ဆရာကိုအာခံ အာခေါင်လှံစူး

တခါက ဥဗျိုင်းတကောင်သည် တခုသော မြစ်၏ ကတွတ်ပေါက်၌ ငါးကို စောင့်လျက် နေ၏။ ငါးကို ရသည့်အခါ ချက်ခြင်း မစားသေးဘဲ မြှောက်၍ ကစားပြီးမှ စားလေ့ ရှိတယ်။

ထိုအခြင်းအရာကို လုလင်တယောက် မြင်လေလျှင် အတုမြင် အတတ်သင် ဆိုသည့်အတိုင်း သစ်ချွန်ကလေး များကို မြှောက်ကာ မြေသို့ မကျအောင် ပါးစပ်ကို ဟ၍ သွားဖြင့် ကိုက်ဖမ်းလေ့ ရှိ၏။

သစ်ချွန်များကို ကောင်းစွာ ဖမ်းယူနိုင်သည့်အခါ လုလင်သည် အုတ်ချွန်၊ အုတ်ခဲများကို မြှောက်၍ ဖမ်းယူ ပြန်၏။ ထိုမှတဖန် လှံသေး လှံတံ၊ သန်လျက် စသည်ဖြင့် အဆင့်ဆင့် တက်၍ လေ့ကျင့်ပြန်သော် သူ မတူအောင် တတ်မြောက်လာ၏။

ထိုအခါ လုလင်ပျိုသည် ရွာသို့ဝင်၍ မိမိ၏ ပညာကို ပြလေသော် ရွာသားတို့သည် လွန်စွာ သဘောကျ ကြ၏။ များစွာသော ဥစ္စာတို့ကိုလည်း ပေးကြ၏။

ထိုလုလင် အကြောင်းကို မင်းကြီး ကြားလေသော် လုလင်ကို နန်းရင်ပြင်သို့ ခေါ်၍ ပညာကို ပြစေ၏။

မင်းကြီးလည်း လွန်စွာ နှစ်သက်၍ များစွာသော ဆုလာဘ်ကို ပေး၏။ ထို့နောက် မင်းကြီးသည် လုလင်အား "အမောင်၊ သင်သည် တတ်ကျွမ်း လှပေ၏။ အဘယ်ဆရာက သင့်အား သင်ကြားပေး သနည်း" ဟု မေး၏။

ထိုအခါ လုလင်သည် မြင်ဆရာဖြစ်သော ဥဗျိုင်းထံမှ တတ်သည်ဟု ဝန်ခံရမည်ကို ရှက်သဖြင့် "ကျွန်ုပ် ၌ ဆရာမရှိပါ" ဟု လျှောက်တင်၏။

နောင်အခါတွင် လုလင်သည် သူ့ပညာကို ဆက်လက်၍ ပြမြဲ ပြလေသော် လှံတံသည် အာခံတွင်းသို့ စူးဝင်၍ လုလင် သေရှာလေသတည်း။

ဒီအကြောင်းအရာလေးကတော့ "ဆရာ အာခံ အာခေါင် လှံစူး" ဆိုတဲ့ အတိုင်း သင်ဆရာ မြင်ဆရာတွေကို လစ်လျူရှု စော်ကားရင် ဘေးတွေ့တတ်တဲ့ အကြောင်းကို သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။ Crd

Zawgyi

ဆရာကိုအာခံ အာေခါင္လွံစူး

တခါက ဥဗ်ိဳင္းတေကာင္သည္ တခုေသာ ျမစ္၏ ကတြတ္ေပါက္၌ ငါးကို ေစာင့္လ်က္ ေန၏။ ငါးကို ရသည့္အခါ ခ်က္ျခင္း မစားေသးဘဲ ေျမႇာက္၍ ကစားၿပီးမွ စားေလ့ ရွိတယ္။

ထိုအျခင္းအရာကို လုလင္တေယာက္ ျမင္ေလလွ်င္ အတုျမင္ အတတ္သင္ ဆိုသည့္အတိုင္း သစ္ခြၽန္ကေလး မ်ားကို ေျမႇာက္ကာ ေျမသို႔ မက်ေအာင္ ပါးစပ္ကို ဟ၍ သြားျဖင့္ ကိုက္ဖမ္းေလ့ ရွိ၏။

သစ္ခြၽန္မ်ားကို ေကာင္းစြာ ဖမ္းယူႏိုင္သည့္အခါ လုလင္သည္ အုတ္ခြၽန္၊ အုတ္ခဲမ်ားကို ေျမႇာက္၍ ဖမ္းယူ ျပန္၏။ ထိုမွတဖန္ လွံေသး လွံတံ၊ သန္လ်က္ စသည္ျဖင့္ အဆင့္ဆင့္ တက္၍ ေလ့က်င့္ျပန္ေသာ္ သူ မတူေအာင္ တတ္ေျမာက္လာ၏။

ထိုအခါ လုလင္ပ်ိဳသည္ ႐ြာသို႔ဝင္၍ မိမိ၏ ပညာကို ျပေလေသာ္ ႐ြာသားတို႔သည္ လြန္စြာ သေဘာက် ၾက၏။ မ်ားစြာေသာ ဥစၥာတို႔ကိုလည္း ေပးၾက၏။ ထိုလုလင္ အေၾကာင္းကို မင္းႀကီး ၾကားေလေသာ္ လုလင္ကို နန္းရင္ျပင္သို႔ ေခၚ၍ ပညာကို ျပေစ၏။

မင္းႀကီးလည္း လြန္စြာ ႏွစ္သက္၍ မ်ားစြာေသာ ဆုလာဘ္ကို ေပး၏။ ထို႔ေနာက္ မင္းႀကီးသည္ လုလင္အား "အေမာင္၊ သင္သည္ တတ္ကြၽမ္း လွေပ၏။ အဘယ္ဆရာက သင့္အား သင္ၾကားေပး သနည္း" ဟု ေမး၏။

ထိုအခါ လုလင္သည္ ျမင္ဆရာျဖစ္ေသာ ဥဗ်ိဳင္းထံမွ တတ္သည္ဟု ဝန္ခံရမည္ကို ရွက္သျဖင့္ "ကြၽႏ္ုပ္ ၌ ဆရာမရွိပါ" ဟု ေလွ်ာက္တင္၏။ ေနာင္အခါတြင္ လုလင္သည္ သူ႔ပညာကို ဆက္လက္၍ ျပၿမဲ ျပေလေသာ္ လွံတံသည္ အာခံတြင္းသို႔ စူးဝင္၍ လုလင္ ေသရွာေလသတည္း။

ဒီအေၾကာင္းအရာေလးကေတာ့ "ဆရာ အာခံ အာေခါင္ လွံစူး" ဆိုတဲ့ အတိုင္း သင္ဆရာ ျမင္ဆရာေတြကို လစ္လ်ဴရႈ ေစာ္ကားရင္ ေဘးေတြ႕တတ္တဲ့ အေၾကာင္းကို သင္ခန္းစာေပးထားတာ ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments