မင်း ဒုက္ခ ရောက်နေတာတောင် မကူညီရ ကောင်းလားလို့ ဒေါသ မထွက်ပါနဲ့။ ဘယ်သူကမှ မင်းကို ကူညီဖို့ တာဝန် ရှိမနေပါဘူး။
မင်းရဲ့ အခက်အခဲတွေ အကျပ်အတည်း တွေကို အလိုက်တသိနဲ့ နားမလည်ရ ကောင်းလား လို့ အပြစ်မတင်ချင် ပါနဲ့။ ဘယ်သူကမှ မင်းကို နားလည်ပေးဖို့ လူ လာဖြစ်နေကြတာ မဟုတ်ပါဘူး။ မင်း အထီးကျန်တယ်၊ အဖော် မပြုရကောင်းလား လို့ မနာကျည်း လိုက်ပါနဲ့။
မင်းလျှောက်နေတဲ့ လမ်းမှာ မိသားစုကောင်း၊ မိတ်ဆွေရင်း၊ အဖော်မွန်စစ် ပါချင် ပါလာမယ်၊ မပါချင် မပါဘူး။ လမ်းခုလတ်က လှည့်ထွက် သွားတာလည်း ဖြစ်ချင် ဖြစ်မယ်။ သေချာတာ ကိုယ်သွားချင်တဲ့လမ်း ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။
ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက် ခံလိုက်။ ဘယ်သူမှ မရှိဘူးလား၊ ကိုယ့်ကိုယ်ကို ဂရုစိုက်။ ချစ်ပေးမယ့်သူ ရှိရင် အချစ်ခံလိုက်။ မချစ်တော့ဘူးလား၊ လွတ်လပ်ခွင့် ပေးလိုက်။
သူတပါး စိတ်နှလုံးအိမ် ထဲမှာ နေရာတခု ရဖို့ဆိုတာ မင်းတောင်းဆိုလို့ မရဘူး။ တဖက်က ပေးသလောက်ပဲ မင်း နေရမယ်။ ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။ ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာ မဟုတ်ဘူး။ ဒါတွေဟာ သမရိုးကျ ဖြစ်စဉ်တွေလေ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့။ ကိုယ့်ကိုယ်ကိုမှ စိတ်ချမ်းသာအောင် မထားရင် ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင် ထားနိုင်မှာ မဟုတ်ဘူးနော်။ Crd
Zawgyi
ကိုယ့္ကိစၥကိုယ္ရွင္းပါ
မင္း ဒုကၡ ေရာက္ေနတာေတာင္ မကူညီရ ေကာင္းလားလို႔ ေဒါသ မထြက္ပါနဲ႔။ ဘယ္သူကမွ မင္းကို ကူညီဖို႔ တာဝန္ ရွိမေနပါဘူး။
မင္းရဲ႕ အခက္အခဲေတြ အက်ပ္အတည္း ေတြကို အလိုက္တသိနဲ႔ နားမလည္ရ ေကာင္းလား လို႔ အျပစ္မတင္ခ်င္ ပါနဲ႔။ ဘယ္သူကမွ မင္းကို နားလည္ေပးဖို႔ လူ လာျဖစ္ေနၾကတာ မဟုတ္ပါဘူး။ မင္း အထီးက်န္တယ္၊ အေဖာ္ မျပဳရေကာင္းလား လို႔ မနာက်ည္း လိုက္ပါနဲ႔။
မင္းေလွ်ာက္ေနတဲ့ လမ္းမွာ မိသားစုေကာင္း၊ မိတ္ေဆြရင္း၊ အေဖာ္မြန္စစ္ ပါခ်င္ ပါလာမယ္၊ မပါခ်င္ မပါဘူး။ လမ္းခုလတ္က လွည့္ထြက္ သြားတာလည္း ျဖစ္ခ်င္ ျဖစ္မယ္။ ေသခ်ာတာ ကိုယ္သြားခ်င္တဲ့လမ္း ကိုယ္တိုင္ဆုံးေအာင္ ဆက္ေလွ်ာက္ရမွာပဲ။
ဂ႐ုစိုက္မယ့္သူရွိရင္ ဂ႐ုစိုက္ ခံလိုက္။ ဘယ္သူမွ မရွိဘူးလား၊ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္။ ခ်စ္ေပးမယ့္သူ ရွိရင္ အခ်စ္ခံလိုက္။ မခ်စ္ေတာ့ဘူးလား၊ လြတ္လပ္ခြင့္ ေပးလိုက္။
သူတပါး စိတ္ႏွလုံးအိမ္ ထဲမွာ ေနရာတခု ရဖို႔ဆိုတာ မင္းေတာင္းဆိုလို႔ မရဘူး။ တဖက္က ေပးသေလာက္ပဲ မင္း ေနရမယ္။ ေက်နပ္တာ မေက်နပ္တာ မင္းကိစၥပါ။ ဘယ္သူကမွ မင္းခံစားခ်က္ကို ေမးေနမွာ မဟုတ္ဘူး။ ဒါေတြဟာ သမ႐ိုးက် ျဖစ္စဥ္ေတြေလ။
ေထြေထြထူးထူး ေၾကကြဲမေနနဲ႔။ ကိုယ့္ကိုယ္ကိုမွ စိတ္ခ်မ္းသာေအာင္ မထားရင္ ဘယ္သူကမွ မင္းစိတ္ခ်မ္းသာေအာင္ ထားႏိုင္မွာ မဟုတ္ဘူးေနာ္။ Crd
0 Comments