ကျန်းမာရေးနဲ့ညီညွတ်အောင်လို့ တစ်နေ့ကို ရေ ၈ ခွက်သောက်သင့်တယ်လို့ အကြံပြုကြပါတယ်။ ဒါပေမယ့် တစ်နေ့ကို ရေ ၈ ခွက်သောက်သင့်တယ်ဆိုတာ အပြည့်အဝတော့ မမှန်ကန်ပါဘူး။
ရေကို တစ်နေ့ကို ဘယ်လောက်သောက်သင့်လဲဆိုတာ တစ်ဦးချင်းအပေါ်မှာ မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။
တစ်နေ့မှာ ရေ ၈ ခွက်သောက်ဖို့ တကယ်ပဲလိုအပ်တာလား
ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေအားလုံးမှာ ရေဓာတ်တွေ ပါဝင်ပါတယ်။ နှလုံးနဲ့ ဦးနှောက်မှာ ရေက ၇၃ ရာခိုင်နှုန်းပါဝင်ပါတယ်။ အဆုတ်မှာ ရေက ၈၃ ရာခိုင်နှုန်းရှိပါတယ်။
တစ်နေ့ကို ရေ ၈ ခွက်အနည်းဆုံးသောက်သင့်တယ်ဆိုတာက ပျမ်းမျှတွက်ချက်ထားတာပဲဖြစ်ပါတယ်။ တကယ်တော့ သင့်ရဲ့ခန္ဓာကိုယ်က ဒီပမာဏထက် ပိုပြီးတော့လည်း လိုအပ်နိုင်သလို လျော့ပြီးတော့လည်း လိုအပ်နိုင်ပါတယ်။
ခန္ဓာကိုယ်မှာ လိုအပ်တဲ့ရေပမာဏ
အသက်အရွယ်
ရေသောက်သင့်တဲ့ပမာဏက အသက်အရွယ်ပေါ်မူတည်ပြီးတော့လည်း ကွဲပြားသွားနိုင်ပါတယ်။
ကိုယ်အလေးချိန်
လေ့လာချင်တွေအရ ကိုယ်အလေးချိန်များသူတွေက ရေကိုများများသောက်သင့်ပါတယ်။ ရေများများသောက်တာက ကိုယ်အလေးချိန်ကျအောင်လည်း ကူညီပေးနိုင်ပါတယ်။
ပတ်ဝန်းကျင်
ပူတဲ့ပတ်ဝန်းကျင်မှာ နေထိုင်တဲ့အခါ ရေသောက်ဖို့ ပိုလိုအပ်လာပါတယ်။ ပင်လယ် သို့မဟုတ် သမုဒ္ဒရာအနီးအနားမှာ နေထိုင်ရင် စိုထိုင်းဆက ပိုမြင့်တာကြောင့် ကိုယ်တွင်းအင်္ဂါတွေက ရေကို နည်းနည်းပါးပါးပဲ လိုအပ်ပါတယ်။
လေ့ကျင့်ခန်း
အားကစားသမား သို့မဟုတ် လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေက ချွေးပိုထွက်တာကြောင့် ရေကို အခြားသူတွေထက် ပိုလိုအပ်ပါတယ်။ ဆုံးရှုံးသွားတဲ့ချွေးတွေနေရာမှာ ရေနဲ့ပြန်အစားထိုးဖို့ လိုအပ်လို့ပါ။
ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်
ကိုယ်ဝန်ဆောင်နေစဉ်နဲ့ နို့တိုက်မိခင်တွေမှာ ပုံမှန်ထက် ရေကို ပိုများများသောက်ပေးသင့်ပါတယ်။
ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအခြေအနေ
ဖျားတဲ့အခါ၊ ဝမ်းလျှောတဲ့အခါမှာ ခန္ဓာကိုယ်မှာ ရေဓာတ်တွေ လျော့ပါးသွားပါတယ်။ အဲဒီလိုအခြေအနေတွေမှာတော့ ရေကိုများများသောက်ပေးသင့်ပါတယ်။
တစ်နေ့တာသောက်သင့်တဲ့ရေပမာဏကို တွက်ဆနည်း
လူတစ်ယောက်အတွက် သောက်သင့်တဲ့ရေပမာဏက ခန္ဓာကိုယ်အလေးချိန်ကီလိုဂရမ်ကို ၀.၀၃၃ နဲ့ မြှောက်ပြီး ရလာတဲ့ရလဒ်ပါ။ တစ်နေ့တာသောက်သင့်တဲ့ပမာဏကို သိရှိပြီးနောက် ရေသောက်ဖို့ အချိန်တွေကို ခွဲခြားထားလိုက်လို့ရပါပြီ။
မနက်ခင်းအိပ်ရာထချိန်မှာတော့ ရေနှစ်ဖန်ခွက်ကို သောက်သင့်ပါတယ်။ မနက်ခင်းမှာ ရေသောက်လိုက်ရင် အားအင်တွေ ပြည့်ပြီ ဇီဝကမ္မဖြစ်စဉ်တွေက မြင့်လာပါတယ်။
ရေနေရာမှာ အစားထိုးနိုင်တဲ့အစားအစာများ
ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပေမယ့် ရေနေရာမှာ အခြားရေဓာတ်ဖြည့်အစားအစာတွေကို ထည့်သွင်းစားသုံးလို့ရပါတယ်။
ရေဓာတ်များတဲ့ သခွားသီး၊ ဖရဲသီး၊ လိမ္မော်သီးတို့ကို စားပေးရင်လည်း ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်သောက်ပြီးတဲ့အခါမှာ ရေကို များများပိုသောက်သင့်ပါတယ်။
Zombie (lovemedia)
0 Comments