ကိုယ့်ရဲ့ အပြုအမူတိုင်းက ကိုယ့်ထံ ပြန်လာမှာပါ

ကျောင်းအားလပ်ရက် တရက်မှာ သားအဖနှစ်ယောက်ဟာ တောထဲကို ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာ ခဲ့ပါတယ်။ တောင်ကုန်းလေး တခု ပေါ်ကို အရောက်မှာ သားဖြစ်သူက ရုတ်တရက် ခလုတ်တိုက် မိပြီး ချော်လဲ သွားပါတယ်။

နာကျင်တဲ့အတွက် "အား" လို့ အော်လိုက်ရာ အံ့အားသင့်စရာပဲ တဘက်ကနေ "အား" လို့ ပြန်အော်သံကို သဲသဲကွဲကွဲ ပြန်ကြားလိုက်ပါတယ်။ ကောင်လေးက အနည်းငယ် လန့်သွားပြီး "ဘယ်သူရှိလဲ" လို့ ထပ်အော်ပါတယ်။

"ဘယ်သူရှိလဲ" လို့ ပြန်ကြားရတဲ့ အတွက် "ဘယ်သူ လာစနေတာလဲကွ" လို့ ထပ်အော် ကြည့်တော့ "ဘယ်သူ လာစနေတာလဲကွ" လို့ ပြန်ကြားရတဲ့ အတွက် ကောင်လေး ဒေါသ ထွက်လာပါတယ်။

အဲဒီနောက် အဖေဖြစ်သူကို "အဖေ ဒါ ဘယ်လို ဖြစ်တာလဲ။ ဘယ်သူ လာစနေတာလဲ မသိဘူး" လို့ မေးတော့ အဖေဖြစ်သူက "သား ဒီမှာ နားထောင်ကြည့်" လို့ ဆိုပြီး “မင်း အရမ်းတော်တာပဲ” လို့ အော်လိုက်တယ်။

အဲဒီလို အော်လိုက်တဲ့ အခါ တဖက်က "မင်း အရမ်း တော်တာပဲ" လို့ အသံ ထွက်ပေါ်လာ ပါတယ်။ တဖန် "ကျေးဇူးများကြီး တင်ပါတယ်" လို့ ထပ်အော်ရာ "ကျေးဇူးများကြီး တင်ပါတယ်" လို့ အသံကို ပြန်ကြားရ ပါတယ်။

ထပ်ပြီး "မင်းကအရူးပဲ" လို့ အော်ရာ "မင်းက အရူးပဲ" ဆိုတာကို ပြန်လည် ကြားရပါတယ်။ ကောင်လေးက "ဘာလို့ အခုလို ပြောသမျှ အကုန် ပြန်ကြားနေ ရတာလဲ" လို့ ဖခင်ကို မေးပါတယ်။

အဖေဖြစ်သူက "ဒီမယ် ငါ့သား အခုလိုမျိုး ကိုယ်ပြောတဲ့စကား ကိုယ်ပြန်ကြားရတယ် ဆိုတာကို ပဲ့တင်သံ လို့ ခေါ်တယ်။ အခု အဖေတို့ ပြောသမျှကို အကုန် ပြန်ကြားရသလိုပဲ အဖေတို့ အပြင်လောက မှာလည်း သဘောတရားက အတူတူ ပါပဲ။

ကောင်းတာ လုပ်ရင် ကောင်းကျိုးကို ခံစားရမှာ ဖြစ်သလို မကောင်းတာ လုပ်ထားရင် မကောင်းတဲ့ အကျိုးကို မလွဲမသေ ပြန်ခံစားရ မှာပါ သား" လို့ ရှင်းပြလိုက် ပါတယ်။

ဒီအကြောင်းအရာလေးကနေ အဓိက ပေးချင်တဲ့ အသိတခု ကတော့ ကိုယ်ကိုယ်တိုင်က အစစ်အမှန် မပေးဘဲ ပြန်လိုချင်တာ ကတော့ အစစ်အမှန် ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။

အရာရာတိုင်းက ကိုယ်ပေးသလောက် ကိုယ်လုပ်သလောက်တော့ ပြန်ရမှာပါ။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတာ ဆိုးတာ အားလုံးက အရိပ်တခု အနေနဲ့ ကိုယ့်နောက်ကို အမြဲတမ်း လိုက်ပါနေမှာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments