လူတစ်ယောက်က သင့်ကို လိမ်ပြောနေလားဆိုတာကို သူ့ရဲ့ကိုယ်ဟန်အမူအရာကို ကြည့်ပြီး သိနိုင်ပါတယ်။ လိမ်ပြောတာ အရမ်းပိရိတဲ့သူတွေမှာတောင် လိမ်ပြောနေမှန်းသိသာတဲ့အချက်တွေရှိပါတယ်။
အထူးသဖြင့် ပြောတဲ့စကားလုံး။ မျက်နှာအမူအရာတွေကနေ တစ်ဆင့် သိနိုင်ပါတယ်။
၁။ စကားတစ်လုံးနဲ့တစ်လုံးကြားမှာ ခဏခဏ ရပ်နားခြင်း
လူတစ်ယောက်က လိမ်ပြောနေပြီဆိုရင် စကားလုံးတွေကိုဆက်တိုက်မပြောဘဲ တစ်လုံးနဲ့တစ်လုံးကြား ခဏခဏ ရပ်နားနေတတ်ပါတယ်။
"အာ...၊ အင်း...၊ ဆိုလိုတာက..." စတဲ့စကားလုံးတွေကို ခဏခဏညှပ်ပြီး သုံးလေ့ရှိပါတယ်။ လိမ်ဖို့အတွက် ခဏလောက် စဉ်းစားနေရတဲ့အတွက် စကားကို ကြာရှည်အောင် ဆွဲဆန့်တတ်ကြပါတယ်။
၂။ စိတ်ခံစားချက်
တကယ့်စိတ်ခံစားချက်အစစ်က ၅စက္ကန့်ထက် ပိုပြီးမကြာပါဘူး။ လူတစ်ယောက်ဟာ ၅ စက္ကန့်ထက်ပိုပြီး ဝမ်းသာပြနေရင်၊ ဝမ်းနည်းပြနေရင်၊ ပျော်ရွှင်ပြနေရင် အဲဒါ ဟန်ဆောင်နေတာပါ။ မျက်နှာအမူအရာက ၁၀ စက္ကန့်ကြာအောင် တသမတ်တည်းမဖြစ်နိုင်ပါဘူး။
၃။ မျက်နှာအမူအရာနဲ့ စကားလုံးတို့က ထပ်တူမကျခြင်း
လူတွေမှာ စိတ်ခံစားချက်က အရင်ဖြစ်ပေါ်ပြီးမှ စိတ်ခံစားချက်အတိုင်း စကားလုံးတွေက ထွက်ပေါ်လာတာပါ။ "ဒေါသထွက်လာပြီ" ဆိုပြီး ဒေါသထွက်တဲ့ မျက်နှာအမူအရာမဟုတ်ရင်တော့ ဟန်ဆောင်ကောင်းတဲ့လူလိမ်တစ်ယောက်ပါပဲ။
၄။ တကယ့်စိတ်ခံစားချက်
တကယ့်စိတ်ခံစားချက်က ရိုးစင်းပါတယ်။ စိတ်ခံစားချက်တွေက ပြန်လည်ဖြစ်ပေါ်လာအောင် ပြုလုပ်ဖို့ ခက်ခဲပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်ပြုံးတဲ့အခါ နှုတ်ခမ်းက တွန့်ကွေးသွားပါတယ်။
နှုတ်ခမ်းဘေးနဲ့ မျက်လုံးဘေးမှာ အရေးအကြောင်းတွေပေါ်လာပါတယ်။ မျက်ခုံးက အလိုအလျောက် အောက်ကို အနည်းငယ်ညွတ်သွားပါတယ်။
၅။ ထပ်ခါထပ်ခါပြောခြင်း
လိမ်ပြောနေတဲ့သူတွေက ပြောပြီးသားစကားတွေကို ထပ်ခါထပ်ခါ ပြောတတ်ကြပါတယ်။ စကားတစ်ခွန်းကို ခဏခဏထပ်ပြောနေရင် သင်ယုံကြည်အောင် ဆွဲဆောင်ပြီးပြောနေတာပါ။ အဲဒီအချိန်မှာ သူတို့ရဲ့မျက်နှာအမူအရာနဲ့အသံက အရမ်းသိသာနေတတ်ပါတယ်။
၆။ မေးခွန်းမှာ ပါပြီးသားစကားလုံးကို ပြန်သုံးခြင်း
စကားလုံးအသုံးအနှုန်းတွေကနေလည်း လိမ်ပြောနေလားဆိုတာကို သိနိုင်ပါတယ်။ မေးခွန်းမှာပါတဲ့စကားလုံးကို ထည့်ပြီးပြောနေရင် လိမ်နေတာ အရမ်းသိသာပါတယ်။ သူတို့စိတ်ထဲမှာ လိမ်နေတာကို သိသွားမလားဆိုတဲ့ကြောက်စိတ်နဲ့ မေးခွန်းအတိုင်း အတိအကျပြန်ဖြေတတ်ကြပါတယ်။
၇။ မျက်နှာ သို့မဟုတ် နှုတ်ခမ်းကို ဖုံးထားခြင်း
လိမ်နေလားဆိုတာကို သိနိုင်မယ့်အလွယ်ဆုံးနည်းလမ်းကတော့ လူလိမ်တွေက သူတို့မျက်နှာ သို့မဟုတ် ပါးစပ်ကို အုပ်ပြီး ပြောတာပါ။ ပါးစပ်ကို အုပ်ပြီး မပြောရင်တောင် နှုတ်ခမ်းတစ်ဝိုက်ကို လက်က ပွတ်သပ်နေတတ်ပါတယ်။ ဒီအချက်ကတော့ ဝါရင့်လူလိမ်ကြီးတွေတောင် ပြုလုပ်တတ်တဲ့အမူအရာပါပဲ။
Zombie (lovemedia)
0 Comments