ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထင်ရပေမယ့် ကလေးတွေကို မကျွေးသင့်တဲ့အစားအစာ (၇) မျိုး

ကလေးတွေက ချိုတဲ့အစားအစာတွေကို အရမ်းသဘောကျကြပါတယ်။ ငယ်ရွယ်စဉ်မှာ ချိုတဲ့အစားအစာ၊ ချိုတဲ့သစ်သီးတွေကို စားကြပါတယ်။ လူကြီးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့သစ်သီးတွေ၊ အစားအစာတွေက ကလေးတွေအတွက်တော့ မစားသင့်ပါဘူး။

၁။ သစ်သီးဖျော်ရည်

သစ်သီးဖျော်ရည်ကို ကလေးတွေ အရမ်းကြိုက်ကြပါတယ်။ သစ်သီးဖျော်ရည်က သောက်ရလည်း လွယ်ကူပါတယ်။ ဒါပေမယ့် သစ်သီးဖျော်ရည်တစ်ခွက်မှာ သကြားက လက်ဖက်ရည်ဇွန်း ၆ ဇွန်းခန့် ပါဝင်နေပါတယ်။

ကလေးတွေကို သစ်သီးဖျော်ရည်တိုက်တာထက် လတ်ဆတ်တဲ့သစ်သီးကိုသာ ကျွေးသင့်ပါတယ်။ ဒါမှမဟုတ် လက်ဆတ်တဲ့သစ်သီးတွေကို ဖျော်ရည်အဖြစ် ပြောင်းလဲပြီးတိုက်လို့လည်း ရပါတယ်။

၂။ ဒိန်ချဉ်

ဒိန်ချဉ်က လူကြီးတွေအတွက်တော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာပါ။ ဒိန်ချဉ်ကို ဝယ်တဲ့အခါ အအေးခန်းထဲမှာ ထည့်ရောင်းတဲ့ ဒိန်ချဉ်ကို မဝယ်သင့်ပါဘူး။

စင်ပေါ်မှာ ဒီတိုင်းတင်ထားတဲ့ ဒိန်ချဉ်ကိုသာ ဝယ်သင့်ပါတယ်။ အချိုများတဲ့ဒိန်ချဉ်ထက် သဘာဝဒိန်ချဉ်က ပိုသင့်တော်ပါတယ်။ အချိုပါဝင်မှုများတဲ့ ဒိန်ချဉ်တွေက ကလေးတွေအတွက် အဝလွန်နဲ့ ဆီးချိုရောဂါဖြစ်စေပါတယ်။

၃။ Cereals

Cereals တွေက ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒီလိုအစားအစာတွေမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေ ပါဝင်လေ့မရှိပါဘူး။ သကြားပါဝင်မှုပဲ များတာပါ။\

သကြားပါဝင်မှုများတာကြောင့် မကြာခဏဗိုက်ဆာပြီး ခဏခဏစားမိသွားတတ်ပါတယ်။ Cereals နေရာမှာ အုတ်ဂျုံမှုန့်ကို အစားထိုးပြီး ကလေးတွေကို ကျွေးလို့ရပါတယ်။

၄။ ပျားရည်

ကလေးတွေကို အသက် ၂ နှစ်မတိုင်ခင်အထိ ပျားရည်မကျွေးသင့်ပါဘူး။ ပျားရည်မှာပါဝင်တဲ့ ဘက်တီးရီးယားတွေက တစ်ခါတရံမှာ ဓာတ်မတည့်မှုဖြစ်ပွားစေပါတယ်။ အဲဒါကြောင့် ငယ်သေးတဲ့ကလေးတွေကို ပျားရည် မကျွေးသင့်သေးပါဘူး။

၅။ စပျစ်သီး

စပျစ်သီးမှာ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒါပေမယ့် ကလေးတွေဥို စပျစ်သီးမကျွေးသင့်ပါဘူး။ စပျစ်သီးရဲ့အစေ့က ကလေးတွေကို ဆို့နင်စေတတ်တာကြောင့်ပါ။

ဒါ့အပြင် စပျစ်သီးက ကလေးတွေရဲ့အစာချေလမ်းကြောင်းမှာ အခက်အခဲဖြစ်စေပါတယ်။ အသက် ၂ နှစ်အောက် ကလေးတွေအတွက် ငှက်ပျောသီးက အသင့်တော်ဆုံးပါပဲ။

၆။ Multivitamins

ကလေးတွေအတွက် ဗီတာမင်နဲ့ပတ်သက်ပြီး ဖြည့်စွက်အစားအစာ‌ ကျွေးတော့မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ဗီတာမင်ကို အစားအစာကနေပဲ ကျွေးသင့်ပါတယ်။ အခြားဖြည့်စွက်ဗီတာမင်တေါ မလိုအပ်သေးပါဘူး။

၇။ Milkshakes

ကလေးတွေက သောက်လို့အရမ်းကောင်းတဲ့ milkshake ကို သဘောကျကြပါတယ်။ ဒါပေမယ့် Milkshake မှာ အဆီနဲ့ သကြားဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ငယ်ရွယ်စဉ်မှာ အချိုနဲ့ အဆီများတဲ့သောက်စရာတွေ သောက်သုံးတဲ့အခါ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေအဖြစ် ဖြစ်ပွားနိုင်ပါတယ်။

အချိုနဲ့အဆီများတဲ့အစားအစာတွေက လူကြီးတွေအတွက်တောင် အန္တရာယ်ဖြစ်စေတာကြောင့် ငယ်ရွယ်သေးတဲ့ကလေးတွေ မကျွေးသင့်သေးပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments