ဆောင်းရာသီမှာ ခြေဖနောင့်ကွဲတာကို သက်သာစေဖို့ နည်းလမ်း (၇) ချက်

ဆောင်းရာသီကို ရောက်လာတဲ့အခါ ခြေဖနောင့်တွေက အက်ကွဲလာပါတယ်။ ခြေဖနောင့်ကွဲတာက ပြင်းထန်တဲ့အခါမှာ သွေးတွေထွက်လာပါတယ်။ ဖိနပ်စီးတဲ့အခါ၊ ခြေအိတ်ဝတ်တဲ့အခါမှာလည်း အဆင်မပြေတော့ပါဘူး။

အဲဒါကြောင့် ဆောင်းရာသီမှာ ခြေဖနောင့်မကွဲအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေများများသောက်ပါ။

ခန္ဓာကိုယ်မှာ ရေဓာတ်အပြည့်အဝမရရှိတဲ့အခါ ခြေဖနောင့်အက်ကွဲပါတယ်။ ရေများများသောက်တာက အသားအရေကို စိုပြေစေရုံမက ခြေဖနောင့်ကွဲတာကိုပါ သက်သာစေပါတယ်။

အမျိုးသားတွေက တစ်ရက်ကို ရေ ၃.၇လီတာခန့် သောက်သင့်ပြီး အမျိုးသမီးတွေကတော့ ၂.၇ လီတာခန့် သောက်ပေးသင့်ပါတယ်။

၂။ ရှာလကာရည်

ရှာလကာရည်နဲ့ ခြေထောက်ကို စိမ်တဲ့အခါ ခြေထောက်မှာ ရှိနေတဲ့မှိုတွေကြီးထွားမှုကို နှေးကွေးသွားစေပါတယ်။ ရှာလကာရည်တစ်ဆ၊ ရေအေးနှစ်ဆကို ဇလုံတစ်လုံးထဲမှာ ရောပြီး စိမ်ပါ။ ၁၅ မိနစ်ကြာ စိမ်ပေးရုံနဲ့ ခြေထောက်အက်ကွဲတာက သိသိသာသာ လျော့ပါးသွားပါတယ်။

၃။ ခြေထောက်ကို ကြေးချွတ်ပါ။

ရေမြှုပ်ကျောက်ခဲနဲ့ ခြေထောက်ကို ပွတ်တိုက်တာက ခြေထောက်မှာရှိတဲ့ဆဲလ်သေတွေ၊ ဖယ်ရှားရခက်တဲ့ကြေးတွေကို ပြောင်စင်စေပါတယ်။ ခြေထောက်ကို ရှာလကာရည်နဲ့ စိမ်ပြီးနောက်မှာ ရေမြှုပ်ကျောက်ခဲနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။

၄။ ခြေထောက်ကို ရေဓာတ်ဖြည့်ပါ။

ခြေထောက်ကို အစိုဓာတ်ပါတဲ့ခရင်မ်တွေ လိမ်းပေးရင် ခြေထောက်အက်ကွဲတာကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အစိုဓာတ်ပါတဲ့ခရင်မ်တစ်မျိုးမျိုးကို တစ်နေ့တစ်ကြိမ်ခန့် ခြေထောက်မှာ လိမ်းပေးရုံပါပဲ။ အစိုဓာတ်ပါတဲ့ခရင်မ်အပြင် ရေနံဂျယ်လီကိုလည်း လိမ်းပေးလို့ရပါတယ်။

၅။ အိပ်ရာဝင်တဲ့အခါ ချည်သားခြေအိတ်ကို ဝတ်ပါ။

ချည်သားခြေအိတ်ကို စွတ်ထားတဲ့အခါ ခြေထောက်မှာ အစိုဓာတ်က ထိန်းပြီးသားဖြစ်ပြီး ခြေထောက်ကို နူးညံ့စေပါတယ်။ ခြေထောက်မှာ ရေဓာတ်ဖြည့်ခရင်မ်လိမ်းပြီးနောက် ခြေအိတ်ဝတ်ထားလိုက်ပါ။

၆။ Aspirin

Aspirin ဆေးပြား ၁၀ ပြားခန့်ကို ကြိတ်ပြီး သံပုရည်အနည်းငယ်ညှစ်ထည့်ပါ။ ရလာတဲ့ mask ကို ခြေဖနောင့်မှာ လိမ်းပေးပါ။ လိမ်းပေးပြီးနောက် ခြေဖနောင့်ကို ပလက်စတစ်အိတ်အကြည်လေးနဲ့ ပတ်ထားပေးပါ။ တစ်ညခန့်ထားပြီး မနက်ကျရင်တော့ ခြေထောက်က အရမ်းကို နူးညံ့နေပါတယ်။

၇။ ရေချိုးတဲ့ပုံစံ

ရေချိုးတဲ့ပုံစံကြောင့်လည်း ရေဖနောင့်က ပိုပြီးအက်ကွဲလာပါတယ်။ အစိုဓာတ်တွေမဆုံးရှံးအောင်လို့ ရေကို အကြာကြီးမချိုးသင့်ပါဘူး။ ရေပူအစား ရေနွေးနဲ့သာ ရေချိုးပါ။ ခြေထောက်ကို ရေသုတ်ပြီးနောက် အစိုဓာတ်ဖြည့်ခရင်မ်ကို ချက်ချင်းလိမ်းပေးဖို့ မမေ့ပါနဲ့နော်။

Zombie (lovemedia)

Post a Comment

0 Comments