သူ့နေရာနဲ့ သူ

ငွေဆိုတာ။ ။ သုံးတတ်ရင် ခိုင်းစားလို့ ရပေမယ့် မသုံးတတ်ရင် ငွေက ကိုယ့်ကို ပြန်နှိပ်စက် ဘဝပါ ပျက်တယ်။

အပျော်ဆိုတာ။ ။ ပျော်သင့်တဲ့ အတိုင်းအတာ ပျော်ရင် စိတ်ကို ကြည်လင် လန်းဆန်း ပေမယ့် အတိုင်းအတာ တခုထက် အပျော်ကြူးရင်း နာမည်ပါ ပျက် ဘဝပါ ပျက်တယ်။

အပြုံးဆိုတာ။ ။ ပြုံးတာ နှစ်လိုဖွယ် ကောင်းပေမယ့် သူတပါး ဝမ်းနည်းနေချိန်၊ ဒုက္ခ ရောက်နေချိန် ပြုံးမိရင် အမုန်းခံ အထင်လွဲ ခံရတယ်။

နာကျည်းတယ် ဆိုတာ။ ။ နာကျည်းတာကြောင့် မခံချင်စိတ်နဲ့ ကြိုးစား အလုပ်လုပ်ရင် ဘဝအောင်မြင်မှုတွေ ရရှိပေမယ့် နာကျည်းတဲ့ အတွက်ကြောင့် ကလဲ့စားချေတဲ့စိတ် ထားရင် ပူလောင်ရတယ်။

လုပ်ငန်းဆိုတာ။ ။ မိမိဘာကြောင့် မအောင်မြင်ရတာလဲ ဆိုတာ အဖြေရှာကြည့်ပါ။ မအောင်မြင်တိုင်း ကံကြမ္မာကို အပြစ် ပုံချရင် အကျင့် ပါသွားတတ်တယ်။ ကံပေးပေမယ့် ဉာဏ်မပါရင် ချမ်းသာဖို့ နည်းပါတယ်။

ပေးကမ်းတယ် ဆိုတာ။ ။ စည်းစနစ်တကျ ပေးကမ်းတတ်ဖို့ လိုတယ်။ အပေး မတတ်ရင် မိမိကွယ်ရာမှာ မိမိက ငပေါကြီး လိုလို အမြှောက်ကြိုက်ကြီး လိုလို ဖြစ်တတ်တယ်။

သည်းခံတယ်ဆိုတာ။ ။ အတိုင်းအတာ တခုထိပဲ ကောင်းတယ်။ မိမိဂုဏ်သိက္ခာ ထိပါးလာတဲ့ လုပ်ရပ်တွေကို ပြုံးပြုံးလေး ပြန်လည် ချေပတတ်ဖို့ လိုတယ်။

လဲကျတယ်ဆိုတာ။ ။ စိတ်တော့ လဲမကျ စေနဲ့။ စိတ်ပါ လဲကျရင် အရာအားလုံး ဆုံးရှုံးရတယ်။ ကျနေတဲ့ စိတ်ကို ပြန်လည် ကောက်ယူနိုင်ဖို့ လိုတယ်။

ချစ်သူက ပစ်ထားလို့ ငိုကြွေး မနေပါနဲ့။ သင့်ရဲ့ ဖူးစာ အစစ်အမှန် မဟုတ်သေးလို့ ပါပဲ။ လုပ်ငန်းမှာ အတိုက်အခံ ရှိနေလို့ စိတ်ဆိုး ဒေါသ ထွက်မနေပါနဲ့။ သင်ကြိုးစားချင်အောင် အမြင့်ဆုံး တွန်းပိုးတဲ့ သူလို့ မှတ်ယူလိုက်ပါ။

တချို့ အတိုက်အခံ တွေကြောင့် သင် ပိုကြိုးစား ဖြစ်တယ်။ လူရယ်လို့ ဖြစ်လာရင် ဘယ်အရာမှ အရှုံးမပေးပါနဲ့။ ကြိုးစားရင် အမြတ် ပါပဲရှင်။ Crd

Post a Comment

0 Comments