ကြတ္တိကာကြယ် ခုနှစ်သွယ်

တရံရောအခါ ကျေးရွာတရွာတွင် ပစ္စည်းဥစ္စာ ကြွယ်ဝသော တောသူဌေးတဦး ရှိလေ၏။ ထိုသူဌေးတွင် ချောမောလှပသည့် သမီးကညာ ခုနှစ်ယောက် ရှိရာ ထိုသူဌေး၏ အိမ်တွင်လည်း ကိုကဆုန်၊ ကိုနယုန်ခေါ် ညီအကို နှစ်ယောက်တို့သည် စာရင်းငှားအဖြစ် နေကြလေ၏။

တနေ့သ၌ ကိုကဆုန်သည် သူဌေးကြီး၏ သမီးအကြီးကို လည်းကောင်း၊ ကိုနယုန်သည် သမီးအငယ်ကို လည်းကောင်း ရလိုကြောင်း သူဌေးကြီးအား ပြောကြား တောင်းပန်လေလျှင် သူဌေးကြီးလည်း ဒေါသအမျက် ချောင်းချောင်းထွက်လျက်

"နင်တို့လို ကျွန်စုတ်တွေနဲ့ ငါ့သမီးများနဲ့ မတူမတန်ဘူး" ဟု ပြောဆို ကြိမ်းမောင်းကာ အိမ်မှ နှင်ထုတ် လိုက်လေ၏။

ကိုကဆုန် ကိုနယုန်တို့ သည်လည်း သူဌေးကြီး အိမ်မှ ထွက်လာခဲ့ကြရ ပြီးလျှင် ရွာတရွာ၌ သွားရောက်၍ မိမိတို့၏ လုံ့လ ဝိရိယ အစွမ်းသတ္တိ အားကိုးဖြင့် ကြိုးစားလုပ်ကိုင် စုဆောင်းခဲ့ရာ ကာလ အတန်ကြာသော် အလိုက်အထိုက် ချမ်းသာ ကြွယ်ဝ လာကြလေသည်။

ဤအချိန်တွင် သူတို့၏ စာရင်းကိုင် ဖြစ်ဖူးသော သူဌေးကြီးမှာ သေဆုံးသွားသဖြင့် ကျန်ရစ်သော သမီးခုနှစ်ယောက် တို့လည်းဘာမျှ မလုပ်တတ် မကိုင်တတ် ကြဘဲ ရှိသမျှ မိမွေ ဖမွေများကိုသာ သုံးစား နေထိုင်လာ ခဲ့ကြရာ ဝင်ငွေမရှိ ထွက်ငွေချည်း ဖြစ်နေသဖြင့် ပစ္စည်းဥစ္စာများ ကုန်ခန်း၍ ဆင်းရဲနွမ်းပါး ကြလေတော့သည်။

တနေ့သော အခါတွင် သူဌေးသမီး ခုနှစ်ယောက် တို့သည် ကိုကဆုန် ကိုနုယုန်တို့၏ လယ်ကွက်တွင်းသို့ ဆင်း၍ ကောက်ပဲ သီးနှံများ လိုက်လံရှာဖွေ ကောက်ယူနေကြစဉ်

ကိုကဆုန်တို့ ညီအကို နှစ်ယောက်လာသည်ကို မြင်လျှင် သူတို့၏ ဘဝအဖြစ်ကို သိမည် စိုးသဖြင့် ကိုကဆုန်တို့ မမြင်အောင် လယ်ကွက်ထဲရှိ ကောက်ရိုးပုံကြီး ထဲသို့ ဝင်၍ ပုန်းအောင်း နေကြလေ၏။

ကိုကဆုန် ကိုနယုန်တို့ ညီအကိုလည်း လယ်ကွင်းထဲသို့ လျှောက်၍ ကြည့်ရှုရာ ကောက်ရိုးပုံကြီးကို မြင်ကြ၍

"ဒီကောက်ရိုးတွေ ဒီနေရာမှာ အလွန် ရှုပ်လှတယ်" ဟု ဆိုပြီးလျှင် မီးရှို့ပစ် ကြလေရာ ကောက်ရိုးပုံ အတွင်းရှိ သူဌေးသမီး ခုနှစ်ယောက် တို့သည် မီးလောင်၍ သေကြလေ တော့သည်။

ထိုသူဌေးသမီး ခုနှစ်ယောက်တို့သည် သေသည်အခါ မိုးကောင်းကင် ထက်ဝယ် ထင်ရှား တောက်ပသည့် ခုနစ်သွယ်သော ကြတ္တိကာ ကြယ်ကလေးများ ဖြစ်လာကြလေသည်။

သို့သော် ကိုကဆုန် ကိုနယုန် ညီအကိုနှစ်ယောက်ကို စိတ်နာလွန်း သဖြင့် ကဆုန်လနှင့် နယုန်လများတွင် မထွက်ပေါ်ဘဲ အခြားသော လများမှာသာ ထွက်ပေါ်လာကြလေသည် ဟူသတည်း။

လူထုဦးလှ၏ အညာကျေးလက်ပုံပြင်များစာအုပ်မှ ပြန်လည်ကူးယူဝေမျှပါသည်။ phoomyatchal

Zawgyi

ၾကတၱိကာၾကယ္ ခုနွစ္သြယ္

တရံေရာအခါ ေက်း႐ြာတ႐ြာတြင္ ပစၥည္းဥစၥာ ႂကြယ္ဝေသာ ေတာသူေဌးတဦး ရွိေလ၏။ ထိုသူေဌးတြင္ ေခ်ာေမာလွပသည့္ သမီးကညာ ခုႏွစ္ေယာက္ ရွိရာ ထိုသူေဌး၏ အိမ္တြင္လည္း ကိုကဆုန္၊ ကိုနယုန္ေခၚ ညီအကို ႏွစ္ေယာက္တို႔သည္ စာရင္းငွားအျဖစ္ ေနၾကေလ၏။

တေန႔သ၌ ကိုကဆုန္သည္ သူေဌးႀကီး၏ သမီးအႀကီးကို လည္းေကာင္း၊ ကိုနယုန္သည္ သမီးအငယ္ကို လည္းေကာင္း ရလိုေၾကာင္း သူေဌးႀကီးအား ေျပာၾကား ေတာင္းပန္ေလလွ်င္ သူေဌးႀကီးလည္း ေဒါသအမ်က္ ေခ်ာင္းေခ်ာင္းထြက္လ်က္ "နင္တို႔လို ကြၽန္စုတ္ေတြနဲ႔ ငါ့သမီးမ်ားနဲ႔ မတူမတန္ဘူး" ဟု ေျပာဆို ႀကိမ္းေမာင္းကာ အိမ္မွ ႏွင္ထုတ္ လိုက္ေလ၏။

ကိုကဆုန္ ကိုနယုန္တို႔ သည္လည္း သူေဌးႀကီး အိမ္မွ ထြက္လာခဲ့ၾကရ ၿပီးလွ်င္ ႐ြာတ႐ြာ၌ သြားေရာက္၍ မိမိတို႔၏ လုံ႔လ ဝိရိယ အစြမ္းသတၱိ အားကိုးျဖင့္ ႀကိဳးစားလုပ္ကိုင္ စုေဆာင္းခဲ့ရာ ကာလ အတန္ၾကာေသာ္ အလိုက္အထိုက္ ခ်မ္းသာ ႂကြယ္ဝ လာၾကေလသည္။

ဤအခ်ိန္တြင္ သူတို႔၏ စာရင္းကိုင္ ျဖစ္ဖူးေသာ သူေဌးႀကီးမွာ ေသဆုံးသြားသျဖင့္ က်န္ရစ္ေသာ သမီးခုႏွစ္ေယာက္ တို႔လည္းဘာမွ် မလုပ္တတ္ မကိုင္တတ္ ၾကဘဲ ရွိသမွ် မိေမြ ဖေမြမ်ားကိုသာ သုံးစား ေနထိုင္လာ ခဲ့ၾကရာ ဝင္ေငြမရွိ ထြက္ေငြခ်ည္း ျဖစ္ေနသျဖင့္ ပစၥည္းဥစၥာမ်ား ကုန္ခန္း၍ ဆင္းရဲႏြမ္းပါး ၾကေလေတာ့သည္။

တေန႔ေသာ အခါတြင္ သူေဌးသမီး ခုႏွစ္ေယာက္ တို႔သည္ ကိုကဆုန္ ကိုႏုယုန္တို႔၏ လယ္ကြက္တြင္းသို႔ ဆင္း၍ ေကာက္ပဲ သီးႏွံမ်ား လိုက္လံရွာေဖြ ေကာက္ယူေနၾကစဥ္ ကိုကဆုန္တို႔ ညီအကို ႏွစ္ေယာက္လာသည္ကို ျမင္လွ်င္ သူတို႔၏ ဘဝအျဖစ္ကို သိမည္ စိုးသျဖင့္ ကိုကဆုန္တို႔ မျမင္ေအာင္ လယ္ကြက္ထဲရွိ ေကာက္႐ိုးပုံႀကီး ထဲသို႔ ဝင္၍ ပုန္းေအာင္း ေနၾကေလ၏။

ကိုကဆုန္ ကိုနယုန္တို႔ ညီအကိုလည္း လယ္ကြင္းထဲသို႔ ေလွ်ာက္၍ ၾကည့္ရႈရာ ေကာက္႐ိုးပုံႀကီးကို ျမင္ၾက၍ "ဒီေကာက္႐ိုးေတြ ဒီေနရာမွာ အလြန္ ရႈပ္လွတယ္" ဟု ဆိုၿပီးလွ်င္ မီးရႈိ႕ပစ္ ၾကေလရာ ေကာက္႐ိုးပုံ အတြင္းရွိ သူေဌးသမီး ခုႏွစ္ေယာက္ တို႔သည္ မီးေလာင္၍ ေသၾကေလ ေတာ့သည္။

ထိုသူေဌးသမီး ခုႏွစ္ေယာက္တို႔သည္ ေသသည္အခါ မိုးေကာင္းကင္ ထက္ဝယ္ ထင္ရွား ေတာက္ပသည့္ ခုနစ္သြယ္ေသာ ၾကတၱိကာ ၾကယ္ကေလးမ်ား ျဖစ္လာၾကေလသည္။ သို႔ေသာ္ ကိုကဆုန္ ကိုနယုန္ ညီအကိုႏွစ္ေယာက္ကို စိတ္နာလြန္း သျဖင့္ ကဆုန္လႏွင့္ နယုန္လမ်ားတြင္ မထြက္ေပၚဘဲ အျခားေသာ လမ်ားမွာသာ ထြက္ေပၚလာၾကေလသည္ ဟူသတည္း။ လူထုဦးလွ၏ အညာေက်းလက္ပုံျပင္မ်ားစာအုပ္မွ ျပန္လည္ကူးယူေဝမွ်ပါသည္။ phoomyatchal

Post a Comment

0 Comments