ရေချိုးခန်းသန့်ရှင်းရေးလုပ်တဲ့အခါ အချိန်ကုန်လူပင်ပန်း သက်သာစေဖို့နည်းလမ်း (၇) ခု

ရေချိုးခန်းထဲကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ အချိန်အများကြီးပေးရတတ်ပါတယ်။ ဒါပေမယ့် နည်းလမ်းလေးတွေကို သိထားရင် ရေချိုးခန်း သန့်ရှင်းရေးလုပ်ရတာ မပင်ပန်းတော့သလို အချိန်လည်း အများကြီးမပေးရတော့ပါဘူး။

၁။ Tea tree oil

Tea tree oil မှာ ဘက်တီးရီးယားနဲ့ မှိုတွေကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ Tea tree oil ကို ရေချိုးခန်း သန့်ရှင်းရေးလုပ်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။ Tea tree oil အနည်းငယ်နဲ့ မုန့်ဖုတ်ဆိုဒါအနည်းငယ်တို့ကို ရောပြီး လက်ဆေးကန်မှာ ပွတ်တိုက်ပေးရုံပါပဲ။

Tea tree oil က လက်ဆေးကန်မှာရှိတဲ့ မှိုနဲ့ ဘက်တီးရီးယားတေါကို အလွယ်တကူဖယ်ရှားပေးပြီး လက်ဆေးကန်က အရင်လို ပြန်လည်တောက်ပလာပါတယ်။

၂။ မုတ်ဆိတ်ရိတ်ဆပ်ပြာ

ရေချိုးခန်းထဲက မှန်တွေက အချိန်ကြာလာတဲ့အခါမှာ မကြည်လင်တော့ပါဘူး။ အဲဒီအခါ မုတ်ဆိတ်ရိတ်ဆပ်ပြာကို မှန်ပေါ်မှာ ပွတ်တိုက်ပြီး ခဏစောင့်လိုက်ပါ။ ပြီးနောက် မှန်ကို အဝတ်ခြောက်တစ်ခုနဲ့ ပွတ်တိုက်လိုက်ရင် မှန်က ပြန်လည်ကြည်လင်လာပါတယ်။

၃။ ရှာလကာရည်

ရေချိုးခန်းထဲက ကြွေပြားတွေမှာ အဝါရောင်အစွန်းတွေက ဖယ်ရှားရခက်ပါတယ်။ ရှာလကာရည်ခွက်တစ်ဝက်ကို ရေနွေးနဲ့ ရောလိုက်ပါ။

အဲဒီနောက် ရေချိုးခန်းထဲက ကြွေပြားတွေကို ပွတ်တိုက်လိုက်ပါ။ ဒါပေမယ့် စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ ကြွေပြားတွေကိုတော့ ရှာလကာရည်နဲ့ မပွတ်တိုက်သင့်ပါဘူး။

၄။ သတင်းစာ

အိမ်မှာ ရှိတဲ့သတင်းစာအဟောင်းတွေက ရေချိုးခန်းသန့်ရှင်းရေးလုပ်တဲ့အခါမှာ အရမ်းအသုံးဝင်ပါတယ်။ ရေချိုးခန်းမှန်တံခါးတွေ မကြည်တော့ဘူးဆိုရင် သတင်းစာစက္ကူအဟောင်းထဲကို ရှာလကာရည်အနည်းငယ်ထည့်ပြီး ပွတ်တိုက်လိုက်ပါ။

၅။ သွားတိုက်ဆေး

ရေချိုးခန်းရဲ့ကြမ်းပြင်မှာ ဆပ်ပြာအကြွင်းအကျန်တွေ ရှိနေတတ်ပါတယ်။ ရေချိုးခန်း ကြမ်းပြင်ကို သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောလိုက်ရင် ဆပ်ပြာအကြွင်းအကျန်တွေ ပြောင်သွားပါတယ်။

ရေပိုက်ခေါင်းကို သန့်ရှင်းရေးလုပ်ချင်တဲ့အခါမှာလည်း သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပြီး ပြောင်စင်အောင် ရေဆေးချလိုက်ရုံပါပဲ။

၆။ Baby oil

အဝတ်စတစ်ခုထဲမှာ baby oil အနည်းငယ်ထည့်ပြီး ရေပန်းခေါင်း၊ ရေပိုက်ခေါင်းမှာ ပွတ်တိုက်လိုက်ပါ။ ရေပန်းခေါင်းနဲ့ ရေပိုက်ခေါင်းတွေက လက်ဗွေရာတောင် မကျန်လောက်အောင် ပြန်လည် တောက်ပလာပါတယ်။

၇။ မုန့်ဖုတ်ဆော်ဒါ

အိမ်သာက ပိတ်ဆို့နေတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်ရလေ့ရှိပါတယ်။ အဲဒီအခါ မုန့်ဖုတ်ဆိုဒါတစ်ခွက်နဲ့ ရှာလကာရည်နှစ်ခွက်ကို ရောမွှေပြီး အိမ်သာထဲ လောင်းထည့်လိုက်ပါ။ မိနစ် ၃၀ ကြာပြီးနောက်မှာတော့ အိမ်သာထဲမှာ ပိတ်ဆို့နေတာတွေ ပြောင်စင်သွားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments