တန်ဖိုးထားပေးပါ

တခါက လင်မယားနှစ်ယောက် တိရစ္ဆာန်ရုံကို သွားကြတယ်။ မျောက်လှောင်အိမ်နား ရောက်တော့ မျောက်ထီးနဲ့ မျောက်မ ဆော့ကစားနေတာ မြင်ပြီး မိန်းမဖြစ်သူက "ရိုမန်းတစ် ဆန်တာပဲနော်၊ မျောက်ထီးက အရမ်း ချစ်တတ်တာပဲ" လို့ ပြောတယ်။

ယောက်ျားဖြစ်သူက ဘာမှ ပြန်မပြောဘူး။ ပြီးတော့ သူတို့ဟာ ခြင်္သေ့လှောင် အိမ်ဖက် သွားကြတယ်။ အထဲမှာ ခြင်္သေ့အထီး အမ ၂ ကောင် ရှိပေမယ့် ခြင်္သေ့ထီးက ထောင့် တနေရာမှာ ခြင်္သေ့မ ရှိမှန်း မသိသလိုကို တကောင်ထဲ အေးဆေး ထိုင်နေတယ်။

အဲဒါကို မြင်တော့ မိန်းမက "စိတ်ပျက်စရာ ကောင်းလိုက်တာ" လို့ ပြောတော့ ယောက်ျားက "မင်း ခြင်္သေ့မကို ခဲလေးနဲ့ ပေါက်ကြည့်လိုက် ပါလား" ပြောတယ်။

မိန်းမဖြစ်သူက ပေါက်လိုက်တော့ ခြင်္သေ့ထီးက ဒေါသတကြီးနဲ့ ဟိန်းပြီး သူ့ခြင်္သေ့မကို ကာကွယ်ဖို့ ရောက်လာတယ်။

ထိုအခါ ယောက်ျားဖြစ်သူက "အဲဒီလိုပဲ ခုနက မျောက်မ ကိုလည်း ခဲလေးနဲ့ ပေါက်ကြည့် ပါလား" ဆိုတော့ မိန်းမဖြစ်သူက ပေါက်လိုက်တယ်။ ထိုအခါ မျောက်ထီးက သူရော အပေါက်ခံရမှာ စိုးလို့ မျောက်မကို ထားပြီး လွှတ်ရာ ကျွတ်ရာ ပြေးပုန်း ပါလေရော။

အဲဒီနောက်မှာတော့ ယောက်ျားက ပြောတယ်။ "တချို့တွေရဲ့ ရိုမန်းတစ် ဆိုတာတွေကို မြင်ပြီး မင်းတို့ အရူး မဖြစ်ကြစမ်း ပါနဲ့၊ တော်တော် များများက ရင်ထဲ ဘာမှ မရှိပေမယ့် အရမ်း ချစ်တတ်သလို ထင်နေရတာ။

တချို့သူတွေကတော့ ဘာမှ မပြတတ်ပေမယ့် သူတို့ ရင်ထဲမှာ အချစ်တွေ အပြည့်နဲ့ပါ။ ဆိုးတာ တခုက လောကမှာ မျောက်ထီးတွေက ပေါနေပြီး ခြင်္သေ့ထီးတွေက ရှားတယ်" ဒါကြောင့် အနားမှာ ရှိတဲ့ ယောက်ျားကောင်းတွေကို တန်ဖိုးထားပေးပါ။ Crd

Zawgyi

တန္ဖိုးထားေပးပါ

တခါက လင္မယားႏွစ္ေယာက္ တိရစာၦန္႐ုံကို သြားၾကတယ္။ ေမ်ာက္ေလွာင္အိမ္နား ေရာက္ေတာ့ ေမ်ာက္ထီးနဲ႔ ေမ်ာက္မ ေဆာ့ကစားေနတာ ျမင္ၿပီး မိန္းမျဖစ္သူက "႐ိုမန္းတစ္ ဆန္တာပဲေနာ္၊ ေမ်ာက္ထီးက အရမ္း ခ်စ္တတ္တာပဲ" လို႔ ေျပာတယ္။

ေယာက္်ားျဖစ္သူက ဘာမွ ျပန္မေျပာဘူး။ ၿပီးေတာ့ သူတို႔ဟာ ျခေသၤ့ေလွာင္ အိမ္ဖက္ သြားၾကတယ္။ အထဲမွာ ျခေသၤ့အထီး အမ ၂ ေကာင္ ရွိေပမယ့္ ျခေသၤ့ထီးက ေထာင့္ တေနရာမွာ ျခေသၤ့မ ရွိမွန္း မသိသလိုကို တေကာင္ထဲ ေအးေဆး ထိုင္ေနတယ္။

အဲဒါကို ျမင္ေတာ့ မိန္းမက "စိတ္ပ်က္စရာ ေကာင္းလိုက္တာ" လို႔ ေျပာေတာ့ ေယာက္်ားက "မင္း ျခေသၤ့မကို ခဲေလးနဲ႔ ေပါက္ၾကည့္လိုက္ ပါလား" ေျပာတယ္။ မိန္းမျဖစ္သူက ေပါက္လိုက္ေတာ့ ျခေသၤ့ထီးက ေဒါသတႀကီးနဲ႔ ဟိန္းၿပီး သူ႔ျခေသၤ့မကို ကာကြယ္ဖို႔ ေရာက္လာတယ္။

ထိုအခါ ေယာက္်ားျဖစ္သူက "အဲဒီလိုပဲ ခုနက ေမ်ာက္မ ကိုလည္း ခဲေလးနဲ႔ ေပါက္ၾကည့္ ပါလား" ဆိုေတာ့ မိန္းမျဖစ္သူက ေပါက္လိုက္တယ္။ ထိုအခါ ေမ်ာက္ထီးက သူေရာ အေပါက္ခံရမွာ စိုးလို႔ ေမ်ာက္မကို ထားၿပီး လႊတ္ရာ ကြၽတ္ရာ ေျပးပုန္း ပါေလေရာ။

အဲဒီေနာက္မွာေတာ့ ေယာက္်ားက ေျပာတယ္။ "တခ်ိဳ႕ေတြရဲ႕ ႐ိုမန္းတစ္ ဆိုတာေတြကို ျမင္ၿပီး မင္းတို႔ အ႐ူး မျဖစ္ၾကစမ္း ပါနဲ႔၊ ေတာ္ေတာ္ မ်ားမ်ားက ရင္ထဲ ဘာမွ မရွိေပမယ့္ အရမ္း ခ်စ္တတ္သလို ထင္ေနရတာ။

တခ်ိဳ႕သူေတြကေတာ့ ဘာမွ မျပတတ္ေပမယ့္ သူတို႔ ရင္ထဲမွာ အခ်စ္ေတြ အျပည့္နဲ႔ပါ။ ဆိုးတာ တခုက ေလာကမွာ ေမ်ာက္ထီးေတြက ေပါေနၿပီး ျခေသၤ့ထီးေတြက ရွားတယ္" ဒါေၾကာင့္ အနားမွာ ရွိတဲ့ ေယာက္်ားေကာင္းေတြကို တန္ဖိုးထားေပးပါ။ Crd

Post a Comment

0 Comments