ဒူဘိုင်းက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ မြို့တွေထဲက တစ်မြို့အပါအဝင်ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်တွေတုန်းကဆိုရင် ဒူဘိုင်းမှာ အဆောက်အဦးကလည်း အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ဒူဘိုင်းမှာ ကမ္ဘာပေါ်က အခြားမြို့တွေနဲ့ မတူဘဲ စိတ်ဝင်စားစရာအချက်တွေ အများကြီးရှိပါတယ်။

၁။ ဒူဘိုင်းက sport car များ

ဒူဘိုင်းမှာ Aston Martin, Ferrari, Mercedes ကားတွေကို ရဲကားတွေအဖြစ် အသုံးပြုကြတာကို တွေ့ရမှာပါ။ ရဲတွေက ကင်းလှည်တဲ့အခါမှာ တန်ဖိုးကြီးတဲ့ကားတွေနဲ့ လှည့်လေ့ရှိကြပါတယ်။ ဒူဘိုင်းမှာ စွ့န်ပစ်ထားတဲ့ တန်ဖိုးကြီးကားတွေကိုလည်း တွေ့နိုင်ပါတယ်။

အဲဒီကားတွေကို ၂၀၀၉ ခုနှစ် စီးပွားရေးကပ်မဆိုက်ခင်မှာ ဝယ်ထားတာ ဖြစ်ပါတယ်။ စီးပွားရေး ကြပ်တည်းလာတဲ့အခါမှာ အကြွေးတွေ နစ်လာပြီး ဒေဝါလီခံလာရပါတယ်။ အခွန်တွေ မပေးနိုင်တော့တာကြောင့် ကားတွေကို ဒီတိုင်းပဲ ထားလိုက်ရပါတော့တယ်။

၂။ နိုင်ငံလူဦးရေရဲ့ ၇၇ ရာခိုင်နှုန်းက ရွှေ့ပြောင်းနေထိုင်သူတွေပါ။

နိုင်ငံလူဦးရေရဲ့ ၂၃ ရာခိုင်နှုန်းကပဲ UAE မှာ မွေးဖွားသူတွေပါ။ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလုပ်သမားတွေဟာ ဒူဘိုင်းကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ သူတို့ရဲ့ဘဝက UAE နိုင်ငံသားတွေရဲ့ဘဝနဲ့တော့ အများကြီးကွာခြားပါတယ်။

၃။ မွေးနေကျမဟုတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မွေးလေ့ရှိကြပါတယ်။

ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာ ခွေး၊ ကြောင်၊ ယုန် စတဲ့တိရစ္ဆာန်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြပါတယ်။ ဒူဘိုင်းက လူကုံထံတွေကတော့ သားရဲတိရစ္ဆာန်တွေဖြစ်တဲ့ ကျား၊ ခြင်္သေ့၊ ချီတာကျားသစ်တို့ကို အိမ်မှာမွေးထားတတ်ကြပါတယ်။

၄။ ဒူဘိုင်းမှာ အခွန်ကောက်ခံပါတယ်။

အရင်တုန်းကတော့ ဒူဘိုင်းက အခွန်ကင်းလွတ်တဲ့မြို့တော်ပါ။ အခွန်တွေကို စတင်ကောက်ခံတာကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကနေ စတင်ပါတယ်။ ဒူဘိုင်းရဲ့ဝင်ငွေမြင့်တက်လာအောင် အခွန်ကို ကောက်ခံပါတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးတို့ကတော့ အခွန်ကင်းလွန်ဆဲပါပဲ။

၅။ ဒူဘိုင်းမြို့က အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပါ။

City Momentum Index အရ ဒူဘိုင်းက အလျင်မြန်ဆုံးတိုးတက်နေတဲ့ မြို့တော်တွေထဲက တစ်မြို့အပါအဝင်ပါ။ မြေအောက်မီးရထားဘူတာရုံ ၄၂ ရုံကို ၃ နှစ်အတွင်း အပြီးတည်ဆောက်ခဲ့ပါတယ်။ ဒူဘိုင်းမှာ လူသားတွေဖန်တီးထားတဲ့ ကျွန်းကိုလည်း တွေ့နိုင်ပါတယ်။

၆။ Burj Khalifa ဟော်တယ်မှာ ရှိတဲ့ရွှေတွေက မိုနာလီဆာပန်းချီကားကို ၄၆၂၅၄ ကြိမ်ခန့် ဖုံးအုပ်လို့ ရနိုင်ပါတယ်။

Burj Khalifa ဟော်တယ်က ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံးဟော်တယ်တွေထဲက တစ်ခုအပါအဝင်ပါ။ အဲဒီဟော်တယ်ထဲက အကျယ်အဝန်း ၈၀၀၀ စတုရန်းမီတာကို ၂၂ ကာရက်ရွှေနဲ့ အလှဆင်ထားပါတယ်။ အဲဒီရွှေပမာဏက ကမ္ဘာကျော်မိုနာလီဆာပန်းချီကားကို ၄၆၂၅၄ ကြိမ်ခန့် ဖုံးအုပ်လို့ ရနိုင်တဲ့ပမာဏပါ။

၇။ ဒူဘိုင်းမှာ စက်ရုပ်တွေက သစ်ကုလားအုတ် စီးကြပါတယ်။

ဒူဘိုင်းမှာ သစ်ကုလားအုတ်စီးတာက ရိုးရာအစဉ်အလာပါ။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ သစ်ကုလားအုတ်စီးပြိုင်ပွဲမှာ လူသားတွေအစား စက်ရုပ်တွေက ဝင်ရောက်ယှဉ်ပြိုင်တာပါ။ စက်ရုပ်တစ်ရုပ်ရဲ့တန်ဖိုးက ဒေါ်လာ ၃၀၀၀ ကနေ ဒေါ်လာ ၁၀၀၀၀ အထိ တန်ကြေးရှိပါတယ်။

၈။ လိပ်ခုံးအမိုး

ဒူဘိုင်းမှာရှိတဲ့ လိပ်ခုံးပါဝင်တဲ့အဆောက်အဦးတစ်ခုဟာ ၄.၅ သန်းစတုရန်းမီတာ ကျယ်ဝန်းပါတယ်။ အဲဒီလိပ်ခုံးအဆောက်အဦးထဲမှာ ရုပ်ရှင်ရုံ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်နဲ့ ပန်းခြံတွေ ပါဝင်ပါတယ်။

၉။ အဆောက်အဦးထဲမှာ စီးလို့ရတဲ့ စကိတ်ကွင်းလည်း ရှိပါတယ်။

ဒူဘိုင်းမြို့ရဲ့ အဆောက်အဦးထဲမှာ စီးလို့ရတဲ့ စကိတ်ကွင်းက ၂၂၅၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။ အဲဒီအဆောက်အဦးထဲမှာ ၂၉၇ ပေမြင့်တဲ့ တောင်တစ်လုံးနဲ့ ဆင်ခြေလျှော ၅ ခု ပါဝင်ပါတယ်။

စကိတ်စီးဖို့အတွက် လမ်းအရှည်က ၁၃၀၀ ပေရှည်လျားပါတယ်။ စကိတ်ကွင်းထဲမှာ နှင်းတွေ ရှိနေပြီး နှင်းဘောလုံးအကြီးစား၊ ရေခဲလိုဏ်ဂူတွေလည်း ပါဝင်ပါတယ်။

Zombie (lovemedia)