Francesca လို့ခေါ်တဲ့ ၄ နှစ်အရွယ်ကလေးလေးက Down ရောဂါကို ခံစားနေရသူပါ။ ဒါပေမယ့် သူမဟာ အသက် ၄ နှစ်အရွယ်နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ မော်ဒယ်လေးတစ်ယောက် ဖြစ်နေပါပြီ။
Francesca ရဲ့ကျော်ကြားမှုကလည်း တစ်နေ့တစ်ခြား ကြီးမားလာပါတယ်။ Francesca ဟာ ငယ်ငယ်ကတည်းက ကမ္ဘာ့ဖက်ရှင်လောကရဲ့ အာရုံစိုက်တာကို ခံခဲ့ရသူပါ။
သူမဟာ လမ်းလျှောက်တတ်စ ကလေးအရွယ်ကတည်းက မော်ဒယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ပြီး Best Junior Super Model ဆုကို ရခဲ့ပါတယ်။
အသက် ၄ နှစ်အရွယ်ဖြစ်ပေမယ့် သူမရဲ့အလှက အရမ်းကို ပေါ်လွင်နေခဲ့ပါတယ်။
Francesca က အသက် ၄ နှစ်အရွယ်နဲ့ charity fashion show မှာ လျှောက်နိုင်ခဲ့ပြီး သူမရဲ့ချစ်စရာကောင်းတဲ့အပြုံးကို လူအများစုက သဘောကျခဲ့ကြပါတယ်။
အဲဒီဖက်ရှင်ရှိုးပွဲက Down ရောဂါခံစားနေရသူအတွက် ပြုလုပ်ပေးတဲ့ပွဲဖြစ်ပါတယ်။ အဲဒီပွဲမှာ Down ရောဂါခံစားနေရတဲ့ နာမည်ကြီးမော်ဒယ် Madeline Stuart လည်း ပါဝင်ခဲ့ပါတယ်။
Francesca ရဲ့ လူသိများလာမှုအတွက် မိခင်ဖြစ်သူကလည်း အရမ်းကို ဂုဏ်ယူနေခဲ့ပါတယ်။ Francesca က Madeline လိုမျိုး နာမည်ကြီး စူပါမော်ဒယ်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိတာပါ။
Francesca က အခြားကလေးတွေလိုမျိုး လှုပ်ရှားသွားလာနိုင်ပြီး catawalk လျှောက်ရင်လည်း အရမ်းကို အဆင်ပြေပါတယ်။ အခုဆိုရင် Francesca က catawalk ၅ ကြိမ် လျှောက်ပြီးသွားပါပြီ။
Down ရောဂါခံစားနေရတဲ့အခြားကလေးတွေကို အားတက်စေဖို့၊ Down ရောဂါခံစားရသူတွေမှာလည်း ကိုယ်ပိုင်အရည်အချင်းနဲ့ အလှအပတွေရှိကြောင်း ပြသဖို့က Francesca ရဲ့ ရည်ရွယ်ချက်ပါပဲ။
Francesca က မော်ဒယ်အလုပ်အပြင် ဘဲလေးအကကတာ၊ ကမ်းခြေသွားတာတို့ကိုလည်း သဘောကျကြောင်း အမေဖြစ်သူက ပြောပြပါတယ်။
Zombie (lovemedia)
0 Comments