ချီလီနိုင်ငံက တောင်ပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့နိုင်ငံပါ။ ချီလီနိုင်ငံရဲ့ယဉ်ကျေးမှုတွေကို နိုင်ငံခြားသားအချို့က အလွယ်တကူနားမလည်နိုင်ကြပါဘူး။ အဲဒါကြောင့် ချီလီနိုင်ငံက ထူးခြားတဲ့ အလေ့အထလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အဝလွန်နေတဲ့အမျိုးသမီးများ
ချီလီနိုင်ငံသားတွေက မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို အရမ်းဂရုမစိုက်ကြပါဘူး။ သူတို့ဂရုစိုက်တာကတော့ အချက်အပြုတ်ကောင်းတဲ့မိန်းကလေး၊ အိမ်ကို သေချာစီမံခန့်ခွဲနိုင်တဲ့ မိန်းကလေးကိုပါပဲ။ အဲဒါကြောင့် ခန္ဓာကိုယ်နဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး အိမ်ထောင်ဖက်ကို မရွေးချယ်ကြပါဘူး။
၂။ ၁၃ ရက်သောကြာနေ့က သာမန်နေ့တစ်ရက်ပါပဲ။
အခြားနိုင်ငံတွေမှာ ၁၃ ရက် သောကြာနေ့ကို ကံဆိုးတဲ့နေ့လို့ သတ်မှတ်ထားကြပါတယ်။ ချီလီနိုင်ငံမှာတော့ အဲဒီလိုမဟုတ်ပါဘူး။ ၁၃ ရက် သောကြာနေ့ကိုလည်း မကြောက်ကြပါဘူး။ ကြောင်အနက်ကိုတွေ့ရင် ကံဆိုးတယ်လို့လည်း မမှတ်ယူကြပါဘူး။
၃။ အမျိုးသမီးတွေက အမျိုးသားအလုပ်တွေကိုလည်း လုပ်ကိုင်ကြပါတယ်။
ချီလီနိုင်ငံက အမျိုးသမီးတွေက ဘယ်အလုပ်ကိုမဆိုလုပ်နိုင်ကြပါတယ်။ တူနဲ့သံကို ဘယ်လိုရိုက်ရမလဲ၊ လွန်ကိုဘယ်လိုဖောက်ရမလဲဆိုတာလည်း နားလည်ကြပါတယ်။
၄။ အိမ်မှာလည်း ဂျာကင်နဲ့ ဘွတ်ဖိနပ်ကြီးတွေကို စီးကြပါတယ်။
လူအများထင်ကြသလို ချီလီနိုင်ငံက တစ်နှစ်ပတ်လုံး ပူပြင်းနေတာတော့ မဟုတ်ပါဘူး။ ချီလီနိုင်ငံမှာ ဇွန်လကနေ ဩဂုတ်လအထိ အရမ်းကို အေးပါတယ်။ အဲဒီအချိန်တွေမှာတော့ အိမ်ထဲမှာတင် အနွေးထည်အထူကြီးတွေကို ဝတ်ဆင်ကြပါတယ်။
၅။ ချီလီနိုင်ငံသားတွေက တစ်ရက်ကို ရေ ၃ ကြိမ်ချိုးကြပါတယ်။
ချီလီနိုင်ငံသားတွေက တစ်ကိုယ်ရည်သန့်ရှင်းကို အရမ်းဂရုစိုက်ကြပါတယ်။ ရုံးတွေမှာတောင် သွားတိုက်တံနဲ့ သွားတိုက်ဆေးကို ထားပေးပါတယ်။ ကော်ဖီသောက်ပြီးရင်တောင် သွားတိုက်ကြပါတယ်။ တစ်ရက်ကိုလည်း ရေ ၃ ကြိမ်ချိုးလေ့ရှိကြပါတယ်။
၆။ ညစာကို နည်းနည်းပါးပါးပဲ စားကြပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာတော့ ညစာကို ပုံစံအမျိုးမျိုးနဲ့ စားကြပါတယ်။ ချီလီနိုင်ငံမှာတော့ ညစာကို အဖြစ်လောက်ပဲ စားလေ့ရှိကြပါတယ်။ ပုံမှန်ညစာတွေမှာ ဆန်းဝှစ်ချ်နဲ့ လက်ဖက်ရည်ပဲ ပါဝင်ပါတယ်။
၇။ ပူတဲ့ရာသီဥတုမှာလည်း နွေးစေမယ့်အဝတ်အစားတွေကို ဝတ်ကြပါတယ်။
အပူချိန်က ၈၆ ဒီဂရီဖာရင်ဟိုက်အထိ မြင့်နေပေမယ့်လည်း ခန္ဓာကိုယ်ကို နွေးထွေးစေမယ့် အဝတ်အစားတွေကို ဝတ်ကြပါတယ်။ ချီလီမိန်းကလေးတွေက ပူပြင်းတဲ့ရာသီဥတုမှာလည်း ဂျင်းဘောင်းဘီအထူကြီးတွေကို ဝတ်ဆင်ကြပါတယ်။
၈။ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို အသုံးမပြုကြပါဘူး။
ပူတဲ့ရာသီဥတုမှာ ချီလီနိုင်ငံက ပေါ့ပေါ့ပါးပါး အိပ်ရာတွေနဲ့ပဲ အိပ်ကြပါတယ်။ ဒါပေမယ့် ဆောင်းရာသီရောက်တဲ့အခါမှာလည်း အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေကို မသုံးကြပါဘူး။
၉။ အိမ်သာသုံးစက္ကူကို ဘူးနဲ့ထည့်ထားတတ်ကြပါတယ်။
ချီလီနိုင်ငံမှာ အိမ်သာသုံးစက္ကူတွေကို ဒီတိုင်းပဲ မတင်ထားကြပါဘူး။ အထူးပြုလုပ်ထားတဲ့ဘူးတွေထဲမှာ သေသေချာချာထည့်ထားလေ့ရှိကြပါတယ်။
Zombie (lovemedia)
0 Comments