ကြောင်လေးတွေနဲ့ဆော့ကစားရင်း လစာရမယ့် အလုပ်

ကြောင်ချစ်တတ်သူအတွက် ကြောင်တွေနဲ့ အတူတူနေထိုင်ရတာ ပျော်ရွှင်မှုတစ်မျိုးပါပဲ။ ကြောင်တွေနဲ့အတူတူနေထိုင်ဆော့ကစားရပြီး လစာလည်း ရမယ့်အလုပ်တစ်ခု ရှိပါတယ်။


ဂရိနိုင်ငံက ရင်သပ်ရှုမောဖွယ်အလှတွေရှိတဲ့ Skopelos ကျွန်းရှိပါတယ်။ အဲဒီကျွန်းကို ကမ္ဘာပေါ်ကို နိဗ္ဗာန်ဘုံလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။


Skopelos ကျွန်းမှာ ကြောင်ဂေဟာတစ်ခုရှိပါတယ်။ အဲဒီကြောင်ဂေဟာမှာ ကြောင်တွေနဲ့ဆော့ရမယ့်အပြင် လစာငွေလည်း ရဦးမှာဖြစ်ပါတယ်။


ကြောင်ဂေဟာမှာ ကြောင် ၅၅ ကောင်ရှိပါတယ်။ ကြောင်လေးတွေကို ချစ်တတ်သူ၊ ကြင်နာတတ်သူ၊ ပြုစုစောင့်ရှောက်တတ်သူတွေ လာရောက်လျှောက်ထားနိုင်ကြောင်း သူတို့ရဲ့ facebook page မှာ ရေးသားထားပါတယ်။


အဲဒီကြောင်ဂေဟာမှာ ကြောင်လေးတွေကို အစာကျွေးတာ၊ ဆော့ပေးတာ၊ ဆေးတိုက်တာ၊ နေမကောင်းတဲ့အခါ ဆေးခန်းခေါ်သွားပေးတာတို့ ပြုလုပ်ပေးရမှာပါ။ ဒါ့အပြင် လူတွေနဲ့ မရင်းနှီးသေးတဲ့ ကြောင်လေးတွေကိုပါ ပြုစုစောင့်ရှောက်ရမှာပါ။


ကြောင်ဂေဟာမှာ အလုပ်လုပ်မယ့်သူအတွက် အိမ်တစ်လုံးပေးထားမှာဖြစ်ပါတဘ်။ အိမ်က မကြီးပေမယ့် ခေတ်မီလှပတဲ့အိမ်တစ်လုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အိမ်မှာ ဥယျာဉ်တစ်ခုပါရှိပြီး အိမ်ရဲ့အနှောက်ဖက်ကို လှမ်းကြည့်လိုက်ရင်တော့ Aegean ပင်လယ်ရဲ့အလှကို မြင်တွေ့ရမှာပါ။


ဒီအလုပ်ကတော့ အချိန်ပိုင်းအလုပ်ပဲ ဖြစ်ပါတယ်။ တစ်ရက်ကို ၄ နာရီခန့်လောက်သာ အလုပ်လုပ်ရမှာဖြစ်ပါတယ်။


သင်ဟာကြောင်ချစ်တတ်ပြီး ဒီအလုပ်ကို စိတ်ဝင်စားရင်တော့ သူတို့ရဲ့ facebook page ကို ဆက်သွယ်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments