မိန်းမဝဝကြီးလို့ သင်ခေါ်တဲ့ ကောင်မလေးက နေ့တိုင်း ပိန်ဆေးတွေ သောက်နေရပြီး မျက်ရည်တွေနဲ့ လေ့ကျင့်ခန်း ဆင်းနေတာ သင်မသိဘူး။
ရုပ်ဆိုးလိုက်တာလို့ သင်ရယ်မောခဲ့တဲ့ ကောင်မလေးက သူ့ကို လူတွေ နှစ်သက်ပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ နာရီပေါင်း များစွာ သူ့မျက်နှာပေါ် မိတ်ကပ်တွေ ခြယ်သနေရတာ သင်မသိဘူး။
လေလွင့်နေတယ်လို့ သင်သတ်မှတ်ထားတဲ့ ကောင်လေးက အိမ်အတွက် မဖြစ်မနေ စီးပွား လိုက်ရှာနေရတဲ့ လူတယောက် ဖြစ်တယ် ဆိုတာ သင်မသိဘူး။
မျက်နှာမှာ အမာရွတ်တွေနဲ့လို့ သင်မျက်နှာရှုံ့ခဲ့တဲ့ လူတယောက်က တိုင်းပြည်အတွက် အသက်စွန့် တိုက်ခိုက်နေတဲ့ လူတယောက်မှန်း သင်မသိဘူး။
အသက် ဆယ့်လေးနှစ်အရွယ် ကောင်မလေး တယောက်၊ ကလေးအမေ ဖြစ်နေတာကို "တော်တော် တဏှာကြီးတာပဲ" လို့ သင်ပြောခဲ့ပေမယ့် သူ ဆယ့်သုံးနှစ် အရွယ်တုန်းက အဓမ္မကျင့်ခံခဲ့ရတာ သင်မသိဘူး။
သင်နဲ့ ရွယ်တူ ကောင်လေးတယောက် ငိုနေတာကို သင်ရယ်မောပေမယ့် သူ့မိခင် လတ်တလော ဆုံးပါးသွားတာကို သင်မသိဘူး။
လူတိုင်းလူတိုင်းမှာ နာကျင်မှု အတိမ်အနက် ဆိုတာ ရှိကြပါတယ်။ လူတိုင်းလူတိုင်းမှာ ဝမ်းနည်းစရာ ငိုကြွေးစရာ အကြောင်းတွေ ရှိကြပါတယ်။
ဒါကြောင့် သင်ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ဖို့တခု အတွက်နဲ့ လူတဖက်သားရဲ့ နာကျင်စရာ အားနည်းချက်ကို ဘယ်တော့မှ မချနင်းမိ ပါစေနဲ့။ သက်တန့်ချို
Zawgyi
အားနည်းချက်ကို ချမနင်းပါနဲ့
0 Comments