အအေးမိတဲ့အခါ၊ တုပ်ကွေးဝင်တဲ့အခါမှာ အမြင်အာရုံနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ခံစားရပါတယ်။ အမျိုးသမီးတွေ ဓမ္မတာစက်ဝန်းဖြစ်ပေါ်နေချိန်မှာ ခေါင်းကိုက်လေ့ရှိပါတယ်။
ဒါပေမယ့် ခေါင်းကိုက်တာက တစ်ခါတရံမှသာဖြစ်ပေါ်လေ့ရှိပါတယ်။ ဒါကြောင့် အမြဲလိုလိုခေါင်းကိုက်နေရတဲ့အကြောင်းအရင်းတွေနဲ့ ခေါင်းကိုက်သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မမှန်ကန်သော ကိုယ်နေဟန်ထား
ကိုယ်နေဟန်ထားမမှန်ကန်တဲ့အခါ ပုခုံးနဲ့ လည်ပင်းတို့မှာ တင်းအားတွေဖြစ်ပေါ်လာပါတယ်။ အဲဒီကနေ ခေါင်းကိုက်လေ့ရှိပါတယ်။ အထူးသဖြင့် ဦးခေါင်းခွံအောက်ရဲ့နေရာကနေ ခေါင်းကိုက်လေ့ရှိပါတယ်။
ဒီလိုမျိုးခေါင်းကိုက်လေ့ရှိသူတွေဟာ အချိန်အကြာကြီး ထိုင်တာ၊ မတ်တပ်ရပ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါမှာလည်း နားကြပ်နဲ့သာ ပြောပါ။
၂။ ဆောင်းရာသီခေါင်းကိုက်ခြင်း
ဆောင်းရာသီမှာ လူအများစုက ခေါင်းကိုက်ဝေဒနာကို ခံစားရပါတယ်။ ရာသီဥတုအကူးအပြောင်းမှာ ခေါင်းကိုက်လေ့ရှိပါတယ်။ လေ့လာချက်တွေအရ လူတွေဟာ ဆောင်းရာသီမှာ စိတ်ဖိစီးမှုတွေ ပိုကြုံတွေ့ရပါတယ်။
အဲဒါကြောင့်လည်း ဆောင်းရာသီမှာ မကြာခဏခေါင်းကိုက်တတ်ကြပါတယ်။ နေရောင်ခြည်ကို လုံလုံလောက်လောက်ရရှိရင် ဗီတာမင်ဒီကို ခန္ဓာကိုယ်က ရလာမှာပါ။
လေ့ကျင့်ခန်းလုပ်တာ၊ အတွေ့အကြုံသစ်ရှာတာ၊ လုပ်နေကျအချိန်ဇယားတွေကို ပြောင်းလိုက်တာ၊ ဗီတာမင်ဒီပါဝင်မှုများတဲ့အစားအစာတွေကို စားတာ စတဲ့နည်းလမ်းတွေက ဆောင်းရာသီမှာဖြစ်ပေါ်တတ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။
၃။ အစားအစာကို ပုံမှန်မစားခြင်း
အစားအစာကို ပုံမှန်မစားဖြစ်တာ၊ စားလိုက်၊ မစားလိုက်ဖြစ်နေတာတွေက သွေးအတွင်းမှာ သကြားဓာတ်တွေ လျော့နည်းလာစေပါတယ်။ အဲဒီနောက် ဦးနှောက်က ဗိုက်ဆာနေကြောင်း အချက်ပြဖို့အတွက် ဟော်မုန်းတွေ ထွက်လာပါတယ်။
ဒီဟော်မုန်းတွေက သွေးကြောတွေကို တင်းကြပ်စေပြီး ခေါင်းကိုက်လာစေပါတယ်။ ခေါင်းကိုက်တာကို ကာကွယ်ပြီးသားဖြစ်အောင်လို့ အစားအစာကို အချိန်နဲ့ပုံမှန်စားပေးသင့်ပါတယ်။ ကော်ဖီသောက်တာကလည်း ခေါင်းကိုက်တာကို သက်သာစေပါတယ်။
၄။ ရာသီဥတုအေးခြင်း
အေးတဲ့ရာသီဥတုမှာ လေအေးတွေ တိုက်ခတ်တာကြောင့် နှာခေါင်းအတွင်းက အချို့အမြှေးပါးလေးတွေ ခြောက်သွေ့ပြီး ခေါင်းကိုက်လာပါတယ်။ တစ်ခါတရံ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတတ်ပါတယ်။
ဆောင်းရာသီမှာ အာဟာရမျှတအောင်စားတာ၊ ရေဓာတ်ပြည့်ဝအောင်နေတာ၊ စိတ်ဖိစီးမှုတွေကို လျော့ပါးအောင်နေတာ၊ ပြည့်ပြည့်ဝဝအနားယူတာက ခေါင်းကိုက်တာကို ကာကွယ်ပြီးသားဖြစ်စေပါတဘ်။
၅။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အခါမှာ နေ့တိုင်းလိုလို ခေါင်းကိုက်ပါတယ်။ စိတ်ဖိစီးမှုများလို့ တစ်နေ့ကို ၈ နာရီထက်ပိုအိပ်ရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိုးကို သက်သာစေဖို့ တစ်နေ့ကို ၈ နာရီထက် ပိုမအိပ်သင့်ပါဘူး။
Zombie (lovemedia)
0 Comments