ရေနွေးနဲ့တစ်နာရီခန့်ရေစိမ်ချိုးတာက ကယ်လိုရီဘယ်လောက်များများ လောင်ကျွမ်းစေနိုင်မလဲ

လေ့လာချက်တွေအရ ရေနွေးနဲ့ရေချိုးတာက ကယ်လိုရီတွေကို ပိုပြိးလောင်ကျွမ်းစေပါတယ်။ ရေနွေးနဲ့ရေစိမ်ပြီးချိုးရင် လောင်ကျွမ်းတဲ့ကယ်လိုရီက မိနစ် ၃၀ လမ်းလျှောက်တဲ့အခါ လောင်ကျွမ်းတဲ့ကယ်လိုရီနဲ့အတူတူပါပဲ။


ဒီလေ့လာချက်ကိုတော့ UKမှာရှိတဲ့ Loughborough တက္ကသိုလ်က ပညာရှင်တွေက ပြုလုပ်ခဲ့ပါတယ်။ ၁၀၄ ဒီဂရီဖာရင်ဟိုက်အပူချိန်ရှိတဲ့ ရေနွေးထဲမှာ တစ်နာရီခန့်စိမ်ရင် ကယ်လိုရီ ၁၄၀ ခန့် လောင်ကျွမ်းကြောင်းကို သုသေသနရလဒ်အရ တွေ့ရှိပါတယ်။


ရေနွေးနဲ့ ရေစိမ်ချိုးတာက ကယ်လိုရီတွေကို များများလောင်ကျွမ်းစေရုံတင်မကပါဘူး။ သွေးတွင်းသကြားဓာတ်ကိုပါ လျော့ပါးသွားစေပါတယ်။ အဲဒါကြောင့် ရေနွေးနဲ့ရေစိမ်ပြီးချိုးတာက ဆီးချိုရောဂါရှိသူတွေအတွက်လည်း အကျိုးရှိစေပါတယ်။


ကယ်လိုရီတွေ အများကြီးလောင်ကျွမ်းဖို့ ရေနွေးရဲ့အပူချိန်က အဓိကပါပဲ။ ဒါ့အပြင် တစ်နာရီခန့်ကြာအောင် ရေစိမ်တာက ပိုပြီးထိရောက်မှုရှိစေပါတယ်။ ကြက်သီးနွေးရေနဲ့ ရေစိမ်ချိုးရင်တော့ တူညီတဲ့ရလဒ်ကို ရရှိမှာ မဟုတ်ပါဘူး။

ဒီလေ့လာမှုကို အမျိုးသားတွေနဲ့ပဲ ပြုလုပ်ခဲ့တာကြောင့် အမျိုးသမီးတွေမှာတော့ ကယ်လိုရီများများလောင်ကျွမ်းနိုင်မလားဆိုတာက အရမ်းမသေချာပါဘူး။

ကယ်လိုရီများများလောင်ကျွမ်းဖို့က ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အမျိုးအစားပေါ်မှာလည်း မူတည်ပါသေးတယ်။

ရေနွေးနဲ့ရေချိုးတဲ့အခါ ခန္ဓာကိုယ်မှာလည်း အပူချိန်တွေ တက်လာပါတယ်။ အဲဒီအပူချိန်တွေက ကယ်လိုရီတွေ လောင်ကျွမ်းဖို့ အထောက်အကူဖြစ်စေပါတယ်။ ရေနွေးနဲ့ ရေချိုးတာက စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။

ရေနွေးနဲ့ရေချိုးတာက လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရသူတွေအတွက်တော့ သင့်တော်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိလိုသူတွေအတွက်လည်း ရေနွေးနဲ့ ရေချိုးပေးသင့်ပါတယ်။


ရေနွေးနဲ့ရေချိုးတာက ကယ်လိုရီတွေကိုပဲ လောင်ကျွမ်းစေတာဖြစ်ပြီး လိုချင်တဲ့ခန္ဓာကိုယ်ပုံစံရဖို့တော့ လေ့ကျင့်ခန်းကပဲ ကူညီနိုင်တာပါ။

လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို သွက်လက်ပေါ့ပါးစေပြီး အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ အဲဒါကြောင့် ရေနွေးနဲ့ ရေချိုးသင့်သလို လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ပေးသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments