စိတ်ဖိစီးမှု၊ သွေးဖိအားများခြင်း၊ ရာသီဥတုအခြေအနေစတဲ့အကြောင်းအရင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းကိုက်ရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ဆံပင်စည်းတဲ့ပုံစံကြောင့်ပါဖြစ်ပါတယ်။
အချို့သော ဆံပင်စည်းတဲ့ပုံစံတွေက ဦးရေပြားမှာ ဖိအားတွေ ဖြစ်ပေါ်လာစေပြီး ခေါင်းကိုက်တာကို ခံစားရတတ်ပါတယ်။
၁။ ပိုနီတေးလ်
ဆံပင်ရဲ့မွေးညင်းပေါက်တွေနဲ့ ဦးရေပြားရဲ့အောက်မှာ အထိအခိုက်မခံတဲ့ နာဗ်ကြောလေးတွေ ရှိပါတယ်။ ပိုနီတေးလ်ဆံပင်စည်းနည်းက တင်းကြပ်တာကြောင့် နာဗ်ကြောလေးတွေကို နာကျင်စေပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်တာကို မကြာခဏ ဖြစ်စေပါတယ်။
၂။ နဖူးမှာ ကြိုးစည်းထားခြင်း
နဖူးမှာ ကြိုးစည်းထားတာကလည်း ခေါင်းကိုက်စေပါတယ်။ ကြိုးက အချိန်ကြာကြာ စည်းထားတာကြောင့် နဖူးနဲ့ ဦးရေပြားမှာ ဖိအားတွေ ဆက်တိုက်ဖြစ်ပေါ်စေပါတယ်။
အထူးသဖြင့် နားထင်နေရာမှာ ခေါင်းကိုက်တာကို ပိုခံစားရပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းကတော့ အရမ်းမကြာရှည်တတ်ပါဘူး။
၃။ တင်းကြပ်တဲ့ ကျစ်ဆံမြီး
တင်းတင်းကြပ်ကြပ်စည်းထားတဲ့ ကျစ်ဆံမြီးဆံပင်က အရမ်းကို ကြည့်လို့လှပါတယ်။ ဒါပေမယ့် ဒီလိုဆံပင်စည်းနည်းက ဦးရေပြားမှာ ဖိအားတွေဖြစ်ပေါ်လာစေပြီး ခေါင်းကိုက်လာပါတယ်။
ဓမ္မတာဖြစ်ပေါ်နေတဲ့ကာလတွေမှာ ဦးရေပြားက ပိုပြီးအထိမခံနိုင်တာကြောင့် ဆံပင်မစည်းတာ သို့မဟုတ် ဖွဖွလေးစည်းတာက အကောင်းဆုံးပါ။
၄။ ဆံပင်ကို ဖြောင့်ခြင်း
ဆံပင်ကို တင်းနေအောင် စည်းထားတာက ခေါင်းကိုက်စေသလို ဆံပင်ကို ဖြောင့်စက်နဲ့ ဆွဲတာကလည်း ခေါင်းကိုက်စေပါတယ်။ ဆံပင်ကို ဖြောင့်စက်နဲ့ဆွဲတဲ့အခါ ဦးရေပြားနဲ့ ဆံပင်မွေးညင်းပေါက်တွေမှာရှိတဲ့ နာဗ်ကြောလေးတွေက နာကျင်လာပါတယ်။
အခြားသောဆံပင်ပုံစံတွေနဲ့မတူဘဲ ဆံပင်ကို ဖြောင့်တာကလည်း ခေါင်းကိုက်စေတဲ့အကြောင်းအရင်းတစ်ခုပါပဲ။
ဆံပင်စည်းတာကြောင့် ဖြစ်ပေါ်လေ့ရှိတဲ့ခေါင်းကိုက်ခြင်းကို သက်သာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း
- ဦးရေပြားကို ညင်ညင်သာသာ နှိပ်နယ်ပြီး အသက်ကို ဝဝရှူပါ။
- ဆံပင်စည်းတဲ့အခါမှာ ခပ်လျော့လျော့လေးသာ စည်းပါ။
- ဆံပင်ကို အချိန်အကြာကြီးမစည်းထားသင့်ပါဘူး။
- အိပ်ရေးဝဝအိပ်ပါ။
Zombie (lovemedia)
0 Comments