စစ်တမ်းတွေအရ ၂ နှစ်ကနေ ၅ နှစ်ကြာတွဲလာတဲ့စုံတွေဟာ "ချစ်တယ်" ဆိုတဲ့ စကားကို နေ့စဉ်ပြောကြပါတဘ်။ ဒါပေမယ့် ၁၀ နှစ်အထက် စုံတွဲတွေကတော့ ချစ်တဲ့အကြောင်းတွေကို ခဏခဏမပြောကြတော့ပါဘူး။
စုံတွဲတွေအကြားမှာ ချစ်တဲ့အကြောင်းတွေကို နေ့စဉ်ပြောပေးတဲ့အခါမှာ မထင်ထားတဲ့အကျိုးကျေးဇူးတွေကို ရရှိလာစေပါတယ်။
စိတ်လုံခြုံမှု ရရှိနေမှာပါ။
လူသားတွေမှာ စိတ်ခံစားချက်နဲ့ မကင်းလွှတ်နိုင်ပါဘူး။ နေ့စဉ်ဘဝမှာ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ချစ်ရတဲ့သူတွေက ချစ်တဲ့အကြောင်းတွေကို မကြာခဏပြောပေးနေရုံနဲ့ ကိုယ့်ဘက်မှာ အားပေးနေသလို ခံစားချက်တွေရရှိစေမှာပါ။
ချစ်တဲ့အကြောင်းတွေကို စုံတွဲတွေကြားမှာသာမက သူငယ်ချင်း၊ မိသားစုဝင်၊ မောင်နှမတွေကြားမှာ ပြောပေးတဲ့အခါမှာလည်း စိတ်လုံခြုံနွေးထွေးမှုကို ဖြစ်ပေါ်စေပါတယ်။
လူတိုင်းက ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့နေသင့်ပါတယ်။
ချစ်ခြင်းမေတ္တာတွေကို မဖော်ပြရင် တစ်ယောက်နဲ့တစ်ယော်အကြား အေးစက်လာမှာပါ။ သံသယတွေဝင်လာပြီး အနေနီးနေပေမယ့်လည်း ဝေးသလို ဖြစ်နေမှာပါ။
ချစ်တဲ့အကြောင်းတွေကို ပြောပြတာက တကယ်တော့ နွေးထွေးမှုကို ဖော်ပြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အကြားမှာလည်း ယုံကြည်မှုတွေ တိုးလာစေမှာပါ။
ကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ ရရှိစေပါတယ်။
ချစ်ခြင်းမေတ္တာတွေကို မျှဝေပေးတာက အခြားသူတွေအပေါ်မှာ အများကြီး လွှမ်းမိုးသွားစေနိုင်ပါတယ်။ အရမ်းခက်ခဲပင်ပန်းနေတဲ့နေ့ရက်တွေမှာတောင် ချိုသာတဲ့စကားသံတွေက ညစ်နေတဲ့စိတ်ကို အဝေးရောက်သွားစေနိုင်ပါတယ်။
ချစ်တဲ့အကြောင်းတွေကို နေ့စဉ်ပြောပေးနေရုံနဲ့ စိတ်ဖိစီးမှုတွေက အရည်ပျော်ကျပြီး စိတ်ဖိစီးမှုတွေကြောင့် ရလာမယ့်ကျန်းမာရေးပြဿနာတွေ နည်းပါးသွားမှာပါ။
ချစ်ခြင်းမေတ္တာတွေကို ခံစားရရှိနေတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ အောက်ဆီတိုဇင်ဟော်မုန်းထွက်ပါတယ်။ အဲဒီဟော်မုန်းက စိတ်ကို တည်ငြိမ်စေပြီး ခဏအတွင်း ပျော်ရွှင်မှုတွေကို ရရှိလာစေပါတယ်။
နေ့စဉ်ဘဝမှာလည်း ပိုမိုပျော်ရွှင်လာမှာပါ။
ချစ်တဲ့အကြောင်းတွေကို ပြောပေးတာက အခြားသောလက်ဆောင်တွေပေးတာထက်ကို အများကြီး တန်ဖိုးရှိပါတယ်။ စုံတွဲတွေကြားမှာ လက်ဆောင်တွေပေးနေပေမယ့် အချစ်တွေ မရှိတော့ရင် အလကားပါပဲ။ အမြဲတမ်းရှိနေပေးပြီး အချစ်တွေ ခံစားမိနေတာက အကောင်းဆုံးလက်ဆောင်ပါပဲ။
"ချစ်တယ်"ဆိုတဲ့စကားကို နေ့တိုင်းပြောရလို့ သင် ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။
ဘဝက အံ့ဩစရာတွေနဲ့ပဲ အမြဲတမ်းပြည့်နေတာပါ။ အမြဲတမ်း အကောင်းတွေကိုပဲ မကြုံရနိုင်ပါဘူး။ မနက်ဖြန်မှာ ဘာဖြစ်လာမယ်မှန်းကို ကြိုတင်မသိနိုင်တာကြောင့် "ချစ်တယ်" လို့ပြောလိုက်ရတာက ဒီတစ်ကြိမ်နောက်ဆုံးလည်း ဖြစ်သွားနိုင်ပါတယ်။
ဒီစကားလုံးလေးကို ပြောရတာက ဘာမှမပင်ပန်းပေမယ့် တကယ်ချစ်တဲ့သူတွေကို မပြောလိုက်ရတဲ့အခါမှာတော့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ လွမ်းဆွတ်နေရတော့မှာပါ။
အဲဒါကြောင့် တန်ဖိုးထားရတဲ့သူတွေကို ချစ်တဲ့အကြောင်းတွေ ပြောဖို့ ဘယ်တော့မှ မတွေဝေသင့်ပါဘူးနော်။
Zombie (lovemedia)
0 Comments