သူ့တန်ဖိုးနဲ့သူ ရှိတယ်

တခါက ရွာတရွာမှာ ခပ်ပေပေ၊ ခပ်တေတေ နေတတ်တဲ့ မိန်းကလေး တယောက် ရှိတယ်။ ဆံပင်တွေလည်း မသပ်မရပ်၊ အဝတ် အစားလည်း စည်းမရှိ ကမ်းမရှိ နေသူလေးပေါ့။

အဲဒီ ရွာလေးမှာ ဓလေ့ ထုံးစံလေး တခု ရှိတယ်။ အဲဒီရွာက မိန်းကလေး တွေကို အမျိုးသားများက လက်ထပ်ချင်တယ် ဆိုရင် နွားအကောင်ရေနဲ့ တင်တောင်းရ ပါတယ်တဲ့။ မိန်းကလေးတွေရဲ့ တန်ဖိုးကို နွားတကောင်မှ ဆယ်ကောင် အထိ သတ်မှတ်ကြတယ်။

စောစောက မိန်းကလေးရဲ့ တန်ဖိုးကိုတော့ နွား တကောင်သာ သတ်မှတ်ထားပါတယ်တဲ့။ သူမကလည်း သူ့ကိုယ်သူ တန်ဖိုး သိပ်မရှိတဲ့သူ လို့ သတ်မှတ်ထား ပါတယ်။ ဒါပေမယ့် တနေ့တော့ အဲဒီရွာလေးကို ကုန်သည်လေး တယောက် ရောက်လာပါတယ်။

ကုန်သည်လေးဟာ အဲဒီမိန်းကလေးကို မြင်တော့ မြင်မြင်ခြင်းပဲ နှစ်သက်မိ ခဲ့တယ်။ ကုန်သည်လေးက မိန်းကလေးကို နွား ၁၂ ကောင်နဲ့ တင်တောင်းလိုက် ပါတယ်။

ရွာက လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ ဒီမိန်းကလေးက နွား ၁၂ ကောင် တောင် တန်သလားပေါ့။

မိန်းကလေးကလည်း မိမိကို တန်ဖိုးထားတဲ့သူ ရှိတဲ့အတွက် အဲဒီ တန်ဖိုးနဲ့ ကိုက်ညီအောင် ပြင်ပြင်ဆင်ဆင် နေလိုက်ပါတယ်။ သပ်သပ်ရပ်ရပ် လှလှပပ ဝတ်ဆင်လိုက်တဲ့ အတွက် မိန်းကလေးဟာ အဲဒီရွာမှာ တကယ်ကို တန်ဖိုး အရှိဆုံး၊ အလှပဆုံး မိန်းကလေး တယောက် ဖြစ်သွားပါ တော့တယ်။

တကယ်တော့ လူတွေ အားလုံးဟာ သူ့တန်ဖိုးနဲ့သူ ရှိကြပါတယ်။ တန်ဖိုး ထားတတ်ဖို့ပဲ လိုပါတယ်။ မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ သူဟာ သူတပါးကိုလည်း တန်ဖိုးထားတတ် လာပါလိမ့်မယ်။

လူတဦးနဲ့ တဦး တန်ဖိုးထား ဆက်ဆံခြင်းဟာ လောကကြီးကို အလှဆင်ခြင်း တမျိုးပါပဲ။ အဓိက ကတော့ တန်ဖိုးထားတတ်ခြင်းပါပဲ။ Crd

Zawgyi

သူ႔တန္ဖိုးနဲ႔သူ ရွိတယ္

တခါက ႐ြာတ႐ြာမွာ ခပ္ေပေပ၊ ခပ္ေတေတ ေနတတ္တဲ့ မိန္းကေလး တေယာက္ ရွိတယ္။ ဆံပင္ေတြလည္း မသပ္မရပ္၊ အဝတ္ အစားလည္း စည္းမရွိ ကမ္းမရွိ ေနသူေလးေပါ့။

အဲဒီ ႐ြာေလးမွာ ဓေလ့ ထုံးစံေလး တခု ရွိတယ္။ အဲဒီ႐ြာက မိန္းကေလး ေတြကို အမ်ိဳးသားမ်ားက လက္ထပ္ခ်င္တယ္ ဆိုရင္ ႏြားအေကာင္ေရနဲ႔ တင္ေတာင္းရ ပါတယ္တဲ့။ မိန္းကေလးေတြရဲ႕ တန္ဖိုးကို ႏြားတေကာင္မွ ဆယ္ေကာင္ အထိ သတ္မွတ္ၾကတယ္။

ေစာေစာက မိန္းကေလးရဲ႕ တန္ဖိုးကိုေတာ့ ႏြား တေကာင္သာ သတ္မွတ္ထားပါတယ္တဲ့။ သူမကလည္း သူ႔ကိုယ္သူ တန္ဖိုး သိပ္မရွိတဲ့သူ လို႔ သတ္မွတ္ထား ပါတယ္။ ဒါေပမယ့္ တေန႔ေတာ့ အဲဒီ႐ြာေလးကို ကုန္သည္ေလး တေယာက္ ေရာက္လာပါတယ္။

ကုန္သည္ေလးဟာ အဲဒီမိန္းကေလးကို ျမင္ေတာ့ ျမင္ျမင္ျခင္းပဲ ႏွစ္သက္မိ ခဲ့တယ္။ ကုန္သည္ေလးက မိန္းကေလးကို ႏြား ၁၂ ေကာင္နဲ႔ တင္ေတာင္းလိုက္ ပါတယ္။ ႐ြာက လူေတြ လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကတယ္။ ဒီမိန္းကေလးက ႏြား ၁၂ ေကာင္ ေတာင္ တန္သလားေပါ့။

မိန္းကေလးကလည္း မိမိကို တန္ဖိုးထားတဲ့သူ ရွိတဲ့အတြက္ အဲဒီ တန္ဖိုးနဲ႔ ကိုက္ညီေအာင္ ျပင္ျပင္ဆင္ဆင္ ေနလိုက္ပါတယ္။ သပ္သပ္ရပ္ရပ္ လွလွပပ ဝတ္ဆင္လိုက္တဲ့ အတြက္ မိန္းကေလးဟာ အဲဒီ႐ြာမွာ တကယ္ကို တန္ဖိုး အရွိဆုံး၊ အလွပဆုံး မိန္းကေလး တေယာက္ ျဖစ္သြားပါ ေတာ့တယ္။

တကယ္ေတာ့ လူေတြ အားလုံးဟာ သူ႔တန္ဖိုးနဲ႔သူ ရွိၾကပါတယ္။ တန္ဖိုး ထားတတ္ဖို႔ပဲ လိုပါတယ္။ မိမိကိုယ္ကို တန္ဖိုးထားတတ္တဲ့ သူဟာ သူတပါးကိုလည္း တန္ဖိုးထားတတ္ လာပါလိမ့္မယ္။ လူတဦးနဲ႔ တဦး တန္ဖိုးထား ဆက္ဆံျခင္းဟာ ေလာကႀကီးကို အလွဆင္ျခင္း တမ်ိဳးပါပဲ။ အဓိက ကေတာ့ တန္ဖိုးထားတတ္ျခင္းပါပဲ။ Crd

Post a Comment

0 Comments