စာရေးသူဟာ စာသင်သား ဘဝတုန်းက အစိုးရ စာမေးပွဲ အကြီးတန်းအတွက် အလင်္ကာနှင့် ဆန်း ကျမ်း စာဝါကို လိုက်တဲ့အခါ စာချဆရာတော်ဟာ ဇာတက၊ တိကနိပါတ်၊ ဥဒပါနဝဂ်၊ ကစ္ဆ့ပ (လိပ်) ဇာတ်တော်ကို အရင် ပြောပြတယ်။
မျောက်က သူ့လိ-်တံကို လိပ်ရဲ့ ပါးစပ်ထဲ ထိုးကြည့်တဲ့အခါ လိပ်ဟာ မျောက်ရဲ့ လိ-်တံကို မလွှတ်ဘဲ ကိုက်ထားတယ်။ မျောက်ဟာ သူကိုယ်တိုင် လိပ်ရဲ့ ပါးစပ်ထဲမှ သူ့လိ-်တံကို ဆွဲမထုတ်နိုင်တဲ့ အခါ လက်နှစ်ဖက်ဖြင့် လိပ်ကို ချီပွေ့ပြီး ရသေ့ထံ သွားရောက်ကာ အကူအညီ တောင်းတယ်။
ရသေ့က မျောက်အား "ဟလို ကိုယ်တော်လေး ဘယ်အရပ်မှာ ဆွမ်းခံပြီး သပိတ်ပိုက်ကာ ပြန်လာတာလဲ" လို့ မေးမြန်းတယ်။ အဲဒါနဲ့ "လိပ်ရဲ့ပါးစပ် မျောက်လိ-်စွပ် ဆွမ်းရပ် သပိတ်ပုံ" ဖြစ်သွားတယ်။
စာချဆရာတော်ဟာ လိပ်ဇာတ်လမ်းကို ပြောပြပြီး ဇာတ်လမ်းပါ ဂါထာတပုဒ်ကို ဆန်းကျမ်း နည်းအရ စစ်ဆေးပြတယ်။ လင်္ကာကျမ်းအရ ဘာဂုဏ်မြောက်တယ်၊ အဘယ်ဒေါသ ဖြစ်တယ်ကို ထုတ်ပြတယ်။
ဒါ့အပြင် စာဝါလိုက်တဲ့ စာသင်သားတွေကို ရယ်မောစရာ ရောနှောပြီး သတိပေးခြင်းဖြင့် "အထီး ဆိုတဲ့ အကောင်ဟာ အပေါက်မြင်ရင် ဇာဝီတောင် (သံချောင်းပေါက်) မရှောင်နိုင်ဘူးတဲ့၊ ဟုတ်ပြီလား။ ငါ့ လူတို့လည်း သတိထားနေကြ။ ဒီမျောက်လို အဆန်း ဆော့ရင်တော့ ပါရာဇိကနှင့် (ရဟန်းဘဝနှင့် လူဖြစ်ရှုံးတာ) တွေ့လိမ့်မယ်နော်။
(ကစ္ဆ့ပ လိပ်ဇာတ်လမ်း) လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီမြို့မှာ ဗြဟ္မ့ဒတ်မင်းဟာ မင်းပြုတယ်။ ဘုရားလောင်းဟာ ကာသိတိုင်းအတွင်း ပုဏ္ဏားမျိုးမှာ ဖြစ်ပြီး အရွယ်ရောက် သော် တက္ကသိုလ်ပြည်သို့ သွားရောက်ပြီး အတတ်ပညာ တို့ကို သင်ယူတယ်။
ဒါပေမဲ့ ကာမတို့ကို ပယ်ခွာပြီး ရသေ့ဝတ်ကာ ဟိမဝန္တာအရပ် ဂင်္ဂါမြစ်နားမှာ ကျောင်းဆောက်ပြီး အဘိညာဉ်၊ သမာပတ် တို့ကို ဖြစ်စေကာ ဈာန်ကစားခြင်းကို ကစားလျက် နေထိုင်တယ်။
ဘုရားလောင်းဟာ ကျောင်းတံခါးမှာ နေစဉ် တကောင်သော သီလမရှိသော ပြစ်မှားတတ်သော မျောက်ဟာ အနားကပ် လာပြီး ဘုရားလောင်းရဲ့ နားပေါက်တို့မှာ အင်္ဂါ့ဇာတ်ကို သွင်းသောအမှုကို ပြုမူတယ်။ ဘုရားလောင်းဟာ မတားမြစ်ဘဲ၊ လျစ်လျူရှုနေတယ်။ (မှတ်ချက်) ဘုရားလောင်းဟာ ဒီဇာတ်တော်မှာ ဥပေက္ခာ ပါရမီကို ကျင့်ခဲ့တယ်။
တနေ့တွင် တကောင်သော လိပ်ဟာ ရေမှ တက်လာပြီး ဂင်္ဂါကမ်းနားမှာ ခံတွင်းဖွင့်ကာ နေပူခံလျက် အိပ်နေတယ်။ ထိုလိပ်ကို မြင်ပြီးတော့ လျပ်ပေါ်သော မျောက်ဟာ လိပ်ရဲ့ ခံတွင်းမှာ အင်္ဂါ့ဇာတ် သွင်းခြင်းကို ပြုလုပ်တယ်။ ထိုအခါ လိပ်ဟာ လန့်နိုးပြီး မျောက်ရဲ့ အင်္ဂါ့ဇာတ်ကို ကြုတ်ထဲ ထည့်ဘိသကဲ့သို့ ကိုက်လိုက်တဲ့အခါ ပြင်းစွာသော ဝေဒနာဟာ ဖြစ်လာတယ်။
ထိုဝေဒနာကို သည်းခံနိုင်စွမ်း မတတ်နိုင်ရကား "အဘယ်သူသည် ဒီဆင်းရဲမှ ငါ့ကို လွတ်စေနိုင်သလဲ။ အဘယ်သူ့ ထံပါးသို့ ငါသွားရအံ့နည်း။ ရသေ့မှ တပါး ငါ့ကို ဒီ ဆင်းရဲမှ လွတ်စေနိုင်သော တပါးသောသူသည် မရှိ။ ငါသည် ရသေ့အထံသို့ သွားခြင်းငှာ သင့်၏" ဟု ကြံစည်ပြီး လိပ်ကို လက်နှစ်ဖက်ဖြင့် ချီပွေ့ပြီး ဘုရာလောင်းထံသို့ သွားတယ်။
ဘုရားလောင်းဟာ ထိုသီလ မရှိသော မျောက်အား ပျက်ရယ်ပြုသော အားဖြင့် "ကော နု ဥဒ္ဓိတ ဘတ္တောဝ၊ ပူရဟတ္ထောဝ ဗြဟ္မ့ဏော၊ ကဟံ နု ဘိက္ခံ အစရိ၊ ကံ သဒ္ဓံ ဥပသင်္က့မိ" ဟူသော ဂါထာကို ရွတ်ဆိုတယ်။
(အနက်) ယော- အကြင်သူသည်၊ ကတ္တိက မာသေ- တန်ဆောင်မုန်းလမှာ၊ ဝါစနကံ- မင်္ဂ့လာ ရွတ်ဖတ်ရာမှ ဆွမ်းကို၊ လဘိတွာ- ရ၍၊ ပူရဟတ္ထော- ပြည့်သော လက်ရှိသော၊ ဗြဟ္မ့ဏောဣဝ- ပုဏ္ဏား(ရဟန်း) ကဲ့သို့၊ ဥဒ္ဓိတ ဘတ္တောဝ- သပိတ်မှာ ခူးလောင်းအပ်သော ပွားများသော ဆွမ်းရှိသကဲ့ သို့ ဖြစ်ပြီးလျင်၊ အာဂစ္ဆ့တိ- လာ၏။
ဧသော- ဤသူသည်၊ ကောနု- အဘယ်သူနည်း၊ တွံ- သင်သည်၊ ကဟံ နု- အဘယ်ရပ်မှာလျင်၊ ဘိက္ခံ- ဆွမ်းကို၊ အစရိ- ခံယူခဲ့သနည်း၊ သဒ္ဓံ- သဒ္ဒါ တရားနှင့် ပြည့်စုံသော၊ ကံ- အဘယ်အမျိုးသို့၊ ဥပသင်္က့မိ- ဆည်းကပ်ခဲ့သနည်း။
ထို့နောက် ဘုရားလောင်းဟာ မျောက်ကို သနားသဖြင့် လိပ်နှင့် စကားပြောဆိုတယ်။ "လိပ်တို့ဟာ ကဿပ အမျိုးအနွယ် ဖြစ်ကုန်တယ်၊ မျောက်တို့ဟာ ကောဏ္ဍ့ည အမျိုးအနွယ် ဖြစ်ကုန် တယ်။ ထို့ကြောင့် ကဿပ အမျိုးအနွယ် ဖြစ်သော လိပ် သင်နှင့် မေထုန်အမှုကို ပြုသော ကောဏ္ဍ့ည အမျိုးအနွယ် ဖြစ်သော မျောက်ကို လွှတ်လိုက်ပါ"
လိပ်ဟာ ဘုရားလောင်းရဲ့ စကားကို ကြားပြီး၊ အကြောင်းအားဖြင့် ကြည်ညိုရကား မျောက်ရဲ့ အင်္ဂါဇာတ်ကို လွှတ်ပေးလိုက်တယ်၊ မျောက်ဟာ လွှတ်မိလျင် ဘုရားလောင်းကို ရှိခိုးပြီး ပြေးတယ်။
တဖန် ထိုအရပ်ကို ပြန်ပြီး မကြည့်တော့။ လိပ်ဟာ ဘုရားလောင်းကို ရှိခိုးပြီး မိမိနေရာသို့ ပြန်သွားတယ်။ ဘုရားလောင်းဟာ ဈာန်မှ မယုတ်လျောသည် ဖြစ်ခြင်းကြောင့် ဗြဟ္မာ့ပြည်သို့ လားရတယ်။
ဗုဒ္ဓ့မြတ်စွာဘုရားဟာ ဒီဓမ္မ့ဒေသနာကို (သာဝတ္ထိပြည်မွန်၊ ဇေတဝန်ကျောင်းမှာ၊ ရဟန်းတော် များအား) ဟောပြတော် မူပြီးလျှင် ထုံးစံအတိုင်း "ဇာတ်ပေါင်းတော် မူတယ်"
ပစ္စုပ္ပ့န်မှာ သာဝတ္တိမြို့ ဘုရင်ပသေနဒီ၊ ကောသလမင်းရဲ့ အမတ်နှစ်ယောက်ဟာ (လွှတ်တော်ထဲမှာ အစည်းအဝေး ပြုရင်း) ငြင်းခုံရာမှ၊ ဒီအမတ်နှစ်ယောက်ကို အကြောင်းပြုပြီး ဗုဒ္ဓ့ဟာ အတိတ်ဝတ္ထု၊ လိပ်ဇာတ်လမ်း၊ ကစ္ဆ့ပဇာတ်ကို ဟောကြားတော် မူတယ်။
ဟို အတိတ်ဘဝ တခုက မျောက်နှင့် လိပ်ဟာ ဒီပစ္စုပ္ပ့န်ဘဝမှာ သာဝတ္ထိမြို့ ဘုရင်ပသေနဒီ ကောသလမင်းရဲ့ အမတ်နှစ်ယောက် ဖြစ်လာကြတယ်။ ဤတွင် ဇာတ်ပေါင်းခန်း ပြီး၏။
(နောက်ဆက်တွဲ မှတ်ချက်) ထိုအမတ်နှစ်ယောက်ဟာ သေဆုံးပြီးနောက် သာဝတ္ထိမြို့မှ မြန်မာနိုင်ငံသို့ ရောက်ရှိသွားပြီး တိရစ္ဆာန် ဖြစ်ကုန်ကြတယ်တဲ့။ အမတ် တယောက်က ဒေါင်းငှက် တိရစ္ဆာန် ဖြစ်သွားတယ်၊ ကျန်တယောက်က ခြင်္သေ့ တိရစ္ဆာန် ဖြစ်သွားတယ်။
အဲဒီ အမတ်လူမိုက် တိရစ္ဆာန် နှစ်ယောက်ဟာ ရှေးရေစက် မကုန်သည့် ဇီဇ (သာဝတ္ထိ အမတ်ဖြစ်ခဲ့ကြသည့်) အတိုင်း လွှတ်တော်ထဲမှာ ငြင်းခုံကြတုန်းပဲတဲ့။ (က) ထိုလူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အလွန်ခါး၏။ (ခ) ထိုလူမိုက်များမှာ၊ အနစ်နာ၊ များစွာ မခံတတ်။ (Sat, Jun 6, 2020)
0 Comments