သဘာဝဆီကနေ ရတဲ့အလှကုန်ပစ္စည်းတွေက ရေပန်းစားလူကြိုက်များပါတယ်။ အလှအပစစ္စည်းအများစုကိုလည်း သဘာဝပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်ကြပါတယ်။
ဒါပေမယ့် အသားအရေအတွက် သဘာဝပစ္စည်းတွေကို အသုံးများတဲ့အခါမှာ ကောင်းကျိုးထက် ဆိုးကျိုးတွေ ရရှိလာမှာပါ။
၁။ အုန်းဆီ
အုန်းဆီကို အသားအရေအလှအပစ္စည်းတွေကနေ ဆံပင်အလှကုန်ပစ္စည်းတွေအထိ အသုံးပြုကြပါတယ်။ ဒါပေမယ့် အုန်းဆီက ဆံပင်အမျိုးအစားတိုင်းနဲ့ မကိုက်ညီပါဘူး။
စိမ့်ဝင်နိုင်မှုအားနည်းတဲ့ဆံပင်တွေအတွက် အုန်းဆီလိမ်းလိုက်ရင် အစိုဓာတ်က ဆံမျှင်တွေအထိ မရောက်ဘဲ ဆံသားက ပိုခြောက်သွေ့နေတတ်ပါတယ်။
၂။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကို ဝက်ခြံ၊ ဗောက်တို့ကို ကုစားဖို့ အသုံးပြုကြပါတယ်။ ပန်းသီးရှာလကာရည်မှာ အက်စစ်ပါဝင်မှုများတာကြောင့် အသားအရေကို လောင်စေပါတယ်။ ပန်းသီးရှာလကာရည်ကို ရေရောပြီးမှ အသုံးပြုသင့်သလို အလွန်အကျွံလည်း အသုံးမပြုသင့်ပါဘူး။
၃။ ကြက်ဥအကာ
မျက်နှာမှာ ချွေးပေါက်ကျယ်တဲ့အခါ ချွေးပေါက်ကျဉ်းအောင်လို့ ကြက်ဥအကာကို လိမ်းလေ့ရှိကြပါတယ်။ ကြက်ဥအကာက မျက်နှာကိုလည်း ချောမွေ့စေပါတယ်။ ဒါပေမယ့် ကြက်ဥက အစာအဆိပ်သင့်စေတဲ့ပိုးသယ်ဆောင်သူဖြစ်တာကြောင့် ကြက်ဥအကာအစိမ်းကို ပါးစပ်ထဲမဝင်အောင် ဂရုပြုပါ။
၄။ သစ်ကြံပိုး
ဝက်ခြံကို ကုသတဲ့နေရာမှာ သစ်ကြံပိုးက နာမည်ကြီးပါပဲ။ သစ်ကြပိုးထဲကို အခြားသောပါဝင်ပစ္စည်းတွေ ထည့်သွင်းပြီး မျက်နှာအတွက် mask ပြုလုပ်ကြပါတယ်။
သစ်ကြံပိုးကို အများကြီးအသုံးပြုတဲ့အခါ၊ ခဏခဏအသုံးပြုတဲ့အခါ အသားအရေ နီမြန်းတာ၊ ယားယံတာ၊ အဖုအပိမ့်ပေါက်တာတို့ ခံစားရစေပါတယ်။
၅။ သကြား
မျက်နှာကို ကြေးချွတ်တဲ့အခါ သကြားကို အသုံးများကြပါတယ်။ မျက်နှာအသားအရေအတွက် သကြားကို အသုံးပြုမယ်ဆိုရင် အရမ်းကို ကြမ်းတမ်းပါတယ်။ အထူးသဖြင့် ထိလွယ်ရှလွယ်တဲ့အသားအရေပိုင်ရှင်တွေအတွက် သကြားကို အသုံးပြုပြီး မျက်နှာကို ကြေးမချွတ်သင့်ပါဘူး။
၆။ သံပုရာသီး
သံပုရာသီးမှာ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ အများကြီးပါဝင်ပါတယ်။ သံပုရာသီးက အိုမင်းရင့်ရော်တာကို နှေးကွေးသွားစေပါတယ်။
ဒါပေမယ့် သံပုရာသီးကို မျက်နှာအသားအရေမှာ အသုံးပြုပါများတဲ့အခါ အသားအရေလောင်တာကို ကြုံတွေ့ရစေပါတယ်။ မျက်နှာကို သံပုရာသီးနဲ့ပွတ်ပြီးရင် နေရောင်နဲ့တိုက်ရိုက်မထိတွေ့သင့်ပါဘူး။
၇။ အုတ်ဂျုံမှုန့်
ယားယံတတ်တဲ့အသားအရေအတွက် အုတ်ဂျုံမှုန့်နဲ့ရေချိုးတာက အကောင်းဆုံးပါ။ ဒါပေမယ့် အုတ်ဂျုံမှုန့်ကို အသုံးများတဲ့အခါမှာ အသားအရေခြောက်ပြီး ပိုပြီးယားယံလာပါတယ်။
၈။ မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါနဲ့ရေချိုးတာက အသားအရေအတွက် အများကြီးအကျိုးရှိစေပါတယ်။ မုန့်ဖုတ်ဆော်ဒါက အသားအရေတင်းမာနေတာတွေကို ပြေလျော့စေတာကြောင့်ပါ။
သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ မုန့်ဖုတ်ဆော်ဒါကိုအသုံးများပြီး အယ်လ်ကာလိုင်းများသွားတဲ့အခါမှာတော့ အသားအရေက ပိုမိုခြောက်သွေ့ယားယံလာတတ်ပါတယ်။
Zombie (lovemedia)
0 Comments