မိဘတွေဆီက ရခဲ့ဖူးရင်

ငယ်ငယ်က မိဘနှစ်ပါးဆီက လက်ဝါးလေး ဖြန့်ခဲ့ရတာကို ပျော်ရွှင်ခဲ့ဖူးရင် ကြီးလာတဲ့အခါ အဲဒီ ပျော်ရွှင်မှုတွေကို မိဘနှစ်ပါးဆီ ပြန်အပ်နှံ နိုင်ရမယ်။

ငယ်ငယ်က မိဘနှစ်ပါးဆီက အရိပ်ကို ခိုလှုံခဲ့ဖူးလို့ လုံခြံစေခဲ့ရင် ကြီးလာတဲ့အခါ အဲဒီလုံ ခြုံစေတဲ့ အရိပ်နဲ့ မိဘနှစ်ပါးကို ပြန်လည် မိုးပေးနိုင်ရမယ်။

ငယ်ငယ်က မိဘနှစ်ပါးဆီက ခွင့်မတောင်းပဲ စားသောက်ခဲ့ဖူးလို့ ခွန်အားတွေ ဖြစ်စေလာခဲ့တာ မှန်ရင် ကြီးလာတဲ့ အခါ ခွန်အားများ ဖြစ်စေမယ့် အစားစာကို လာယူနှိုက်စား လာခဲ့က နားလည်မှုတွေနဲ့ မိဘနှစ်ပါးကို ပြန်လည် ခွင့်လွှတ်ပေး နိုင်ရမယ်။

ငယ်ငယ်က မိဘနှစ်ပါးဆီက အနားမှာ အမြဲရှိနေစေဖို့ အတွက် အချိန်တွေ သုံးယူခဲ့မိလျှင် ကြီးလာတဲ့အခါ အထီးမကျန် စေဖို့အတွက် အမေအိုနဲ့ အဖေအိုအနားကို တနေ့တခေါက် အချိန်မှန်မှန် အနားမှာ ပြန်လည် နေပေးနိုင်ရမယ်။

ငယ်ငယ်က မိဘနှစ်ပါးဆီက ချော့တာ မြူတာတွေကို နှစ်သက်ခဲ့ဖူးရင် ကြီးလာတဲ့အခါ မိဘကို အော်တာ ငေါက်တာတွေ မလုပ်မိစေပဲ ဦးနှောက်တွေ အရင်လို မသန်စွမ်းတော့တဲ့ မိဘနှစ်ပါးကို ကရုဏာ သက်စွာနဲ့ စိတ်ရှည်စွာဖြင့် လမ်းညွှန်ပြနိုင် ရမယ်။

ငယ်ငယ်က မိဘနှစ်ပါးဆီက နံစော်တဲ့ အဝတ်ပိုင်း အနှီးစတွေကို လျှော်ဖွတ်ခိုင်းပြီး ဝတ်ဖူးခဲ့တာ အားနာတတ်ရင် ကြီးလာတဲ့အခါ သန်စွမ်းလှတဲ့ ကိုယ့်ရဲ့ လက်တစုံနဲ့ အမေ့ထဘီ ဟောင်းနွမ်းတဲ့ အဖေ့အဝတ်ကိုလည်း လျှော်ဖွတ် သန့်စင် ပေးနိုင်ရမယ်။

ငယ်ငယ်က မိဘနှစ်ပါးဆီက ရေတခွက်လောင်းပြီး ညစ်ပတ်လွန်းတဲ့ ကိုယ့်ခန္ဓာကိုယ်ကို မရွံမရှာပဲ ဂျီးတွေကို တိုက်ချွတ် ရေချိုးပေးခဲ့ဖူးတာ ခံခဲ့ဖူးရင်

ကြီးလာတဲ့အခါ တခါလောက်တော့ ဒီအမေနဲ့ ဒီအဖေကို ရေဘယ်နှစ်ခါလောက် ချိုးပေးခဲ့ဖူးပြီလဲ ဆိုတာ ပြန်စဉ်းစားစေချင်ပါတယ်။ ဖန်ခါးမြေအရှင်

Zawgyi

မိဘေတြဆီက ရခဲ့ဖူးရင္

ငယ္ငယ္က မိဘႏွစ္ပါးဆီက လက္ဝါးေလး ျဖန႔္ခဲ့ရတာကို ေပ်ာ္႐ႊင္ခဲ့ဖူးရင္ ႀကီးလာတဲ့အခါ အဲဒီ ေပ်ာ္႐ႊင္မႈေတြကို မိဘႏွစ္ပါးဆီ ျပန္အပ္ႏွံ ႏိုင္ရမယ္။ ငယ္ငယ္က မိဘႏွစ္ပါးဆီက အရိပ္ကို ခိုလႈံခဲ့ဖူးလို႔ လုံၿခံေစခဲ့ရင္ ႀကီးလာတဲ့အခါ အဲဒီလုံ ၿခဳံေစတဲ့ အရိပ္နဲ႔ မိဘႏွစ္ပါးကို ျပန္လည္ မိုးေပးႏိုင္ရမယ္။

ငယ္ငယ္က မိဘႏွစ္ပါးဆီက ခြင့္မေတာင္းပဲ စားေသာက္ခဲ့ဖူးလို႔ ခြန္အားေတြ ျဖစ္ေစလာခဲ့တာ မွန္ရင္ ႀကီးလာတဲ့ အခါ ခြန္အားမ်ား ျဖစ္ေစမယ့္ အစားစာကို လာယူႏႈိက္စား လာခဲ့က နားလည္မႈေတြနဲ႔ မိဘႏွစ္ပါးကို ျပန္လည္ ခြင့္လႊတ္ေပး ႏိုင္ရမယ္။

ငယ္ငယ္က မိဘႏွစ္ပါးဆီက အနားမွာ အၿမဲရွိေနေစဖို႔ အတြက္ အခ်ိန္ေတြ သုံးယူခဲ့မိလွ်င္ ႀကီးလာတဲ့အခါ အထီးမက်န္ ေစဖို႔အတြက္ အေမအိုနဲ႔ အေဖအိုအနားကို တေန႔တေခါက္ အခ်ိန္မွန္မွန္ အနားမွာ ျပန္လည္ ေနေပးႏိုင္ရမယ္။

ငယ္ငယ္က မိဘႏွစ္ပါးဆီက ေခ်ာ့တာ ျမဴတာေတြကို ႏွစ္သက္ခဲ့ဖူးရင္ ႀကီးလာတဲ့အခါ မိဘကို ေအာ္တာ ေငါက္တာေတြ မလုပ္မိေစပဲ ဦးေႏွာက္ေတြ အရင္လို မသန္စြမ္းေတာ့တဲ့ မိဘႏွစ္ပါးကို က႐ုဏာ သက္စြာနဲ႔ စိတ္ရွည္စြာျဖင့္ လမ္းၫႊန္ျပႏိုင္ ရမယ္။

ငယ္ငယ္က မိဘႏွစ္ပါးဆီက နံေစာ္တဲ့ အဝတ္ပိုင္း အႏွီးစေတြကို ေလွ်ာ္ဖြတ္ခိုင္းၿပီး ဝတ္ဖူးခဲ့တာ အားနာတတ္ရင္ ႀကီးလာတဲ့အခါ သန္စြမ္းလွတဲ့ ကိုယ့္ရဲ႕ လက္တစုံနဲ႔ အေမ့ထဘီ ေဟာင္းႏြမ္းတဲ့ အေဖ့အဝတ္ကိုလည္း ေလွ်ာ္ဖြတ္ သန႔္စင္ ေပးႏိုင္ရမယ္။

ငယ္ငယ္က မိဘႏွစ္ပါးဆီက ေရတခြက္ေလာင္းၿပီး ညစ္ပတ္လြန္းတဲ့ ကိုယ့္ခႏၶာကိုယ္ကို မ႐ြံမရွာပဲ ဂ်ီးေတြကို တိုက္ခြၽတ္ ေရခ်ိဳးေပးခဲ့ဖူးတာ ခံခဲ့ဖူးရင္ ႀကီးလာတဲ့အခါ တခါေလာက္ေတာ့ ဒီအေမနဲ႔ ဒီအေဖကို ေရဘယ္ႏွစ္ခါေလာက္ ခ်ိဳးေပးခဲ့ဖူးၿပီလဲ ဆိုတာ ျပန္စဥ္းစားေစခ်င္ပါတယ္။ ဖန္ခါးေျမအရွင္

Post a Comment

0 Comments