ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့ ရေကို လုံလုံလောက်လေက်သောက်ပေးသင့်ပါတယ်။ ရေက ခန္ဓာကိုယ်က အာဟာရတွေကို သယ်ဆောင်ပေးတာ၊ တံတွေးကို ပြုလုပ်ပေးတာ၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာ၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ စတဲ့များစွာသော လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။
ဒါပေမယ့် တစ်နာရီကို ရေတစ်လီတာထက်ပိုသောက်ရင်တော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်လာစေမှာပါ။
၁။ ဗိုက်ပွခြင်း
အမျိုးသမီးတွေမှာ အဖြစ်များတာကတော့ ဗိုက်ပွတာပါ။ ရေတွေအများကြီးသောက်ထားရင် ဗိုက်အင့်သလိုခံစးရပါတယ်။
ရေကိုမြန်မြန်သောက်ပြီးနောက် အစားတွေအများကြီးစားထားသလို နေရထိုင်ရကောင်းမှမာမဟုတ်ပါဘူး။ ဒါပေမယ့် ဗိုက်အင့်သလို ခံစားရတာက ခဏတာပါပဲ။
၂။ လက်နဲ့ ခြေထောက် ရောင်ရမ်းလာခြင်း
ရေကို သောက်သင့်တာထက် အများကြီးပိုသောက်တဲ့အခါမှာ ခြေထောက်နဲ့လက်တွေမှာ အရည်တွေစုလာပြီး ရောင်ရမ်းသလိုဖြစ်လာပါတယ်။
ရေကို လိုတာထက် အများကြီး သောက်တာက နေ့စဉ်လိုဖြစ်နေတဲ့အခါ ဗဟိုအာရုံကြောမကြီးရဲ့လုပ်ငန်းတွေကို ထိခိုက်လာစေပါတယ်။
၃။ မူးဝေခြင်း
ရေတွေအများကြီးသောက်ထားရင် ခေါင်းမကြည်တော့ပါဘူး။ ရေအများကြီသောက်မိတဲ့အခါ ဦးခေါင်းခွံမှာ ဖိအားတွေဖြစ်လာပါတယ်။ အဲဒီကနေ မူးဝေတာနဲ့ အန်တာကို ခံစားရစေပါတယ်။
၄။ ရေဓာတ်အပြည့်ဝလွန်ခြင်း
ခန္ဓာကိုယ်မှာ ရေဓာတ်တွေက လိုတာထက် ပိုများနေရင် ခေါင်းကိုက်လာပါတယ်။ ပိုဆိုးတဲ့အခြေအနေတွေမှာတော့ မြင်ကွင်းနှစ်ထပ်ဖြစ်တာ၊ အသက်ရှူရခက်တာ၊ သွေးဖိအားတွေများလာတာတို့ ကြုံတွေ့ရနိုင်ပါတယ်။
၅။ ကြွက်သွားတွေ နာကျင်လာခြင်း
ခန္ဓာကိုယ်မှာ သွေးလည်ပတ်တွေ ကောင်းမွန်ဖို့ ကြွက်သားနဲ့ နှလုံးရဲ့လုပ်ငန်းတွေက အရေးပါပါတယ်။ ဒါပေမယ့် ရေတွေအများကြီးသောက်မိတဲ့အခါ ခန္ဓာကိုယ်မှာ လျှပ်လိုက်ရည်တွေ နည်းပါးသွားပြီး ကြွက်သားနာကျင်တာ ဖြစ်ပေါ်လေ့ရှိပါတယ်။
Zombie (lovemedia)
0 Comments