ခေါင်းကိုက်တဲ့အခါမှာ ခေါင်းကိုက်ပျောက်ဆေးတွေကို ခဏခဏသောက်ရင် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါမှာ အချိန်တိုအတွင်း သက်သာသွားစေဖို့ အောက်ပါနှိပ်နယ်နည်းတွေက အရမ်းကို ထိရောက်ပါတယ်။
နည်းလမ်း ၁
လက်ညှိုးနှစ်ချောင်းကို နှာခေါင်းရဲ့ဘေးမှာ ထားပြီး ခဏကြာ ဖိထားပေးပါ။ အဲဒီနောက် စက်ဝိုင်းပုံစံနဲ့ ၃ မိနစ်ခန့် ကြာအောင် နှိပ်နယ်ပေးပါ။
နည်းလမ်း ၂
လက်ချောင်းတွေကို ပုခုံးပေါ်မှာ တင်လိုက်ပါ။ လက်ချောင်းလေးတွေနဲ့ ပုခုံးနေရာကို ခဏကြာဖိထားပေးပါ။ ဖိထားပြီးနောက်မှာ ပုခုံးကို ၅ မိနစ်ခန့်ကြာအောင် ညင်ညင်သာသာ နှိပ်နယ်ပေးပါ။
နည်းလမ်း ၃
ညီညာတဲ့ကြမ်းပြင်ပေါ်မှာ လဲလျောင်းလိုက်ပါ။ တင်းနစ်ဘောလုံးကို လက်ထဲမှာ လည်ပင်းအောက်မှာ ထားပေးပါ။ တင်းနစ်ဘောလုံးရဲ့အောက်မှာ လက်ကိုလည်း ထားပေးပါ။
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို အသုံးပြုပြီး ခန္ဓာကိုယ်ကို ရှေ့တိုးလိုက်နောက်ဆုတ်လိုက် ပြုလုပ်ပေးပါ။ မိနစ်အနည်းငယ်ကြာ ပြုလုပ်ပြီးနောက် ခေါင်းကိုက်တာက သိသိသာသာ သက်သာသွားပါတယ်။
နည်းလမ်း ၄
ညာဘက်မေးစေ့ရဲ့အောက်ကို လက်ဆစ်နဲ့ ၁၅ စက္ကန့်ကြာ ထောက်ထားပါ။ ပြီးနောက် ဘယ်ဘက်မေးစေ့အောက်ကို ပြောင်းပြီး လက်ဆစ်နဲ့ ထောက်ပေးပါ။
နည်းလမ်း ၅
လက်ချောင်းထိပ်လေးတွေနဲ့ နားထင်နေရာကို ညင်ညင်သာသာလေး ဖိထားပေးပါ။ အဲဒီနောက် နဖူးတစ်ပြင်လုံးနဲ့ ဦးရေပြားတစ်ခုလုံးကို လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပါ။
နည်းလမ်း ၆
လက်ညိုးလေးကို မျက်ခုံးအောက်မှာ ထားပြီး မိနစ်အနည်းငယ်ကြာအောင် ဖိထားပေးပါ။ အဲဒီနေရာကို လက်မနဲ့ လက်ညိုးသုံးပြီး ညှစ်ပေးလို့လည်း ရပါတယ်။
နည်းလမ်း ၇
လက်နှစ်ဖက်လုံးကို လက်သီးဆုပ်လိုက်ပြီး နဖူးရှေ့မှာ ထားပါ။ နဖူးအလယ်ကနေ ဘေးဘက်ကို လက်သီးဆုပ်နဲ့ မိနစ်အနည်းငယ်ကြာအောင် ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရုံပါပဲ။
နည်းလမ်း ၈
လက်သီးစုပ်ကို နဖူးရဲ့ရှေ့မှာထားပြီး လက်မကို နားထင်နေရာမှာ ထားပါ။ နားထင်နေရာကို စက္ကန့် ၃၀ကြာအောင် ညင်ညင်သာသာ ဖိထားပေးပါ။
Zombie (lovemedia)
0 Comments