အဆီပြန်အသားရေနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်တွေအတွက် မျက်နှာအသားအရေကို ဘယ်လိုထိန်းသိမ်းနိုင်မလဲ

လူတစ်ယောက်နဲ့တစ်ယောက် အသားအရေအမျိုးအစားချင်း မတူညီနိုင်ပါဘူး။ နေထိုင်တဲ့ပတ်ဝန်းကျင်၊ အစားအသောက်၊ နေထိုင်မှုပုံစံတို့ပေါ်မူတည်ပြီး အသားအရေအမျိုးအစားတွေက ကွဲပြားသွားနိုင်ပါတယ်။

ပုံမှန်အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေ၊ ထိလွယ်ရှလွယ်တဲ့အသားအရေ၊ အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေဆိုပြီး အသားအရေအမျိုးအစားကို ခွဲခြားနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေက အနည်းငယ်ဆင်တူပါတယ်။

အဆီပြန်အသားရေနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်တွေအတွက် မျက်နှာအသားအရေကို ဘယ်လိုထိန်းသိမ်းနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

အဆီပြန်တဲ့အသားအရေ

အဆီပြန်တဲ့အသားအရေမှာ ချွေးပေါက်ကျယ်တာ၊ အဆီထွက်များတာ၊ အသားအရေထူတာ၊ ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်ပေါ်ပါတယ်။

ပေါင်းစပ်အသားအရေ

ပေါင်းစပ်အသားအရေမှာတော့ မျက်နှာရဲ့အချို့နေရာတွေမှာ ခြောက်သွေ့ပြီး အချို့နေရာတွေမှာ ပုံမှန်ဖြစ်နေပါတယ်။ နှာခေါင်း၊ နဖူးနဲ့ မေးစေ့တို့မှာတော့ အဆီပြန်နေတတ်ပါတယ်။

ချွေးပေါက်က ပုံမှန်အသားအရေထက် ကျယ်နေပါတယ်။ နဖူးနေရာမှာ ချွေးထွက်လွယ်ပါတယ်။ ဒါ့အပြင် ဆားဝက်ခြံတွေလည်း ပေါက်တတ်ပါတယ်။

မျက်နှာသစ်ခြင်း

မျက်နှာကို မနက်တစ်ခါ၊ ညနေတစ်ခါ၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်တစ်ခါ သစ်သင့်ပါတယ်။ အဲဒီအခါ မျက်နှာမှာ စုဝေးလာတတ်တဲ့အဆီတွေကို သန့်ရှင်းပြီး ဖြစ်စေမှာပါ။

နူးညံ့တဲ့မျက်နှာသစ်ဆေးကိုသာ ရွေးချယ်သင့်ပြီး အယ်လ်ကိုဟောပါတဲ့မျက်နှာသစ်ဆေးကို ရှောင်သင့်ပါတယ်။ အယ်လ်ကိုဟောပါတဲ့မျက်နှာသစ်ဆေးက မျက်နှာကို ခြောက်သွေ့စေပြီး အဆီတွေ ပိုထွက်လာစေပါတယ်။

မျက်နှာကို ရေနွေးနဲ့လည်း သစ်လို့ရပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာကို ပုဝါနဲ့တို့ရုံလေးသာ ပုတ်ပေးပါ။ ဝက်ခြံထွက်တတ်သူဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ မျက်နှာသစ်ဆပ်ပြာကို ရွေးချယ်သင့်ပါတယ်။

ကြေးချွတ်ခြင်း

အဆီပြန်အသားအရေနဲ့ ပေါင်းစပ်အသားအရေပိုင်ရှင်တွေက scrub နဲ့ ကြမ်းတမ်းတဲ့ မိတ်ကပ်ဖော့တွေကို မသုံးသင့်ပါဘူး။ Scrub သုံးတာက အဆီတွေကို ပိုထွက်လာစေပါတယ်။ ရွှံ့ကို အခြေခံပြီးပြုလုပ်ထားတဲ့ mask, glycokic acid သို့မဟုတ် lactic acid ပါဝင်တဲ့ mask တွေနဲ့ မျက်နှာကို ကြေးချွတ်ပေးသင့်ပါတယ်။

အစိုဓာတ်ဖြည့်ခြင်း

အဆီပြန်တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေတို့ဟာ မျက်နှာအတွက် အစိုဓာတ်လိုအပ်ပါတယ်။ အစိုဓာတ်မလုံလောက်တဲ့အခါမှာ အဆီတွေ ပိုထွက်လာပါတယ်။

အဆီပါဝင်မှုများတဲ့ အလှအပပစ္စည်းတွေကိုတော့ ရှောင်ပြီး သုံးသင့်ပါတယ်။ ရှားစောင်းလက်ပတ်က အဆီပြန်အသားအရေအတွက် အစိုဓာတ်ဖြည့်ပေးဖို့ အကောင်းဆုံးပါ။

အခြားအသားအရေ ထိန်းသိမ်းပစ္စည်းများ

အဆီပြန်အသားအရေနဲ့ ပေါင်းစပ်အသားအရေရှိသူတွေဟာ အပြင်ထွက်ခါနီး ၁၅ မိနစ် အလိုခန့်ကတည်းက sumscreen ကို လိမ်းပေးသင့်ပါတယ်။ အပြင်သွားတဲ့အခါ အဆီပိုထွက်တာကြောင့် ဆီစုပ်တဲ့တစ်ရှုးလေးကိုလည်း ဆောင်ထားသင့်ပါတယ်။

အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုရွေးချယ်တဲ့အခါ "noncomedogenic" လို့ရေးထားတဲ့ပစ္စည်းတွေကို သုံးစွဲနိုင်ပါတယ်။

ဘယ်အချိန်မှာ အရေပြားဆရာဝန်နဲ့ပြသသင့်လဲ။

မျိုးရိုးဗီဇ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့စားသောက်မှု၊ မကောင်းမွန်တဲ့အသားအရေထိန်းသိမ်းနည်း၊ ဟော်မုန်း၊ အစာချေစနစ်ကမောက်ကမဖြစ်မှုတို့ကြောင့် မျက်နှာမှာ အဆီတွေ အရမ်းထွက်လာပါတယ်။

အဆီတွေ အရမ်းထွက်တဲ့အပြင် မျက်နှာမှာ ဝက်ခြံနဲ့ ရောင်ရမ်းတာတွေဖြစ်လာတဲ့အခါမှာ အရေပြားဆရာဝန်နဲ့ပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments