ကိုယ့်အိမ်မက်ကို ကိုယ်တိုင် ပုံဖော်လိုက်ပါ

တခါက မြင်းထိန်းသမားရဲ့ သားလေးဟာ ကျောင်းမှာ စာစီစာကုံး‌ ရေးဖို့ ကြုံရပါတယ်။ သူ့ဘဝရဲ့ ရည်ရွယ်ချက် အကြောင်းကို စာစီစာကုံး ၇ မျက်နှာခန့် ရေးပြီး ဆရာမကို ပြလိုက်ပါတယ်။

ဒါပေမယ့် ဆရာမက လက်တွေ့နဲ့ နီးစပ်မှု မရှိဘူး ဆိုပြီး အမှတ်မပေးဘဲ ပြန်ပြင်ရေးဖို့ စာစီစာကုံး စာအုပ်ကို အိမ်ကို ပြန်ပေးလိုက်ပါတယ်။

ငွေလည်း အလုံအလောက်မရှိ၊ အိမ်တွေ ခြံတွေတောင် မပိုင်တဲ့လူက ဘာလို့ ခြံအကျယ်ကြီး ပိုင်ဆိုင်ဖို့ ဖြစ်နိုင်ပါ့မလဲ လို့ ဆရာမက ပြောလိုက်ပါတယ်။

သနားစရာကောင်းတဲ့ ကောင်လေးဟာ သူ့ရဲ့ အဖေကို အဲဒီအကြောင်း ပြောပြပြီး သူ့အဖေကို စာစီစာကုံးကို ဖတ်ပြလိုက်ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ဟာ မြင်းတွေ အများကြီး ပိုင်တဲ့ ပိုင်ရှင်ကြီး ဖြစ်လိုကြောင်း၊

ခြံအကျယ်ကြီး တခုထဲမှာ တိရိစ္ဆာန်တွေ အများကြီး မွေးချင်ကြောင်း၊ အဲဒီခြံကြီး ပိုင်ဆိုင်ချင်ကြောင်း။ အဲဒါဆိုရင်တော့ သူ့အဖေနဲ့ သူဟာ မကြာခဏ အိမ်ပြောင်းစရာ မလိုတော့ဘဲ အဲဒီခြံကြီးထဲမှာပဲ မြင်းတွေ မွေးရမှာ ဖြစ်ကြောင်း စသဖြင့် စိတ်ကူးယဉ်ပြီး ‌ရေးထားတာ ဖြစ်ပါတယ်။

စာစီစာကုံးရဲ့ အကြောင်းကို နားထောင်ပြီးတဲ့အခါ အဖေလုပ်သူက သားကို ပြောလိုက်ပါတယ်။ "ဟုတ်ပြီ ငါ့သား၊ စာစီစာကုံးထဲမှာ ရေးထားသလို ဖြစ်ချင်တယ် ဆိုရင် နိဂုံးဟာ မင်းလက်ထဲမှာသာ ရှိတာပဲ။

အဆုံးသတ်မှာ မင်းဟာ တကယ်ပဲ ခြံပိုင်ရှင်သူဌေးကြီး ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ဘယ်သူကမှ မသိနိုင်တဲ့ မင်းစာစီစာကုံးရဲ့ နိဂုံးပဲ။

ဒီစာစီစာကုံးကို မပြင်ဘဲ မင်းဆရာမဆီ ပြန်ယူသွား ပြလိုက်ပါ။ အချိန်တန် မင်းဟာ ဘယ်လို နိဂုံးမျိုးနဲ့ အဆုံသတ်နိုင်လဲ ဆိုတာ မင်းလက်ထဲမှာပဲ ရှိတာမို့ မင်းဟာမင်း ဆုံးဖြတ်ပါ" လို့ ပြန်ပြောခဲ့ ပါတယ်။

ကောင်လေးဟာလည်း သူ့ဆရာမထံကို အဲဒီ စာစီစာကုံးကို ပြန်ယူသွာခဲ့ပြီး အဲဒီအတိုင်းပဲ ပေးလိုက် ပါတော့တယ်။

"ဆရာမက နောက်ဆုံးအဆင့် အနေနဲ့ သတ်မှတ်လည်း ဒီစာစီစာကုံးကို ကျွန်တော် မပြင်နိုင်ပါဘူး။ ဘိတ်ချေးနေရာကို ရပါစေ၊ ကျွန်တော့်အိမ်မက်ကို ကျွန်တော်ကိုယ်တိုင် အဆုံးသတ်ပြမှာပါ" လို့ ပြန်ပြောခဲ့ပါတယ်။

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အချိန်မှာ မြင်းထိန်းသမားရဲ့ သားလေးဟာ တကယ်ပဲ ခြံအကျယ်ကြီးကို ပိုင်ဆိုင်ပြီး တိရိစ္ဆာန်တွေ အများကြီးပိုင်တဲ့ ခြံပိုင်ရှင်ကြီး ဖြစ်အောင် ကြိုးစားခဲ့ ပါသတဲ့။ သူ့ဘဝရဲ့နိဂုံး၊ သူရေးခဲ့တဲ့ စာစီစာကုံးရဲ့ အဆုံးသတ်ကို သူလှပစွာ နိဂုံးချုပ်နိုင် ခဲ့ပါတယ်တဲ့။

ဒီပုံပြင်ထဲကလိုတော့ ဘဝက မကြာမီမျှော် ဆိုပြီး ဇာတ်သိမ်းလှလှလေး သိမ်းသွားမှာ မဟုတ်ပေမယ့် ဘဝရဲ့ အချို့အရာတွေမှာ ကိုယ့်ရဲ့ ဖြစ်ချင်စိတ်၊ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်က အရေးကြီးပါတယ်။

မလွယ်ပေမယ့်လည်း ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့သူတွေ အများကြီးပါပဲ။ ဘဝကို နိဂုံးချုပ်လှဖို့ ဇာတ်သိမ်းလှဖို့ဟာ ကျွန်တော်တို့ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ဖို့ဆိုတာက ကျွန်တော်တို့ လက်ထဲမှာပါပဲ လို့ ဒီပုံပြင်လေးက ပြောချင်တာပါ။ phoomyatchal

Post a Comment

1 Comments

  1. This enjoyable twist on poker combines components from the traditional Chinese recreation of Pai Gow and 바카라 사이트 the American recreation of poker. The object of Pai Gow Poker is to get the two best palms. The joker have to be used as an Ace or as a Wild Card to complete a Straight or a Flush. Lucky Lucky is our most popular blackjack facet bet, as a result of} its high hit frequency. It pays odds if the total of the player’s first two cards and the dealer’s up card equals 19, 20 or 21.

    ReplyDelete