အင်တာဗျူးသွားဖြေတဲ့အခါမှာ အလုပ်ရှင်တွေ မေးတတ်တဲ့ ထူးထူးဆန်းဆန်းလှည့်ကွက်မေးခွန်းများ

အလုပ်အတွက် အင်တာဗျူးတဲ့အခါအခါ အင်တာဗျူးတဲ့သူတွေက ပရိယာယ်တွေကို အသုံးပြုလာကြပါတယ်။ စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကိုလည်း မေးမြန်းလေ့ရှိပါတယ်။

အင်တာဗျူးသွားဖြေတဲ့အခါ ဘယ်လိုမေးခွန်းတွေနဲ့ လှည့်ပတ်ပြီးမေးတတ်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကော်ဖီသောက်မလားလို့ မေးခြင်း

အင်တာဗျူးတဲ့သူတွေက လာဖြေတဲ့သူတွေကို "ကော်ဖီသောက်ဦးမလား" သို့မဟုတ် "ကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါလား" လို့ မေးတတ်ပါတယ်။ လာဖြေတဲ့သူရဲ့ ကော်ဖီဖျော်ပုံ၊ လုပ်ကိုင်ပုံ၊ ခွက်ဆေးကြောပုံတွေကို အကဲခတ်နေလေ့ရှိပါတယ်။

ဒီလိုမေးခွန်းမေးတာကတော့ လူတစ်ယောက်ရဲ့အကျင့်စရိုက်၊ အမူအရာနဲ့ အသင်းအဖွဲ့နဲ့လုပ်ဆောင်နိုင်လားဆိုတာကို စမ်းသပ်ချင်လို့ပါ။

၂။ တမင်စောင့်ခိုင်းခြင်း

တကယ်တော့ ကော်ဖီဖျော်ခိုင်းတာက တကယ်ကို ရိုးရှင်းတဲ့မေးခွန်းပါပဲ။ အင်တာဗျူးလာဖြေတဲ့သူတွေကို အလုပ်ရှင်တွေက အကြာကြီးစောင့်ခိုင်းလေ့ရှိပါတယ်။ စောစောလာလည်း စောင့်ခိုင်းတတ်ပါတယ်။ ၁၀ မိနစ်ထပ်စောင့်ခိုင်းလိုက်၊ နောက်ထပ် ၁၅ မိနစ်ထပ်စောင့်ခိုင်းလိုက် ပြုလုပ်လေ့ရှိပါတယ်။

ဒီနည်းလမ်းကတော့ အလုပ်လာလျှောက်သူရဲ့စိတ်ခံစားချက်တည်ငြိမ်လား၊ စိတ်ဖိစီးမှုဖြစ်နေတဲ့အခြေအနေမှာ ဘယ်လို ပြုမူလေ့ရှိလဲဆိုတာကို လေ့လာတဲ့နည်းပါပဲ။

၃။ အင်တာဗျူးတဲ့သူက သင့်ကို ရုတ်တရက်အောင်ခြင်း

အင်တာဗျူးတဲ့သူက ရုတ်တရက် သင့်ကို အော်တာ၊ အသံမြှင့်ပြောတာ၊ ဒေါသတကြီးပြောတာတို့ ပြုလုပ်တတ်ပါတယ်။ စိတ်ဖိစီးစရာအခြေအနေတွေမှာ အဖြေကို ဘယ်လိုရှာဖွေနိုင်မလဲ၊ စိတ်တည်ငြိမ်လား၊ ဝယ်သူဖက်ကို ဘယ်လိုဆက်ဆံနိုင်မလဲဆိုတာကို သိချင်တဲ့အခါ ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။

၄။ ထူးထူးဆန်းဆန်းမေးခွန်းတွေကို မေးခြင်း

အင်တာဗျူးတဲ့သူတွေက ဆန်းဆန်းပြားပြားမေးခွန်းတွေကိုလည်း မေးလေ့ရှိပါတယ်။ ဥပမာအားဖြင့် ပြူတင်ပေါက်ကနေ ခုန်ချခိုင်းတာမျိုးပါ။ အင်တာဗျူးလာဖြေတဲ့သူကို အတွေးအခေါ်ဘောင်ထဲကနေ ကျော်လွန်ပြီး တွေးခေါ်နိုင်လားဆိုတာကို စမ်းသပ်လေ့ရှိပါတယ်။

၅။ အင်တာဗျူးတဲ့သူက အရေးမစိုက်ခြင်း

နောက်ထပ်နည်းလမ်းတစ်ခုကတော့ အခုပဲ အင်တာဗျူးမေးနေရင်းနဲ့ ချက်ချင်းပဲ နှုတ်ဆိတ်သွားတာပါ။ လာဖြေတဲ့သူက မေးတဲ့သူက ချက်ချင်းလျစ်လျူရှုလိုက်တာပါ။

ဒါကတော့ အင်တာဗျူးတဲ့ဆီကနေ အာရုံစိုက်မှုကို ဘယ်လိုနည်းနဲ့ပြန်ရအောင်လုပ်နိုင်မလဲဆိုတာကို မေးတာပါ။ အထိရောက်ဆုံးရွေးချယ်မှုကတော့ အင်တာဗျူးတဲ့သူကို နောက်တစ်နေ့မှ ပြန်စဖို့ တောင်းဆိုတာပါပဲ။

၆။ လာရောက်ဖြေဆိုတဲ့သူတွေကို တစ်ရုံးလုံးနဲ့ မိတ်ဆက်ပေးခြင်း

အင်တာဗျူးပြီးနောက်မှာ အလုပ်ရှင်တွေက လာဖြေတဲ့သူကို တစ်ရုံးလုံးနဲ့ မိတ်ဆက်ပေးတတ်ပါတယ်။ ဒါကတော့ ယဉ်ကျေးတဲ့အပြုအမူတော့ မဟုတ်ပါဘူး။ တစ်ရုံးလုံးကဝန်ထမ်းတွေက လာရောက်ဖြေဆိုသူအပေါ် ဘယ်လိုအမြင်ရှိလဲဆိုတာ အလုပ်ရှင်က သိချင်တဲ့အခါ ဒီလိုအပြုအမူကို ပြုလုပ်တတ်ပါတယ်။

၇။ ဘောပင်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချခြင်း

နောက်ထပ်စမ်းသပ်မှုကတော့ လာရောက်ဖြေဆိုသူရဲ့ တုံ့ပြန်နိုင်မှုကို စမ်းသပ်တာပါ။ ဘောပင်ကို ပစ်ချလိုက်တဲ့အခါ သင်က ကောက်ပေးမှာလား၊ ဒီတိုင်းပဲ ကြည့်နေမှာလားဆိုတာကို အကဲခတ်လေ့ရှိပါတယ်။ အလုပ်ရှင်အများစုကတော့ ဘောပင်ကို ကောက်ပေးတဲ့သူကို သဘောကျပြီး အလုပ်ခန့်လေ့ရှိပါတယ်။

Zombie (lovemedia)

Post a Comment

1 Comments

  1. I good luck i phone but I don't get it. Why?

    ReplyDelete