ရှောင်နေလိုက်တာ အကောင်းဆုံးပါ

သူ့စိတ်ဓာတ်ကို ကိုယ်သိရပြီ ဆိုရင် တိုက်ရိုက် သွားမပြောနဲ့။ မသိသလို နေပေးပြီးတော့ နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား။ သွားပြီး ပေါက်ကွဲ မပြနဲ့။ မသိသလို နေပေးပြီး၊ နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ။ နင်က ဘယ်လို၊ ငါက ဘယ်လို ဆိုပြီး စကားလုံးတွေနဲ့ စစ်တိုက်နေဖို့ မလိုပါဘူး။

ရိုးသားချင်ယောင် ဆောင်နေတဲ့ သူ့အကြောင်းကို ကိုယ်က နားလည်နေပြီမလား။ ဆက်ပြီး အပေါင်း အသင်းမလုပ်နဲ့။ တဖြည်းဖြည်း ရှောင်နေလိုက်ပါ။ ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ ထိခိုက်စေနိုင်တာ မို့လို့ပါ။

တခါတလေတော့ ကိုယ်သိတဲ့ အရာတခုဟာ ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ။ လုံးဝ မပတ်သက် မဆက်ဆံရဘူး လို့ မပြောလို ပါဘူး။

မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ် ဆိုရင်လည်း ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်။

ရိုးသားချင်ယောင်ဆောင်၊ သဘော ကောင်းသလို ဟန်ပြ၊ ကွယ်ရာမှာ နောက်ကောက်ချနင်း၊ ကိုယ့်ရဲ့ မကောင်းသတင်းကို အလံတလူလူလို လေလွှင့်၊ ခွင့်ရရင် ရသလို ဖဲ့ညှစ်၊

အရာရာကို သူ့အပြစ် မဟုတ်ဘူးလို့ ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့ လူမျိုးကို ဒီတသက် တွေ့ဆုံခဲ့ရင် ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ။

Zawgyi

ေရွာင္ေနလိုက္တာ အေကာင္းဆုံးပါ

သူ႔စိတ္ဓာတ္ကို ကိုယ္သိရၿပီ ဆိုရင္ တိုက္႐ိုက္ သြားမေျပာနဲ႔။ မသိသလို ေနေပးၿပီးေတာ့ ေနာက္ဆို ကိုယ္က ေရွာင္ေနလိုက္ပါ။

သူ႔အက်င့္ကို ရိပ္မိေနၿပီမလား။ သြားၿပီး ေပါက္ကြဲ မျပနဲ႔။ မသိသလို ေနေပးၿပီး၊ ေနာက္ဆို ကိုယ္က ဆင္ျခင္လိုက္ပါ။ နင္က ဘယ္လို၊ ငါက ဘယ္လို ဆိုၿပီး စကားလုံးေတြနဲ႔ စစ္တိုက္ေနဖို႔ မလိုပါဘူး။

႐ိုးသားခ်င္ေယာင္ ေဆာင္ေနတဲ့ သူ႔အေၾကာင္းကို ကိုယ္က နားလည္ေနၿပီမလား။ ဆက္ၿပီး အေပါင္း အသင္းမလုပ္နဲ႔။ တျဖည္းျဖည္း ေရွာင္ေနလိုက္ပါ။ ေရွ႕ဆက္သြားရင္ ကိုယ့္ကိုပါ ထိခိုက္ေစႏိုင္တာ မို႔လို႔ပါ။

တခါတေလေတာ့ ကိုယ္သိတဲ့ အရာတခုဟာ ကိုယ္စိတ္ထဲမွာ မွတ္သားထားဖို႔ပဲ လိုတာပါ။ လုံးဝ မပတ္သက္ မဆက္ဆံရဘူး လို႔ မေျပာလို ပါဘူး။ မျဖစ္သာလို႔ ဆက္ဆံေနရအုံးမယ္ ဆိုရင္လည္း ကိုယ္ေပါင္း စိတ္ခြာနဲ႔ ေပါင္းသင္းႏိုင္ပါတယ္။

႐ိုးသားခ်င္ေယာင္ေဆာင္၊ သေဘာ ေကာင္းသလို ဟန္ျပ၊ ကြယ္ရာမွာ ေနာက္ေကာက္ခ်နင္း၊ ကိုယ့္ရဲ႕ မေကာင္းသတင္းကို အလံတလူလူလို ေလလႊင့္၊ ခြင့္ရရင္ ရသလို ဖဲ့ညႇစ္၊ အရာရာကို သူ႔အျပစ္ မဟုတ္ဘူးလို႔ ဟန္ေဆာင္ကာ မ်က္ႏွာဖုံး စြပ္ထားတဲ့ လူမ်ိဳးကို ဒီတသက္ ေတြ႕ဆုံခဲ့ရင္ ကင္းႏိုင္သေလာက္ ေရွာင္ဖယ္ကာ ေနလိုက္ပါ။

Post a Comment

0 Comments