သန့်ရှင်းနေတဲ့အိမ်၊ အိပ်ခန်း၊ ပတ်ဝန်းကျင်က စိတ်ကို ကြည်လင်စေပါတယ်။ စိတ်ဖိစီးမှုတွေရှိနေရင်တောင် အိမ်က သန့်ရှင်းနေတဲ့အခါ စိတ်ဖိစီးမှုတွေ လျော့ပါးသွားမှာပါ။
သင်က အလုပ်များသူဖြစ်နေရင်တောင် အိမ်ကို အမြဲသန့်ရှင်းနေစေဖို့ လျှို့ဝှက်ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သပ်ရပ်တာနဲ့ သန့်ရှင်းတာရဲ့ကြားမှာ ကွာခြားချက်ရှိပါတယ်။
သင့်အိမ်က သန့်ရှင်းနေပေမယ့် သပ်သပ်ရပ်ရပ်မဖြစ်တာ၊ ပစ္စည်းတွေက ပြန့်ကျဲနေတာတို့ ကြုံဖူးနိုင်ပါတယ်။ အိမ်ကို သန့်ရှင်းရေးလုပ်ထားပေမယ့် အရုပ်တွေ၊ အဝတ်အစားတွေ၊ စာအုပ်တွေက ဟိုတစ်နေရာ၊ ဒီတစ်နေရာပွနေရင် အိမ်က သန့်ရှင်းတယ်လို့ မထင်ရတော့ပါဘူး။
ပစ္စည်းတွေကို သူ့နေရာနဲ့သူ ထားရင် အိမ်ထဲမှာ ဖုန်အနည်းငယ်ရှိနေရင်တောင် သပ်ရပ်တဲ့အိမ်လို့ ထင်ရစေပါတယ်။
၂။ မလိုအပ်တဲ့ပစ္စည်းများ
အိမ်မှာရှိပြီးသားပစ္စည်းတွေကို ထပ်ကာထပ်ကာဝယ်ရင် ပစ္စည်းတွေ ပုံလာပါတယ်။ အဲဒီအခါ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းမဖြစ်တော့ပါဘူး။ မလိုအပ်တဲ့ပစ္စည်းတွေကို မဝယ်တာက ငွေကုန်လည်း သက်သာစေသလို အိမ်ရှင်းရတာလည်း သက်သာစေပါတယ်။
၃။ ပုံးတစ်ခုထဲမှာ ပေါင်းထည့်ထားလိုက်ပါ။
တစ်ခါတရံမှာ အိမ်သန့်ရှင်းရေးလုပ်ဖို့ အချိန်နည်းနေတတ်ပါတယ်။ အဲဒီလိုအချိန်တွေမှာ ဧည့်သည်လာရင် အမြန်သန့်ရှင်းရေးလုပ်ဖို့လည်း မမှီတော့ပါဘူး။ အဲဒီအခါ ပြန့်ကျဲနေတဲ့ပစ္စည်းတွေကို ပုံးတစ်ခုထဲကို အကုန်ပေါင်းထည့်ထားလိုက်ပါ။
ဧည့်သည်ပြန်သွားတဲ့အခါမှ ပစ္စည်းတွေကို ပြန်ထုတ်ပြီး သူ့နေရာနဲ့သူ ထားလိုက်လို့ရပါတယ်။ ဒီနည်းက ပစ္စည်းတွေအထားမှားမှာကိုလည်း စိတ်မပူရတော့ပါဘူး။
၄။ အပြင်မထွက်ခင်မှာ အခန်းကို စစ်ဆေးပါ။
အပြင်ကို မထွက်ခင်တိုင်းမှာ အိမ်ကို လှည့်ပြီး စစ်ဆေးပါ။ အဲဒီအခါ လုံးဝသတိမပြုမိတဲ့ သန့်ရှင်းရေးလုပ်ရမယ့်နေရာတွေ အစီအရီပေါ်လာပါတယ်။
၅။ အိမ်သန့်ရှင်းရေးလုပ်တာက စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။
တကယ်တော့ အိမ်သန့်ရှင်းရေးလုပ်တာက ပျင်းစရာမဟုတ်ဘဲ စိတ်ဖိစီးမှုတွေကိုတောင် လျော့ကျစေပါတယ်။ အိမ်သန့်ရှင်းရေးလုပ်နေချိန်မှာ စိတ်ကို စုစည်းမိပါတယ်။ အိမ်သန့်ရှင်းရေးလုပ်တာက အိမ်ကို သန့်ရှင်းစေရုံမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
Zombie (lovemedia)
0 Comments