပ်ချင်းက ပိုပြီး ဆင်တူလာကြပါတယ်။ Robert Zajonc ဆိုတဲ့ စိတ်ပညာရှင်တစ်ယောက်က နှစ်ပေါင်း ၂၅ နှစ်ကြာ အတူတူနေထိုင်ခဲ့တဲ့ ဇနီးမောင်နှံတွေရဲ့ဓာတ်ပုံတွေကို နှိုင်းယှဉ်ပြီး လေ့လာမှုပြုခဲ့ပါတယ်။

သူ့ရဲ့လေ့လာမှုအရ ရုပ်ချင်းဆင်မတူတဲ့ စုံတွဲတွေဟာ ၂၅ နှစ်ခန့်အတူတူနေထိုင်ပြီးနောက်မှာ ရုပ်ချင်းဆင်တူလာကြောင့် အံ့ဩဖွယ်တွေ့ရပါတယ်။

အတူတူဝေမျှခဲ့ကြတဲ့ အတွေ့အကြုံ

အရမ်းချစ်ကြသူတွေက ကောင်းအတူ၊ ဆိုးအတူ အရာအားလုံးကို မျှဝေခံစားကြပါတယ်။ အဲဒါကြောင့် သူတို့ကြားမှာ ကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေက မနည်းပါဘူး။

အမြဲတမ်းလိုလို အတူတူရှိခဲ့ကြတဲ့အခါမှာတော့ ကိုယ်အမူအရာတွေ၊ စိတ်ခံစားချက်တွေက ထပ်တူညီလာပါတယ်။ အဲဒါကြောင့် မျက်နှာပေါ်က အရေးအကြောင်းတွေတောင် ဆင်တူဖြစ်နေတတ်ပါတယ်။

လူတွေက မိမိနဲ့ ရုပ်ချင်းဆင်တဲ့သူကို ပိုပြီး သဘောကျကြပါတယ်။

လေ့လာချက်တွေအရ လူတွေဟာ မိမိနဲ့ ရုပ်ရည်ချင်းဆင်တဲ့သူ၊ စိတ်ထားချင်းတူတဲ့သူ၊ အကျင့်စရိုက်ချင်းကိုက်ညီသူကို ပိုပြီး သဘောကျကြပါတယ်။ သင်တို့နှစ်ယောက်ဟာ ရုပ်ချင်းဆင်တူတယ်ဆိုရင် မွေးလာတဲ့ကလေးကလည်း သင်တို့နှစ်ယောက်နဲ့ ရုပ်ချင်းဆင်ဖို့ အခွင့်အရေးပိုများပါတယ်။

ကိုယ်ခံအားစနစ်

ကိုယ်ခံအားစနစ်က လူတွေရဲ့နေထိုင်မှုပုံစံကို သက်ရောက်မှုရှိပါတယ်။ သိပ္ပံပညာရှင်တွေက နှစ်ပေါင်းများစွာအတူတူနေထိုင်ခဲ့တဲ့စုံတွဲတွေရဲ့ ကိုယ်ခံအားစနစ်ကို လေ့လာခဲ့ပါတယ်။

ရလဒ်မှာတော့ နှစ်များစွာ အတူတူနေထိုင်ခဲ့တဲ့ဇနီးမောင်နှံတွေက ကိုယ်ခံအားစနစ်ချင်းလည်း တူညီနေပါတယ်။ ဒါ့အပြင် နေထိုင်မှုပုံစံနဲ့ အကျင့်စရိုက်ချင်းလည်း ကိုက်ညီနေပါတယ်။

ပုံရိပ်ထင်ခြင်း

တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်တဲ့ စုံတွဲတွေက အတူနေထိုင်လာတာ ကြာလာတာနဲ့အမျှ အပြောအဆို၊ ခန္ဓာကိုယ်အမူအရာတွေပါ တူညီလာကြပါတယ်။ အရမ်းချစ်သွားတဲ့အခါမှာ တစ်သက်လုံးနေထိုင်ခဲ့တဲ့အပြုအမူတွေပါ ပြောင်းလဲသွားပါတယ်။

ဥပမာအားဖြင့် ဆေးလိပ်အရမ်းသောက်တတ်တဲ့ အမျိုးသားဟာ အမျိုးသမီးကို ပိုချစ်တဲ့အခါ ဆေးလိပ်ကို သူ့သဘောနဲ့သူ ဖြတ်လိုက်ပြီး အမျိုးသမီးစားနေကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပါ စားလာတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments