ကျန်းမာရေးအတွက် အိမ်မှာ စိုက်ထားသင့်တဲ့အပင် (၇) မျိုး

ကမ္ဘာပေါ်မှာ အပင်မျိုးစိတ်ပေါင်း ၄၅၀၀၀၀ ကျော်ရှိပါတယ်။ အဲဒီထဲကမှ မျိုးစိတ်ပေါင်း ၃၅၀၀၀ ကျော်ကနေ ၇၀၀၀၀ လောက်အထိကို ဆေးဝါးအတွက် ကမ္ဘာ‌ပေါ်မှာ အသုံးပြုကြပါတယ်။ အိမ်မှာတင်လွယ်လွယ်ကူကူ စိုက်ပျိုးနိုင်တဲ့ဆေးဖက်ဝင်အပင်တွေလည်း ရှိပါတယ်။

၁။ ပဲကောသီးပင် (Ginkgo biloba)

ပဲကောသီးပင်ကို တရုတ်တိုင်းရင်းဆေးမှာ အသုံးအများဆုံးဖြစ်ပါတယ်။ ပဲကောသီးပင်က ဦးနှောက်မှတ်ဉာဏ်အတွက် အများကြီးအကျိုးပြုပါတယ်။ သူ့မှာ အင်တီအောက်ဆီးဒင်‌တွေ များများပါဝင်ပါတယ်။

မကြာခဏမေ့တတ်သူ၊ မှတ်ဉာဏ်အားနည်းသူတွေ သောက်သုံးသင့်သလို အရိုးကျန်းမာရေးအတွက်လည်း သောက်သုံးနိုင်ပါတယ်။

၂။ ချာမိုမိုင်း

ချာမိုမိုင်းရေနွေးကို ကမ္ဘာပေါ်မှာ သောက်သုံးခဲ့ကြတာဟာ နှစ်ထောင်ပေါင်းများစွာ ကြာရှည်နေပါပြီ။ ချာမိုမိုင်းရဲ့အကျိုးကျေးဇူးတွေကတော့ ကောင်ကောင်းအိပ်ပျော်စေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာပါ။ သိုင်းရွိုက်ကင်ဆာကိုလည်း ချာမိုမိုင်းက သက်သာစေပါတယ်။

၃။ သရဖူပင်

သရဖူပင်လို့‌ခေါ်တဲ့ ပန်းလှလှလေးမှာ အင်တီအောက်ဆီးဒင့်တွေအများကြီးပါဝင်ပါတယ်။ သရဖူပင်က ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ကူးစက်ရောဂါပိုးတွေကို ကာကွယ်ပေးပြီး နေမကောင်းဖြစ်ပြီးနောက်မှာ သောက်သုံးတဲ့အခါ မြန်မြန်သက်သာလာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများနေတာကိုလည်း လျော့နည်းစေပါတယ်။

၄။ Feverfew

Feverfew ပန်းက ချာမိုမိုင်းပန်းနဲ့ ပုံစံတူပါတယ်။ ဒါပေမယ့် သူတို့ရဲ့အာနိသင်ချင်းကတော့ ကွဲပြားပါတယ်။ Feverfew ကို အဖျားကုသတဲ့နေရာမှာ အသုံးပြုကြပါတယ်။ လေ့လာချက်အသစ်တွေအရ Feverfew က နာကျင်မှုတွေကိုသက်သာစေပြီး ကင်ဆာကိုတောင် တိုက်ဖျက်ပေးနိုင်ပါတယ်။

၅။ ဂျင်း

ဂျင်းက ဟင်းချက်ရာမှာ မပါမဖြစ်ပါပဲ။ ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်ပြင် ကျန်းမာရေးအတွက်လည်း အများကြီး အကျိုးပြုပါတယ်။

ဂျင်းက ကိုယ်အလေးချိန်ကျစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ မူးမော်တာကို သက်သာစေပါတယ်။ ဓမ္မတာလာစဉ်မှာ ကိုက်ခဲတာကိုလည်း ဂျင်းက လျော့ပါးစေပါတယ်။

၆။ ရို့စ်မေရီ

ဂျင်းလိုပဲ ရို့စ်မေရီပင်ကို ကမ္ဘာပေါ်မှာ အသုံးပြုလာကြာတာ နှစ်ပေါင်းရှည်ကြာနေပါပြီ။ ရို့စ်မေရီရဲ့အကျိုးကျေးဇူးကတော့ ကိုယ်ခံအားကောင်းစေတာပါ။ စိတ်ဖိစီးတာကိုလည်း လျော့နည်းစေပြီး မှတ်ဉာဏ်ကိုလည်း အားကောင်းလာစေပါတယ်။

၇။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို အလှအပအတွက် အသုံးများကြပါတယ်။ ရှားစောင်းလက်ပတ်က နေလောင်တာ၊ အပူလောင်တာတွေကို သိသိသာသာ သက်သာစေတာပါ။

အသားအရေကို နူးညံ့ချောမွေ့စေပြီး ဝက်ခြံကို ကုသပေးနိုင်တာကြောင့် ရှားစောင်းလက်ပတ်က လူကြိုက်များတဲ့အပင်ပါ။

Zombie (lovemedia)

Post a Comment

0 Comments