တလွဲမာနများ
တခါတုန်းက ဆိတ်နှစ်ကောင်ဟာ ကျဉ်းမြောင်း ရှည်လျားသော တံတားကို ဖြတ်ကူးစဉ် တံတား အလည်မှာ မျက်နှာချင်းဆိုင် တွေ့ကြသည်။
သူတို့ထဲက တကောင်က "ငါ့ကို လမ်းဖယ်ပေး" လို့ ပြောတယ်။ တခြားဆိတ်ကလည်း "ဘယ်တော့မှ မဖယ်ဘူး၊ မင်းသာနောက်ပြန် လှည်သွား" ဟု ဆိုသည်။
ဒီလိုနဲ့ တဦးနှင့် တဦး စကားများ ရန်ဖြစ်ကြပြီး၊ နှစ်ဦးသား ဟန်ချက်ပျက်ပြီး ရေထဲပြုတ်ကျကာ သေသွားကြသည်။
ရက်အနည်းငယ် အကြာ၌ အဆိုပါ တံတားတွင် နောက်ထပ် ဆိတ်နှစ်ကောင် ဖြတ်ကူးစဉ် မျက်နှာချင်းဆိုင်တွေ့ကြ ပြန်သည်။ ထိုဆိတ်နှစ်ကောင် စလုံးသည် ပညာရှိပြီး စိတ်ရှည်သည်။
တဦးနှင့်တစ်ဦး ကျဉ်းမြောင်းသော တံတားကို ဖြတ်ကူးနိုင်ရန် ရှောင်ဖယ်ပေး ခဲ့ကြသည်။ သူတို့ နှစ်ယောက်စလုံး အိမ်ကို လုံခြုံစွာ ပြန်ရောက်သွား ကြလေသည်။
သင်ခန်းစာ။ ။ မောက်မာ ရန်လိုခြင်းထက် ပြသနာကို ပညာရှိနည်းဖြင့် ဖြေရှင်းပြီး၊ စိတ်ရှည် သည်းခံခြင်းက လိုရာခရီး ရောက်သည်။ Crd
Zawgyi
တလြဲမာနမ်ား
Post a Comment
0 Comments