လူတိုင်းက အချစ်နဲ့ မလွတ်ကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လူတိုင်းက အချစ်ရေးကံမကောင်းနိုင်ပါဘူး။ ဖိအား၊ ရှင်သန်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်၊ ဆန္ဒ စတဲ့အကြောင်းအချက်တွေပေါ်မူတည်ပြီး ချစ်ရသူတွေနဲ့ လွဲရသလို ချစ်ရသူတွေနဲ့လည်း ဆုံတွေ့နိုင်ကြပါတယ်။
ချစ်ရတဲ့သူနဲ့ တစ်သက်လုံးပျော်ရွှင်သွားဖို့အတွက် အထိရောက်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အချစ်က သင့်ကို တိုးတက်အောင် ကူညီပေးပါတယ်။
ရင့်ကျက်တဲ့သူတွေက ဘယ်တော့မှ အရှုံးမပေးဘဲ အလုပ်ကို ကြိုးစားပါတယ်။ အလုပ်လုပ်တဲ့အခါ အားအင်တွေကို အချစ်က ပေးပါတယ်။
အချစ်ရှိတဲ့အခါမှာ အလုပ်နဲ့ပတ်သက်ပြီး နောက်ပြန်ဆုတ်ဖို့၊ အားလျှော့လိုက်ဖို့ မတွေးမိတော့ပါဘူး။ အချစ်ကြောင့်ပဲ အရင်က အတွေးအခေါ်တွေ ပြောင်းလဲပြီး တိုးတက်မှန်းမသိ တိုးတက်လာမှာပါ။
၂။ အချစ်ဆိုတာ အမြဲတမ်းနားလည်မှုရှိနေတာပါ။
တကယ်ချစ်တဲ့သူတွေက တစ်ဖက်သားအပေါ်မှာ အမြဲတမ်းစာနာထောက်ထားပါတယ်။ သူတို့ရဲ့ဆန္ဒကိုပဲ ဖြစ်မြောက်အောင် မတိုက်တွန်းပါဘူး။ တကယ်မချစ်တဲ့သူတွေက သင့်ဆီက ရသမျှအကုန်ယူပြီး ပြဿနာတွေ ကြုံတွေ့လာတဲ့အခါ ထားသွားမှာပါ။
၃။ တကယ်ချစ်တဲ့အခါမှာ မျှတွေးပေးလာတတ်ပါတယ်။
တကယ်ချစ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် အနိုင်ရဖို့အရေးကို မတွေးမိကျတော့ပါဘူး။ စကားများရန်ဖြစ်တဲ့အခါမှာတောင် "ငါပြောတာ အရမ်းမှားသွားတယ်။ သူအရမ်းခံစားသွားရမှာပဲ" ဆိုပြီးတော့ တစ်ဖက်သားအပေါ်မှာ အမြဲတမ်းတွေးပေးတတ်ပါတယ်။
ရင့်ကျက်တဲ့စုံတွဲတွေက ပန်းတိုင်ချင်းတူညီကြပါတယ်။ မှန်းထားတဲ့ပန်းတိုင်ကိုလည်း ရောက်အောင် သွားလေ့ရှိကြပါတယ်။
၄။ အချစ်က အလုပ်လုပ်ဖို့ တွန်းအားပေးပါတယ်။
ကြာရှည်လက်တွဲဖို့ဆိုရင် တစ်ဖက်သားရဲ့အပြုအမူ၊ စရိုက်၊ အလေ့အထတွေကို သိရှိနေဖို့ လိုအပ်ပါတယ်။ သည်းခံနေဖို့ဆိုတာ အမြဲတမ်းတော့ မလွယ်ကူပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူက အလုပ်မလုပ်ဘဲ မနေပါဘူး။
သင့်ဘက်က တိုက်တွန်းစရာမလိုအောင် သင်နဲ့ နီးစပ်ဖို့ အလုပ်လုပ်နေမှာပါ။ အမြဲတမ်းနာကျင်နေရတဲ့အချစ်ရေးကို မဖြတ်တောက်နိုင်ရင် အချိန်ကြာရှည် ခံစားနေရမှာပါ။
၅။ အချစ်မှာ တာဝန်ယူမှု ပါတင်ပါတယ်။
တစ်သက်လုံးအတူတူနေထိုင်သွားဖို့ဆိုရင် ယုံကြည်ရမယ့်သူဖြစ်ဖို့က အရေးအကြီးဆုံးပါ။ တာဝန်ယူမှုမရှိတဲ့သူက သင့်ကို အမြဲတမ်းဒုက္ခတွေပေးနေမှာပါ။
"လက်ထပ်တာနဲ့ လက်မထပ်တာ ဘာမှ ကွာခြားသွားတာမှမဟုတ်တာ" ဆိုပြီး လက်ထပ်ဖို့ ပြောလိုက်တိုင်း ငြင်းနေရင်တော့ ပြန်လည်စဉ်းစားသင့်ပါတယ်။
၆။ အချစ်မှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုတွေ လိုအပ်ပါတယ်။
ရင့်ကျက်တဲ့သူတွေဟာ သူတို့ရဲ့ပန်းတိုင်ကို ကိုယ်တိုင်တည်ဆောက်ပြီး ပန်းတိုင်ဆီ ရောက်အောင် ကြိုးစားပါတယ်။ တစ်ဖက်သားရဲ့ ပန်းတိုင်၊ ရည်မှန်းချက်တွေအပေါ်လည်း လေးစားမှုရှိပါတယ်။
ဒီလိုအချစ်ရေးမျိုးကတော့ ဖိအားကင်းပြီး ပျော်စရာကောင်းပါတယ်။ အမြဲတမ်းချုပ်ခြယ်နေရင်တော့ ကြာရှည်ခံမယ့်အချစ်ရေးမဖြစ်နိုင်ပါဘူး။
၇။ တကယ်ချစ်တဲ့သူ သင့်ကို ကာကွယ်ပေးမှာပါ။
နာကျင်စရာတွေနဲ့ စိတ်ရှုပ်ထွေးစရာတွေက ဘဝမှာ ပုံမှန်ဖြစ်နေကျ အရာတွေပါပဲ။ အခက်အခဲတွေ ကြုံလာတိုင်း ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်နိုင်ချင်မှ ကာကွယ်နိုင်မှာပါ။ ဒါပေမယ့် တကယ်ချစ်တဲ့သူတွေမှာ အခက်အခဲတွေကိုရင်ဆိုင်ပြီး အပြစ်တွေကို အပြန်အလှန် မပုံချတတ်ပါဘူး။
Zombie (lovemedia)
0 Comments