ကျေးဇူးသိတတ်သော သားထွေးလေး

တခါတုန်းက ဂျတင်းဗိုက်ဂါ ဆိုတဲ့ လူကလေး တယောက်ဟာ အလွန်တရာ ဆင်းရဲတဲ့ သားလေးယောက် အမေ မုဆိုးမကြီးရဲ့ အငယ်ဆုံး သားထွေးလေးပဲ ဖြစ်ပါတယ်။

သူ့ရဲ့ မုဆိုးမ အမေကြီးဟာ သားလေးယောက်ကို ပညာ သင်ကြားပေးဖို့၊ ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ဖို့ အခက်အခဲ ဖြစ်နေရှာပါတယ်။

ကြင်နာသနားတတ်တဲ့ မိတ်ဆွေတို့ရဲ့ ကူညီဖေးမမှုနဲ့ သားအကြီးသုံးယောက်ဟာ အလုပ်ကိုယ်စီနဲ့ စားဝတ်နေရေး အဆင်ပြေလို့ သွားပါတယ်။ လိမ္မာရေးခြား ရှိပြီး ကောင်းစားမယ့် လက္ခဏာ ရှိတဲ့ အငယ်ဆုံး သားထွေးလေး ကိုတော့ အားလုံးက အလုပ်မလုပ်ပဲ ကျောင်းဆက်တက် စေချင်ကြပါတယ်။

မိတ်ဆွေတွေဟာ သားထွေးလေးကို ကျောင်းဆက်ထားပေးနိုင် လောက်သည်အထိ မကြွယ်ဝ ကြသော်လည်း မုဆိုးမ အမေကြီးကိုတော့ ပြေလည်အောင် တဖက်တလှမ်းမှ ကူညီပေးကြ ရှာပါတယ်။

ဒီလိုနဲ့ သားထွေးလေးကို ကျောင်းဆက်တက်ဖို့ ဘော်ဒါဆောင် ပို့ပြီး မိခင်ကြီး ကိုတော့ ဆင်းရဲသား ဂေဟာမှာ သွားနေစေခြင်းအားဖြင့် ဂျင်းဗိုက်ဂါလေး ကျောင်းတက်မယ့် အရေးကို အဆင်ပြေအောင် မိတ်ဆွေများက ကြံဆောင်ပေးလိုက် ကြပါတယ်။

ဆင်းရဲသားဂေဟာ အုပ်ချုပ်တဲ့ ဘုန်းတော်ကြီးက ဂျတင်းဗိုက်ဂါကို သူပညာ ဆက်သင်ဖို့အတွက် မိတ်ဆွေများက ဒီလို ဆုံးဖြတ်ထားကြောင်း ခေါ်ပြောချိန်မှာပဲ ဂျတင်းဗိုက်ဂါဟာ အမှတ်မထင် ဘုန်းတော်ကြီး အခန်းထဲမှ သူ့မိခင်ကြီးအား ဆင်းရဲသား ဂေဟာမှာ နေထိုင်ခွင့် ပြုကြောင်း စာရွက်ကို တွေ့သွားပါတော့တယ်။

အဲဒါနဲ့ ဂျတင်းဗိုက်ဂါဟာ သူတက်နေတဲ့ ကျောင်းကို ဆက်မတက်တော့ပဲ အလုပ်သမားဝတ်စုံ လဲဝတ်ကာ ဘုန်းတော်ကြီးထံ ပြန်လာပြီး သူ့ဆုံးဖြတ်ချက်ကို ပြောပြပါတယ်။

"ကျွန်တော် အားလုံးကို သိပြီးပါပြီ။ ဒါပေမယ့် အမေ့ ကိုတော့ ဆင်းရဲသားဂေဟာ ပို့မထားနိုင်ပါဘူး။ အမေနဲ့အတူ ကျွန်တော်နေပြီး အမေ့ကို လုပ်ကိုင်ကျွေးပါ့မယ်" လို့ ဘုန်းတော်ကြီးကို ပြောပြလိုက်ပါတယ်။

ဘုန်းတော်ကြီးကတော့ စာမတတ် ပေမတတ် နဲ့ဆို သူ့အမေကို လုပ်ကိုင် ကျွေးမွေးနိုင်မှာ မဟုတ်ကြောင်း ပညာတွေ ပိုမိုသင်ယူပြီးမှသာ ပိုမို ထောက်ပံ့နိုင်မှာ ဖြစ်ကြောင်း ရှင်းပြသော်လည်း လူကလေး ကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်ပဲ သူ့အမေကို ဘယ်ပုံဘယ်နည်း လုပ်ကျွေး ပြုစုရမလဲသာ အကြံထုတ်နေ ပါတော့တယ်။

သူ့အကို အကြီးသုံးယောက် မှာတော့ သူတို့အမေကို စောင့်ရှောက်လိုစိတ် မရှိကြောင်းလည်း သူက အကဲခတ်မိ ပါတယ်။ ဂျတင်းဗိုက်ဂါဟာ သူ့အဝတ်အစားတွေနဲ့ ကျောင်းက ဆုရထားတဲ့ လက်ပတ်နာရီ တလုံးကို ရောင်းချပြီး

ရတဲ့ငွေနဲ့ စားစရာ မုန့်တွေနဲ့ ကလေးကစားစရာတွေ ဝယ်ယူကာ သူတို့ မြို့ကလေးရဲ့ လမ်းတကာ ပေါ်မှာ လိုက်လံ လှည့်လည် ရောင်းချပါတော့တယ်။

ဂျတင်းဗိုက်ဂါလေးဟာ အင်မတန်မှ ထက်မြက်ပြီး သူ့အမေ ကိုလည်း လွန်စွာ ချစ်ရှာပါတယ်။ သူအခုလို ကြိုးစားပမ်းစားနဲ့ မိခင်ကြီးကို ရှာဖွေ ကျွေးမွေးနေတာ ကိုလည်း တမြို့လုံးက သိနေကြပါတယ်။

ဒီတော့ သူ့စိတ်ထား မြင့်မြတ်မှုကို အသိအမှတ် ပြုတဲ့ အနေနဲ့ သူ့ဆီက မုန့်တွေ၊ ပစ္စည်းတွေကို ဝယ်ယူအားပေး ကြပါတယ်။

ဒီလိုမျိုး ဈေးရောင်းရင်း ရတဲ့ ငွေကို ခြစ်ကုပ်စုရင်း တစတစ စုဆောင်း ရရှိလာခဲ့ပြီး မကြာခင်မှာပဲ သားအမိ နှစ်ယောက် တဝမ်းတခါးစာ အတွက်တော့ ဖူလုံအောင် ရှာဖွေလာ နိုင်ခဲ့ကာ သက်ထက်ဆုံး ပျော်ရွှင်စွာ အတူတူ နေထိုင်သွား ကြပါတယ်။

သားသားမီးမီးတို့လည်း အနှိုင်းမဲ့ ကျေးဇူးရှင် ဖြစ်တဲ့ ကိုယ့်မိခင်တွေရဲ့ ကျေးဇူးကို အထူး ဆပ်နိုင်ကြသူများ ဖြစ်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရ ပါတယ်ဗျာ။

ဒီဇာတ်လမ်းလေး ဖတ်ပြီးရင် ခေါင်းဆောင်ကောင်း တဦးဆိုတာ ကြုံတွေ့လာသော အန္တရာယ် အမျိုးမျိုးကို ရှေ့ဆုံးမှ ဦးဆောင်ကာ နည်းနာပြပြီး နောက်လိုက်သားတွေ၏ စည်းလုံးညီညွတ်မှုကို ရယူပြီး

တဦးပေါ်တဦး ယုံကြည်မှု၊ လေးစားမှု၊ ချစ်ခင်မှုတွေထားရှိပြီး ပန်းတိုင်တခုကို ရောက်စေဖို့ အတူတူ တိုက်ပွဲဝင်နေတဲ့ လူသားတယောက် ဆိုတာကို သိမြင်သွားမယ်လို့ မျှော်လင့်မိပါတယ်။ Cartoon Bakery

Post a Comment

0 Comments