တခါတုန်းက လင်မယား နှစ်ယောက်ဟာ အိမ်ထောင်ပြု နေထိုင်ပြီး ငါးနှစ်အကြာမှ ကလေး တယောက် ရပါတယ်။
ကလေးလေး ၁ နှစ်သား အရွယ် ရောက်တဲ့ အချိန် ဖြစ်ပါတယ်။ အိမ်မှာ ပုရွက်ဆိတ်တွေ ရှင်းဖိုး ဆေးဗူး တဗူး ရှိသတဲ့။
အဲဒါကို ရုံးသွားခါနီး လှမ်းမြင် လိုက်တဲ့ အမျိုးသားက မီးဖိုခန်းမှာ ရှိတဲ့ ဇနီးကို "အရှေ့ ရောက်ရင် ပိတ်လိုက်အုံး" လို့ လှမ်းအော်ပြီး ကမန်းကတမ်း ထွက်သွားပါတယ်။
မီးဖိုချောင်ထဲမှာ ရှိတဲ့ အမျိူးသမီးကလည်း အလုပ် များနေတော့ ချက်ချင်း လာမပိတ်နိုင် ဘူးပေါ့။ ဒါနဲ့ သွားလာ တတ်နေပြီ ဖြစ်တဲ့ ကလေးက အနံ့မွေးတဲ့ ဆေးဗူးကို စားစရာ မှတ်ပြီး သောက်လိုက်ပါတယ်။
အဲဒါကို နောက်မှ မြင်တဲ့ အမေက ဆေးရုံကို ခပ်မြန်မြန် ပို့ပေမဲ့ အချိန်က မမီတော့ပါဘူး။ ကွယ်လွန် သွားပါတယ်။
မိခင်ဖြစ်သူက ခင်ပွန်းဖြစ်သူ ပြန်လာရင် သူ့ကို ဆူဆဲမယ်၊ ကြိတ်မောင်းမယ် ဆိုတာ ကိုလည်း ကြိုသိလို့ စိုးရိမ် ပူပန်နေ ပါတယ်။ သူမ အမျိူးသားကို ဘယ်လို ရင်ဆိုင်ရမလဲ မသိပါဘူး။
ဒီလိုနဲ့ ယောကျ်ားဖြစ်သူ ရောက်လာပြီး ခဏတာ အမော ဖြေပြီးမှ တယုတယနဲ့ ဇနီးသည်ကို ဖက်ကာ စကားတခွန်း ပြောပါတယ်။ "I Love You Darling " တဲ့။ ဇနီးဖြစ်သူဟာ ဝမ်းသာ၊ ဝမ်းနည်း ဖြစ်ခဲ့ရ ပါတယ်။
အမှန်တော့ အမျိုးသားဖြစ်သူဟာ ဆေးဗူးကို အလုပ် ဘယ်လောက် များများ ပိတ်ခဲ့ရင် ဖြစ်လာစရာ အကြာင်းမရှိဘူး ဆိုတာကို သူ လက်ခံတာကြောင့် အမျိုးသမီးဖြစ်သူ ကိုလည်း သူ အပြစ်မတင် ပါဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက်လုံး မှားယွင်းချက် ရှိတာကိုတော့ အတူတူ လက်ခံခဲ့ ကြတယ်။
လူတွေဟာ တယောက်နဲ့ တယောက် ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ် ဆိုတာကို အပြစ်ဖို့ နေတတ် ကြလို့ ဘဝရဲ့ ပျော်ရွှင်မှုတွေ ဆုံးရှုံးတတ် ကြရတယ်။
လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ မိသားစုမှာပဲ ဖြစ်ဖြစ် ဘယ်သူ မှားမှား မှန်မှန် ကောင်းကောင်း ဆိုးဆိုး အတူတူပြုပြင်ပြီး ကျန်ရှိနေသေးတဲ့ ကျန်ရှိနေသေးတဲ့ ဘဝ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ဖို့ လိုအပ်ပါတယ်။ phoomyatchal
0 Comments