အရမ်းအိပ်ချင်လာတဲ့အခါမှာ ပြန်လည်လန်းဆန်းလာအောင် ဦးနှောက်ကို လှည့်စားလို့ရနိုင်မယ့် နည်းလမ်း (၇) ခု

ဦးနှောက်က ခန္ဓာကိုယ်မှာ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် အရမ်းအိပ်ချင်လာပြီး အလုပ်တွေ ဆက်လုပ်ဖို့ ကျန်နေချိန်မှာ ဦးနှောက်ကို မအိပ်ချင်အောင်လို့ လှည့်စားလို့ရပါတယ်။

၁။ သံပုရာသီးကိုက်ခြင်း

သံပုရာသီးရဲ့ ချဉ်စူးစူးအရသာက အိပ်ချင်တဲ့အခါမှာ အရမ်းကို အသုံးဝင်ပါတယ်။ အရမ်းအိပ်ချင်နေတဲ့အခါမှာ သံပုရာသီးကို တတ်နိုင်သလောက် ကိုက်စားလိုက်ပါ။ ရုတ်တရက်အားပြည့်ပြီး အိပ်ချင်စိတ်တွေ ပျောက်သွားပါတယ်။

၂။ ရေအေးနဲ့မျက်နှာသစ်ခြင်း

မျက်ခွံတွေ လေးလံပြီး အိပ်ချင်လာတဲ့အခါမှာ မျက်နှာကိုရေအေးနဲ့ သစ်လိုက်ပါ။ နောက်တစ်နည်းကတော့ ရေခဲတုံးလေးတွေကို မျက်နှာပေါ်ကို ခဏကြာတင်ထားပါ။ ရေခဲတုံးလေးတွေကို အိတ် သို့မဟုတ် ပိတ်စလေးထဲထည့်ပြီး မျက်နှာပေါ် တင်ထားရင် အိပ်ချင်စိတ်တွေ ပျောက်ပြီး အလုပ်ဆက်လုပ်လို့ရသွားပါတယ်။

၃။ လက်ကောက်ဝတ်ကို ရေအေးနဲ့ လောင်းချခြင်း

မျက်နှာကို ရေအေးနဲ့ မသစ်ချင်တဲ့အခါ လက်ကောက်ဝတ်ကို ရေအေးနဲ့ လောင်းချတဲ့နည်းကို အသုံးပြုနိုင်ပါတယ်။ မျက်နှာကို ရေအေးနဲ့ မသစ်တာကြောင့် မိတ်ကပ်တွေလည်း မပျက်တော့ပါဘူး။ အိပ်ချင်စိတ်ကို အနိုင်ယူပြီးသားဖြစ်စေပါတယ်။

၄။ နားကို နှိပ်နယ်ခြင်း

ရဟန်းတွေက တရားထိုင်တဲ့အချိန် အိပ်ချင်လာရင် နားကို နှပ်နယ်တဲ့နည်းကို အသုံးပြုကြပါတယ်။ နားတစ်လျှောက်လုံးကို လက်နဲ့နှိပ်နယ်ပေးတာက အိပ်ချင်စိတ်ကို ရုတ်တရက်ပျောက်သွားစေပြီး အားအင်တွေ ပြန်လည်ရရှိလာစေပါတယ်။

၅။ အားပြင်းပြင်းနဲ့ သန်းခြင်း

သန်းတာက ဦးနှောက်ကို သဘာဝနည်းနဲ့ အနားပေးတာပါ။ ပင်ပန်းလာတဲ့အချိန်မှာ ခန္ဓာကိုယ်က အပူချိန်က မြင့်လာပါတယ်။ အဲဒီအခါ ၇ ကြိမ်ကနေ ၁၀ ကြိမ်ခန့် အားပြင်းပြင်းနဲ့ သန်းလိုက်ပါ။ ဒီနည်းက ဦးနှောက်ကို လှည့်စားသလို ဖြစ်ပြီး ပြန်လည်နိုးကြားလာပါတယ်။

၆။ ပူဒီနာကို ဝါးခြင်း

ပူဒီနာ သို့မဟုတ် ပူဒီနာအရသာရှိတဲ့တစ်စုံတစ်ခုကို ဝါးစားတာက အိပ်ချင်နေတဲ့စိတ်ကို ဖျောက်ပေးပါတယ်။ ပူဒီနာကို ဝါးပြီးနောက် တစ်ခုခုစားချင်လာလို့ စားလိုက်ရင် အကျိုးသက်ရောက်မှုက ပြောင်းပြန်ဖြစ်ပြီး အိပ်ချင်လာတတ်ပါတယ်။

၇။ အကြောဆန့်ခြင်း

အရမ်းအိပ်ချင်လာတဲ့အခါ ကော်ဖီသောက်တာထက် ထိရောက်တဲ့နည်းကတော့ အကြောဆန့်တာပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့အကြောတွေအားလုံးကို စက္ကန့် ၃၀ စာလောက် ဆန့်ထုတ်လိုက်ပါ။ ချက်ချင်းလန်းဆန်းလာပြီး အလုပ်ဆက်လုပ်လို့ ရသွားမှာပါ။

Bonus

ဆောင်းရာသီမှာ အသားအရေခြောက်သွေ့တဲ့အခါမှာ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး လက်မှာ ပွတ်တိုက်ပေးလို့ရပါတယ်။ ကြက်သွန်နီက အနံ့ဆိုးပေမယ့် လက်ကို အချိန်တိုအတွင်း အာဟာရပြည့်စေပါတယ်။

ဆောင်းရာသီမှာ လက်က မခြောက်သွေ့နေတော့ပါဘူး။ ၁၀ မိနစ်ကြာ ပွတ်တိုက်ပြီးတဲ့နောက်မှာတော့ လက်ကို ပြောင်အောင် ဆေးချလိုက်လို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments