တခါက တောရွာထဲမှာ ရင့်ကျက်တဲ့ အဖိုးကြီးနဲ့ အသက် ၁၃ နှစ် အရွယ် ဂျွန် ဆိုတဲ့ ကောင်လေး မြေးလေး တယောက် ရှိပါတယ်။ ဂျွန်က မိဘနှစ်ပါး ဆုံးပါးသွားပြီနောက် ကျောင်းကို ဆက်မတက်ရတော့ဘဲ အဖိုးသွားရာပါ အဖိုးခြေရာနဲ့ နေ့စဉ် ရှင်သန်နေ ရပါတယ်။
ဂျွန်က အောင်မြင်တဲ့ လူတယောက် ဖြစ်ချင်နေခဲ့တယ်။ ဒါပေမဲ့ သူကျောင်းဆက် မတက်ရတော့လို့ သူလုပ်ချင်တာတွေ အားလုံး လုပ်ခွင့်ရတော့မှ မဟုတ်ဘူး ဆိုပြီးတော့ အလွန် ဝမ်းနည်းနေပါတယ်။
ကျောင်းက ဆရာ ဆရာမတွေ အမြဲတမ်း ပြောလေ့ရှိတဲ့ "စာမခက်ချင်ရင် ကျောင်းမှန်မှန် တက်ရတယ်။ အောင်မြင်မှုကို လိုချင်ရင် ကျောင်းတဝက် တပျက် မထွက်ရဘူး။ ကျောင်းပြီးဆုံးအောင် မနေရတဲ့ သူမှာ အောင်မြင်မှုဆိုတာ မရှိနိုင်ဘူး" တဲ့။
သူဒီစကားတွေကို သတိရလေ သူပိုဝမ်းနည်းလေ၊ သူဝမ်းနည်းလေ သူစိတ်ဓာက်ကျလေနဲ့ ဘာမှ မလုပ်ချင်အောင်ကို သူ စိတ်ပျက်နေ ခဲ့ပါတယ်။ တရက်မှာတော့ သူ့မြေး အခုလို ဖြစ်တာ မကြည့်ရက်တဲ့ အဖိုးက မေးလာတယ်။
"မြေးလေး ဘာဖြစ်တာလဲ၊ ဘာအဆင်မပြေ ရှိတာလဲ။ ဖိုးဖိုးကို ပြောပြပါအုံး။ ဖိုးဖိုး အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်"
"ဖိုးဖိုး သားက ကျောင်း ပြီးဆုံးအောင် မနေရလို့ သား ဒီတသက်အောင်မြင်မှု မရနိုင်တော့တာကို တွေးမိရင်း ဝမ်းနည်းမိတာပါ ဖိုးဖိုး"
"သားမှာ ကျောင်းပြီးအောင် မနေရလို့ အောင်မြင်မှု မရနိုင်တော့ဘူးလို့ ဘယ်သူက ပြောတာလဲ သားလေးရဲ့။ ဒီမှာ မြေးလေး၊ စိတ်ထဲမှာ ဖြစ်ချင်တယ် ဆိုရင် ကိုယ်တိုင် ဖြစ်အောင် လုပ်လို့ရတယ် ဆိုတာ မမေ့နဲ့"
"ဖိုးဖိုး ပြောတာကို သား မမေ့ပါဘူး။ ဒါပေမဲ့ သားမှာ ကျောင်းမှ မတက်ရတာ ဖြစ်ချင်တဲ့ အရာက ဘယ်လို သိနိုင်ပြီး ဘယ်လို လုပ်ဆောင်နိုင်ပါ့မလဲ ဖိုးဖိုးရယ် မဖြစ်နိုင်တာ"
"ဖြစ်တာ မဖြစ်တာက အသာထား။ အဓိက ကတော့ စာဖတ်ကြည့်ပါ ငါ့မြေးလေး" လို့ အဖိုးအိုက ပြုံးပြီး ပြောလိုက်ပါတယ်။
နေ့တိုင်းလိုလို အဖိုးက အဲဒီလို ပြောတော့ ဂျွန်က အဖိုး ရူးသွားပြီ လို့ဘဲ မှတ်နေလိုက်တယ်။ တနေ့မှာ အသက်ကြီးပြီ ဖြစ်တဲ့ အဖိုးဟာ နေမကောင်းဖြစ်ပြီး ဆုံးပါးသွား ခဲ့ပါတယ်။ အဖိုး အသက်မဆုံးခင်မှာ နောက်ဆုံးအနေဖြစ် ဂျွန်ကို ပြောသွားခဲ့တယ်။
"ဒီမှာ မြေးလေး အဘိုးက မြေးကို ဘာရွေငွေ ရတနာတွေမှ မပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခု ဖိုးဖိုး နောက်ဆုံးလက်ဆောင်ပေးခဲ့ပါမယ်။ အဲ့ဒါဟာ စာဖတ်ပါ ငါ့မြေး။ ဒါဟာ အဖိုးရဲ့ နောက်ဆုံး အမွေ လက်ဆောင်ဘဲ။ ဒီလက်ဆောင်ကို မင်းအမြဲတမ်း ထိန်းသိမ်းရင် ရွေငွေ ရတနာတွေထက် အဖိုးတန်တယ် ဆိုတာ မမေ့နဲ့ ငါ့မြေး"
ဒီလိုနဲ့ ဂျွန်က အဖိုးပေးတဲ့ လက်ဆောင်အမွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ သူနေ့တိုင်း စာကြည့်တိုက်ငယ်ကို သွားပြီး စာတွေဖတ်လာတယ်။ အစပိုင်းမှာ သူတာဝန်အရနဲ့ဘဲ ဖတ်တယ်။
တဖြည်းဖြည်းနဲ့ သူက အသိပညာ ရစေတာတွေ စတဲ့ သူလုပ်ချင်တာတွေ စာအုပ်တွေ ထဲမှာ တွေ့လာတယ်။ သူစိတ်ဝင်တစားနဲ့ စာပိုပိုပြီး ဖတ်လာတယ်။ နောက်တော့ သူစာ မဖတ်ရ မနေနိုင်ဖြစ်လာတယ်။
အတွေးအကြံတွေလဲ ပေါ်ပေါက်လာတယ်။ စိတ်အားတွေ ထက်သန်လာတယ်။ သူရလာတဲ့ အကြံတွေကို လက်တွေ့ လုပ်ကြည့်တယ်။ သူရှုံးလို့ စိတ်ဓာက်ကျရင် စာအုပ်ထဲကနေ ပြန်ဖြည့်စွမ်းတယ်။
ဒီလိုနဲ့ ၁၀ နှစ် ကြာသွားတဲ့အချိန်မှာ ဂျွန်ဟာ အောင်မြင်တဲ့ လူငယ်တယောက်၊ ချမ်းသာတဲ့ သူဌေးကြီး ဖြစ်နေပါပြီ။
သူ့ကို လူတွေက မေးလာကြတယ်။ "ဂျွန် မင်းအဖိုး သေတုန်းက ဘယ်လောက်တန်တဲ့ ရတနာ အမွေတွေ ပေးထားခဲ့တာလဲ။ ဘာ့ကြောင့် ဒီနေ့ အထိတောင် မင်းမားမား မတ်မတ်နဲ့ ရပ်နိုင်ပြီး ချမ်းသာနေရတာလဲ" တဲ့။
သူပြန်ပြောတယ်။ "အဖိုးက ဘာရတနာ အမွေမှ ပေးမထားပါဘူး။ ရတနာထက် အဖိုးတန်တဲ့ အမွေလက်ဆောင်ကို ပေးထားခဲ့တာပါ။ အဲ့ဒါက စာဖတ်ပါ တဲ့။ အဖိုးက ပြောတယ် "စာဖတ်ပါ "တဲ့။
ဟုတ်ပါတယ် ဒါဟာ ပုံပြင်ဆိုပေမယ့် တကယ်လည်း ဟုတ်ပါတယ်။ စာဖတ်လို့ ပိုက်ဆံ မရပေမယ့် ပိုက်ဆံ ရှာနိုင်အောင် စာပေတွေက ခြေလမ်းတွေကို ပြပေးနိုင်ပါတယ်။
စာဖတ်လို့ လူမူဆက်ဆံရေး အလိုလိုနဲ့ လာပြီး ကောင်းမွန်သွားတာ မဟုတ်ပေမယ့် ဆက်ဆံရေး ကောင်းမွန်အောင် စာပေတွေက ပြောပြပေးနိုင် ပါတယ်။ စာဖတ်လို့ ဘဝ လှပသွားတယ် မဟုတ်ပေမယ့် ဘဝလှအောင် စာပေတွေက သင်ပြပေးနိုင် ပါတယ်။
စာဖတ်လို့ တွေးတေားနိုင်တာ မဟုတ်ပေမယ့် တွေးတေားနိုင်အောင် စာပေတွေက ရှင်းပြပေးနိုင် ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ အကောင်းဆုံး အဖော်မွန်ဖြစ်ပြီး စာပေတွေက ကိုယ့်ဘဝအတွက် အသင့်တော်ဆုံး ဆရာတဆူပါဘဲ။ phoomyatchal
0 Comments