လူတိုင်းသိထားသင့်တဲ့ လက်ဟန်အမူအရာတွေရဲ့အဓိပ္ပါယ်အကြောင်း

လက်ဟန်အမူအရာက အင်အားကြီးတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်မျိုးပါပဲ။ အရေးပေါ်အခြေအနေတွေမှာ လက်ဟန်အမူအရာပြပြီး အကူအညီတောင်းခံလို့ရသလို အရေးပေါ်အခြေအနေတွေမှာလည်း လက်ဟန်နဲ့ အသိပေးလို့ရပါတယ်။

အဲဒါကြောင့် လူတိုင်းသိထားသင့်တဲ့ လက်ဟန်အမူအရာတွေရဲ့ အဓိပ္ပါယ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အကူအညီတောင်းခြင်း

သင်က တစ်ယောက်တည်းဖြစ်နေပြီး ဒုက္ခရောက်နေတဲ့အခါ၊ ကယ်ဆယ်မှုလိုအပ်တဲ့အခါမှာ လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပါ။

လက်နှစ်ဖက်လုံးကို မြှောက်လိုက်ရင် ရဟတ်ယာဉ် သို့မဟုတ် တစ်ယောက်ယောက်က သင့်မှာ အကူအညီလိုအပ်နေကြောင်း သိရှိသွားပါတယ်။ လက်ကို တစ်ဖက်တည်းမြှောက်ရင်တော့ နှုတ်ဆက်တဲ့အဓိပ္ပါယ်ပါ။

၂။ အိမ်တွင်းအကြမ်းဖက်မှုကို အသိပေးခြင်း

အိမ်တွင်းအကြမ်းဖက်ခံရတဲ့အခါမှာ နှုတ်ကနေအသံထွက်ပြီး အကူအညီတောင်းလို့မရတဲ့အခြေအနေတွေ ရှိနိုင်ပါတယ်။ အဲဒီအခါမှာ လက်အမူအရာကိုပြပြီး အကူအညီတောင်းတာက အထိရောက်ဆုံးပါ။ လက်မကို ကွေးထားပြီး လက်ဖဝါးကို ထောင်လိုက်ပါ။ အဲဒီနောက် ကျန်လက်ချောင်းလေးတွေကို ကွေးလိုက်ပါ။

၃။ ရပ်တန့်ရန် အချက်ပြခြင်း

ကားမောင်းတဲ့အခါ၊ ဆိုင်ကယ်မောင်းတဲ့အခါ၊ စက်ဘီးစီးတဲ့အခါမှာ နောက်ကယာဉ်တွေကို ရပ်တန့်လိုက်ဖို့ လက်နဲ့ အချက်ပြနိုင်ပါတယ်။ လက်ကို ကားပြူတင်းပေါက်ကနေ ထုတ်လိုက်ပြီး အောက်ဘက်ကို ငိုက်ချထားလိုက်ပါ။

အရှေ့မှာ Slow down ရှိလို့ အရှိန်လျှော့သင့်တဲ့အခါ၊ နောက်ကယာဉ်တွေကို ရပ်တန့်လိုက်ဖို့ အချက်ပြချင်တဲ့ ဒီလိုလက်အမူအရာကို အသုံးပြုနိုင်ပါတယ်။

၄။ ကွေ့ဖို့အတွက် အချက်ပြခြင်း

ဒီအချက်ပြနည်းကတော့ ကားမောင်းသူတွေ၊ ဆိုင်ကယ်မောင်းသူတွေ၊ စက်ဘီးစီးသူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ သင်က ဘယ်ဘက်ကို ကွေ့တော့မယ်ဆိုရင် လက်ကို တန်းတန်းဆန့်ထုတ်လိုက်ပါ။ ညာဘက်ကို ကွေ့တော့မယ်ဆိုရင် လက်ကို မြှောက်ပြလိုက်ပါ။

၅။ သဘောတူကြောင်း အချက်ပြခြင်း

တစ်ယောက်ယောက်နဲ့ video call ပြောတဲ့အခါ၊ online class သင်တဲ့အခါ သဘောတူကြောင်းပြတဲ့ လက်အမူအရာက အသုံးဝင်ပါတယ်။ အခြားတစ်ယောက်ပြောနေတုန်း ဖြတ်မပြောချင်တဲ့အခါ လက်မနဲ့ လက်ညှိုးကို ထောင်ထားပြီး ကျန်လက်ညှိုးတွေကို ကွေးထားလိုက်ပါ။

၆။ အများရှေ့မှာ စကားပြောတဲ့အခါ ယုံကြည်မှုကို တည်ဆောက်ခြင်း

အများရှေ့မှာ စကားပြောတဲ့အခါ၊ presentation လုပ်တဲ့အခါမှာ လက်ဟန်အမူအရာက အရမ်းအရေးပါပါတယ်။ လူအများရဲ့အာရုံစိုက်မှုနဲ့ ယုံကြည်မှုကို ရယူဖို့အတွက် လက်တွေကို မြှောက်ထားလိုက်ပြီး အားရပါးရပြောပါ။ ဒီလိုလက်အမူအရာက ပရိသတ်နဲ့ သင့်ကြားမှာ ရင်းနှီးမှုတွေ ပိုရစေပါတယ်။

၇။ နားမကြားတဲ့သူကို ကူညီဖို့ လက်အမူအရာ

နားမကြားတဲ့သူတစ်ယောက်ယောက်က လမ်းပျောက်နေတဲ့အခါ၊ ဒုက္ခရောက်နေတယ်လို့ ထင်ရတဲ့အခါမှာ လက်အမူအရာကို ပြပြီး အကူအညီလိုအပ်လားလို့ မေးမြန်းနိုင်ပါတယ်။

ဘယ်ဘက်လက်ကို လက်မထောင်ပြီး လက်သီးဆုပ်လိုက်ပါ။ ညာဘက်လက်ဖဝါးပေါ်ကို ဘက်ဘက်လက်တင်လိုက်ပြီး လက်နှစ်ဖက်လုံးကို ရင်ဘတ်ရှေ့မှာ ထားလိုက်ပါ။

၈။ အလုပ်အင်တာဗျူးအတွက် လက်အမူအရာ

အလုပ်အတွက် အင်တာဗျူးဖြေရတာက ဖိအားတွေ အများကြီး ရရှိစေပါတယ်။ အလုပ်အင်တာဗျူးဖြေနေချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိကြောင်း ဖော်ပြနိုင်မယ့်လက်အမူအရာတစ်ခု ရှိပါတယ်။

အင်တာဗျူးတဲ့သူ ပြောတာကို နားထောင်နေချိန်မှာ လက်ချောင်းထိပ်လေးတွေကို မျက်နှာချင်းဆိုင် ထိထားလိုက်ပါ။

Bonus

စိတ်ပူပန်မှုတွေက သင့်ရဲ့တစ်နေ့တာကို ခက်ခဲစေမှာပါ။ စိတ်ပူပန်မှုတွေကို အမြန်ဆုံးဖြေဖျောက်လိုတဲ့အခါမှာ လက်မထိပ်လေးနှစ်ခုကို ထိထားလိုက်ပါ။ ဒါကတော့ စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ယောဂလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး စိတ်ကို တည်ငြိမ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments