တနေ့မှာ အရမ်း ချမ်းသာတဲ့ သူဌေးကြီး တဦးဟာ သူ့သားကို ဆင်းရဲသား လယ်သမားတွေ နေထိုင်တဲ့ ကျေးလက်ဒေသကို ခေါ်သွားတယ်။
ရည်ရွယ်ချက်ကတော့ သူ့သားအနေနဲ့ ဆင်းရဲသားတွေ ရုန်းကန် လှုပ်ရှားနေရတဲ့ ဘဝတွေကို သိစေချင်လို့ပါ။
ဒီလိုနဲ့ သူဌေးကြီး သားအဖဟာ အဆင်းရဲဆုံးလို့ ထင်ရတဲ့ မိသားစု တစုထံမှာ ရက်အနည်းငယ် နေထိုင်ပြီး ပြန်လာခဲ့ ကြတယ်။ အပြန်လမ်းမှာ သူဌေးကြီးက သူ့သားကို မေးတယ်။
"ဒီခရီးက ဘယ်လိုနေလဲ သား"
"အရမ်း ကောင်းပါတယ် အဖေ"
"သား တွေ့ခဲ့တယ် မဟုတ်လား။ သူတို့ ဘယ်လောက်အထိ ဆင်းဆင်းရဲရဲ နေထိုင်နေ ကြရသလဲ ဆိုတာကို"
"ဟုတ် သားတွေ့ပါတယ် အဖေ"
"ကိုင်း ဒါဖြင့် ငါ့သား သူတို့ ဘဝတွေ ကနေ ဘာတွေ သိခဲ့ရလဲ ဆိုတာကို ပြောပြစမ်းပါဦး"
သူဌေးကြီးက အဲ့ဒီလို မေးလိုက်တဲ့အခါ သားလုပ်သူက အခုလို ဖြေပါတယ်။
"သားတို့ အိမ်မှာ ခွေးတကောင်ပဲ ရှိတယ်။ သူတို့မှာတော့ လေးကောင်တောင် ရှိတယ်။
သားတို့မှာ ဥယျာဉ် အလယ်လောက် ထိပဲ ရောက်တဲ့ ရေကူးကန် ရှိတယ်၊ သူတို့မှာတော့ အဆုံးမရှိတဲ့ စမ်းချောင်းကြီး ရှိတယ်။
သားတို့ ဥယျာဉ်ထဲမှာ နိုင်ငံခြားက တင်သွင်းလာတဲ့ မီးတိုင်တွေပဲ ရှိတယ်၊ သူတို့မှာတော့ ညဘက်ဆို ကြယ်တွေ ရှိတယ်။
သားတို့မှာ ခြံရှေ့အထိပဲ ရောက်တဲ့ ဝရံတာ ရှိတယ်၊ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်း တခုလုံးကို ရှိနေတယ်။ သားတို့မှာ နေစရာ ခြံဝင်းသေးသေးပဲ ရှိတယ်၊ သူတို့မှာတော့ မျက်စိတဆုံး ကျယ်တဲ့ လယ်ကွင်းတွေ ရှိတယ်။
သားတို့မှာ သားတို့ကို ပြုစုပေးမယ့် အစေခံတွေ ရှိတယ်၊ သူတို့ကတော့ အခြားသူတွေကို ပြန်ပြုစုပေး နိုင်တယ်။ သားတို့က အစားအသောက်တွေကို ဝယ်စားရတယ်၊ သူတို့ကတော့ ကိုယ်တိုင် စိုက်ပျိုး စားသောက်တယ်။
သားတို့မှာ သားတို့ ပိုင်ဆိုင်မှုကို ကာကွယ်ပေးမယ့် နံရံကြီးတွေ ရှိတယ်၊ သူတို့မှာတော့ သူတို့ကို ကာကွယ်ပေးမယ့် မိတ်ဆွေကောင်းတွေ ရှိတယ်" သားလုပ်သူရဲ့ အဖြေကြောင့် သူဌေးကြီးခမျာ ဘာမှ ပြန်မပြောနိုင် ရှာပါဘူး။
သားဖြစ်သူက ဆက်ပြီး "ကျေးဇူးတင်ပါတယ် အဖေ၊ သားတို့ ဘယ်လောက် ဆင်းရဲသလဲ ဆိုတာကို သိအောင် ပြသပေးခဲ့လို့ပါ။ သားတို့က ရှိသူဌေး (သူဌေးအတု) သူတို့က မရှိသူဌေး (သူဌေးအစစ်) ပါ အဖေ"
မေတ္တာတရား၊ စည်းလုံးမှု၊ ဂရုစိုက် ကြင်နာမှုနဲ့ စိတ်ချမ်းသာမှု ဆိုတာ ငွေကြေးကြောင့် ရတဲ့ အရာတွေထက် ပိုပြီး ချမ်းသာပါတတယ်။ Crd
0 Comments