ခန္ဓာကိုယ်က အံ့ဩဖွယ်ရာတွေနဲ့ ပြည့်နေတဲ့စက်တစ်လုံးပါပဲ။ ဒါပေမယ့် တစ်ခါတရံမှာ သတိမထားမိဘဲ ပြုလုပ်မိတဲ့အရာတွေကြောင့် ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။
အဲဒါကြောင့် နေ့စဉ်အပြုအမူထဲက ဘယ်လိုအပြုအမူတွေက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေလဲဆိုတာ love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ညာဘက်ကို စောင်းအိပ်ခြင်း
လူအများစုက ဘေးဘက်ကို စောင်းပြီး အိပ်တတ်ကြပါတယ်။ ညာဘက်ကို စောင်းပြီး အိပ်တာက အစာချေစနစ်အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။
ညာဘက်စောင်းအိပ်တတ်သူတွေမှာ ရင်ပူတာကို ခံစားရလေ့ရှိပါတယ်။ ကျွမ်းကျင်သူတွေက ဘယ်ဘက်ကို စောင်းအိပ်ဖို့ အကြံပြုကြပါတယ်။
၂။ ကားမှာ ပေနေတဲ့ဖုန်တွေကို သုတ်ခြင်း
ကားမှာပေနေတဲ့ဖုန်တွေကို ရေနဲ့ဆေးချလိုက်တာက အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေ ထွက်လာစေပြီး အသက်ရှူလမ်းကြောင်းကို ဝင်ရောက်သွားပါတယ်။ အဲဒီလိုမဖြစ်စေဖို့အတွက် ကားမှာပေနေတဲ့ဖုန်တွေကို car duster ကို အသုံးပြုပြီးတော့သာ ဖယ်ရှားသင့်ပါတယ်။
၃။ လက်သန့်ရှင်းစေတဲ့တစ်ရှူးအစိုကို အသုံးပြုခြင်း
ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတဲ့တစ်ရှူးအစိုက အသုံးပြုရလွယ်ကူပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့ ရေကိုသာအသုံးပြုပြီး စက္ကန့် ၆၀ ကြာ လက်ရေဆေးတာက အကောင်းဆုံးနည်းလမ်းပါ။
တစ်ရှူးအစိုကို အသုံးပြုပြီးတဲ့အခါ လက်မှာ အကြွင်းအကျန်တွေက တင်ကျန်နေရစ်ပါတယ်။ တစ်ရှူးအစိုမှာပါဝင်တဲ့ အယ်လ်ကိုဟောကြောင့် အသားအရေက ခြောက်သွေ့လာပါတယ်။
၄။ ဖုန်းကို ရှေ့အိတ်ကပ်မှာ ထည့်ခြင်း
ဖုန်းကို လက်ထဲမှာ အမြဲတမ်းကိုင်မထားနိုင်တဲ့အခါ လက်ထဲမှာ ထည့်ထားကြပါတယ်။ ဖုန်းကို ရှေ့အိတ်ကပ်မှာ ထည့်ထားတာက မျိုးပွားစနစ်ကို ထိခိုက်စေပါတယ်။
လေ့လာချက်တစ်ခုမှာ ဖုန်းကို ရှေ့အိတ်ကပ်မှာထည့်တာက သုက်ကောင်အရေအတွက်နဲ့ အရည်အသွေးကို လျော့ပါးစေတယ်လို့ ဖော်ပြထားပါတယ်။
၅။ စမတ်နာရီကို ယုံကြည်ခြင်း
စမတ်နာရီမှာ တွက်ချက်ပေးထားတဲ့ လောင်ကျွမ်းသွားတဲ့ကယ်လိုရီပမာဏဟာ မတိကျပါဘူး။ သူ့မှာဖော်ပြထားတဲ့ ခြေလှမ်းတွေကလည်း မသေချာပါဘူး။
အဲဒါကြောင့် လောင်ကျွမ်းတဲ့ကယ်လိုရီကို စမတ်နာရီကိုကြည့်ပြီး အတည်မယူသင့်ပါဘူး။ စမတ်နာရီမှာပြတဲ့ ကယ်လိုရီနဲ့ တကယ်လောင်ကျွမ်းတဲ့ကယ်လိုရီက ကွာခြားနိုင်ပါတယ်။
၆။ ကော်ဖီကို မနက်ပိုင်းမှာ သောက်ခြင်း
ကော်ဖီက တစ်နေ့တာလုံးလန်းဆန်းစေတာကြောင့် မနက်ပိုင်းမှာ ပိုသောက်ကြပါတယ်။ ကော်ဖီကို မနက်ခင်းအစောကြီးသောက်တာက ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကို ပိုတိုးလာစေပါတယ်။
စိတ်ဖိစီးမှုဟော်မုန်းလို့ခေါ်တဲ့ ကော်တီဇောဟော်မုန်းတွေဟာ တစ်နေ့မှာ ၃ ကြိမ်မြင့်တက်လေ့ရှိပါတယ်။ အဲဒါကြောင့် ကော်ဖီကို မနက် ၁၀ နာရီနဲ့ နေ့လယ် ၁၂ နာရီကြား၊ နေ့လယ် ၂ နာရီနဲ့ ညနေ ၅ နာရီကြားမှာ သောက်သင့်ပါတယ်။
Zombie (lovemedia)
0 Comments